bap-logo
Politics

KNU ကွန်ဂရက် ထုတ်ပြန်ချက်သည် ထိပ်တိုက်ရင်ဆိုင်မှုလမ်းကြောင်းဆီ ဦးတည်နေကြောင်း သတိပေးခံရ

SdxzkNi3wXx31nh6_jM9a-image

လွန်ခဲ့သော တစ်နှစ် က

မေ ၁၀။

ကရင်အမျိုးသားအစည်းအရုံး၏ ကွန်ဂရက်အပြီး ထုတ်ပြန်ချက်သည် NCA ပြဌာန်းချက်ကို ဆန့်ကျင်နေပြီး ထိပ်တိုက်ရင်ဆိုင်မှုလမ်းကြောင်းဆီ ဦးတည်နေကြောင်း စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက မေလ ၁၀ ရက်ထုတ် သတင်းစာတွင် သတိပေးထားသည်။

 

ကေအဲန်ယူက စစ်တပ်အာဏာသိမ်းယူမှု၊ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး အတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက် မည်ဟု ထုတ်ပြန်ထားခြင်း ဖြစ်သည်။

 

ကေအဲန်ယူသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ များကို တရားဝင် တက်ရောက်ခြင်း မရှိခဲ့သည့်အပြင် အာဏာရှင်စနစ်အမြစ်ပြတ်ရေး တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းသွားမည်ဟု အတိအလင်းကြေညာထားသည့် အဖွဲ့အစည်းဖြစ်သည်။

 

အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူထိန်းချုပ်ရာဒေသသည် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ် တို့ အကြား တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့သည်။

 

ပုံစာ- လုံခြုံရေးဆောင်ရွက်နေသည့် KNLA စစ်သားတစ်ဦး

 

Burma Associated Press

စစ်ကောင်စီ
ကေအဲန်ယူ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်

Share With
bap-logo