bap-logo
Politics

PDF များ လက်နက်နှင့် အလင်းဝင်ပါက ဆုကြေးပေးမည်ဟု စစ်ကောင်စီ ဆွဲဆောင်

vQ9_XQhPrsIkQbYJTpcyI-image

လွန်ခဲ့သော တစ်နှစ် က

မေ ၁၀။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ လက်နက်နှင့်တကွ အလင်းဝင်မည် ဆိုပါက ဆုကြေးပေးမည်ဟု စစ်ကောင်စီက ဆွဲဆောင်လာခဲ့သည်။

 

စိန်ပြောင်း၊ လောင်ချာ၊ အာပီဂျီ ကဲ့သို့သော လက်နက်များကို စစ်ကောင်စီက ကျပ် ၇၅ သိန်းအထိ ပေးမည်ဟု ဆိုထားပြီး စကားပြောစက်မှသည် လက်နက် အမျိုးအစားအလိုက် ကျပ်ငွေ သိန်းမှ စ၍ ၇၅ သိန်းအထိ ပေးမည်ဟု ယနေ့ မေလ ၁၀ ရက် ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

 

အလင်းဝင်လာသူများသည် လူသတ်မှု၊ မုဒိမ်းမှု၊ သူတစ်ပါးအပေါ် ထိခိုက်နစ်နာစေမှု စသည့်ပြစ်မှု တစ်ခုခု ကျူးလွန်ထားသူဖြစ်ပါက ဥပဒေအရ တရားရုံးတွင် ရင်ဆိုင်ရမည်ဟုဆိုသည်။ အဆိုပါ အမှုရင်ဆိုင်သူများ အတွက် ဥပဒေကြောင်းအရ ဖြေလျော့မှုများ ပြုလုပ်ပေးမည်ဟုလည်း ဆွဲဆောင်လာခဲ့သည်။

 

အခြားတစ်ဖက်တွင်လည်း စစ်ကကောင်စီက လူပုဂ္ဂိုလ်လုံခြုံရေးအရ တရားမဝင်ကိုင်ဆောင်ထားသည့် လက်နက်ခဲယမ်းများကို လိုင်စင် လျှောက်ထားရန်ထပ်မံ အသိပေးထားပြီး ကိုင်ဆောင်ထားသည့် လက်နက်ကို မည်သို့မည်ပုံရရှိခဲ့သည်ကို မေးမြန်းမည်မဟုတ်ဘဲ လျှောက်ထားခွင့်ပြုမည်ဟုဆိုလာသည်။

 

စစ်ကောင်စီသည် နွေဦးတော်လှန်ရေးကာလတလျှောက် ခုခံတော်လှန်စစ်များနှင့် ရင်ဆိုင်နေရကာ ကရင်၊ ကယား၊ ချင်း၊ ကချင် ဒေသများတွင် ယင်းတို့၏ အခြေစိုက်စခန်းများကို ဆုံးရှုံးရသည့်အပြင် သံချပ်ကာ ယာဉ်များ အပါအဝင် လူသူလက်နက်အင်အား အများအပြားဆုံးရှုံးမှုများနှင့်လည်း ရင်ဆိုင်နေရသည်။

 

ထို့အပြင် အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီဘက်မှ ဘက်ပြောင်းလာသည့် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင် ၁၃,၀၀၀ ကျော်ရှိသည်ဟု အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်ထားသည်။

 

ပုံစာ - ကရင်နီဒေသ တိုက်ပွဲတစ်ခုတွင် စစ်ကောင်စီဆုံးရှုံးခဲ့သည့် လက်နက် ခဲယမ်းများ (ဓာတ်ပုံ- KnIC)

 

Burma Associated Press

 

စစ်ကောင်စီ
ပီဒီအက်ဖ်

Share With
bap-logo