Local News
ပုလဲမှ NUG စာသင်ကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပကဖ ထုတ်ပြန်
လွန်ခဲ့သော ၂ နှစ် က
ဖေဖော်ဝါရီ - ၁၉
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလပညာရေး စာသင်ကျောင်း အပါအဝင် လူနေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ပုလဲဂျိုကာ PDF အဖွဲ့က ထုတ်ပြန်ထားသည်။
စနေနေ့က အင်မထီးရွာ ပျူစောထီး စခန်းမှ ထွက်ခွာလာသည့် စစ်တပ်စစ်ကြောင်းက မင်းတိုင်ပင်ရွာရှိ NUG ၏ စာသင်ကျောင်းအပါအဝင် နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆိုထားသည်။
ဒေသမီဒီယာတစ်ခုဖြစ်သည့် Pale Entertainment ကလည်း စစ်တပ်က ပုလဲမြို့တွင်းရှိ ကျေးရွာများကို ဖေဖော်ဝါရီ ၁၂ ရက်မှ စတင်ပြီး စစ်ကြောင်းထိုး မီးရှို့နေကြောင်း ဆိုထားသည်။
လက်ရှိတွင် စစ်အုပ်စု၏ စစ်ကြောင်းက နှောရိုးကျေးရွာတွင်းသို့ စစ်ကြောင်းထိုးနေကြောင်းလည်း ဒေသတွင်း မီဒီယာများက ထုတ်ပြန်ထားသည်။
Photo - Pale Jokers PDF
Related Articles
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၁ ရက် က