bap-logo
Politics

မြန်မာ့အရေးဖြေရှင်းနိုင်ရန် သံတမန်ရေးအရ တိတ်တဆိတ်ကြိုးပမ်းမှုများကို အင်ဒိုနိုင်ငံ ခြား‌ရေး ဝန်ကြီး ထုတ်ဖေါ်ပြောဆို

1lixsrAkiAXjtNh110NXa-image

လွန်ခဲ့သော တစ်နှစ် က

မေ ၅။

အင်ဒိုနီးရှားအနေနဲ့ မြန်မာမှာအရှိန်တိုးဖြစ်ပွားလာတဲ့ အကြမ်းဖက်မှုတွေအတွက် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဥ် တစ်ရပ်ကို အကောင်အထည်ဖေါ်နိုင်ဖို့ရာ အမျိုးသားညီညွတ်ရေးအစိုးရ အာဏာသိမ်းစစ်အုပ်စု၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနဲ့ စေ့စပ်ဆွေးနွေးမှုများလုပ်နေခဲ့သည်မှာ လပေါင်းများစွာ ရှိနေပြီဖြစ်ကြောင်း အင်ဒို နိုင်ငံခြားရေးဝန်ကြီးက ဆိုခဲ့ပါတယ်။

 

အာဆီယံရဲ့အလှည့်ကျဥက္ကဌအနေနဲ့ အင်ဒိုနီးရှားက မြန်မာ့အကျပ်အတည်းကို အရှိန်လျော့လာဖို့ရာ နောက်ကွယ် က စူးစူးစိုက်စိုက်နဲ့ လုပ်ကိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြား‌ရေးဝန်ကြီး ရန့်နို မာဆူဒီ (Retno Marsudi) က တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ဆိုခဲ့ပါတယ်။ ၎င်းရဲ့ယခုကဲ့သို့ပြောဆိုမှုဟာ မြန်မာ့အရေးမှာ အဓိကပါဝင်နေတဲ့ သူတွေကို စုစည်းနိုင်ဖို့ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းမှုကို ပထမဆုံးအကြိမ် ထုတ်ဖေါ်ပြေဆိုလိုက်ခြင်းလည်း ဖြစ်ပါတယ်။

 

မြန်မာ့အရေးမှာ မတူတဲ့အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေကို အသေးစိတ်ပြောပြဖို့ရန် ရန့်နိုက ငြင်းခဲ့ ပေမယ့် အင်ဒိုနီးရှား သံတမန်တွေအနေနဲ့ အဖွဲ့စုံနဲ့ စေ့စပ်ဆွေးနွေးမှု အကြိမ်ပေါင်း ၆၀ ကျော်ကို လုပ်ဆောင်ခဲ့ ပြီး ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

 

အာဆီယံ နဲ့ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်အကြား လွန်ခဲ့တဲ့ နှစ် နှစ်က ရရှိထားတဲ့ ဘုံသဘော တူညီချက် ချက်ကို စစ်အုပ်စုက အကောင်အထည် ဖေါ်ရန်ပျက်ကွက်တဲ့အပေါ်မှာ ယခုကဲ့သို့သော အင်ဒိုနီးရှားရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

 

ကျွန်မတို့ လူစုံနီးပါးနဲ့ ပြောဆိုဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးပါပြီ။ စကစ၊ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေရောပေါ့ဒါက ဘုံသဘော တူညီ ချက် ချက်မှာ ဖေါ်ပြထားသကဲ့သို့ပါပဲ။ အလုံးစုံ ပါဝင်နိုင်ဖို့ ကျွန်မတို့ တတ်နိုင်သရွေ့တော့ ကြိုးစားထားကြပါတယ်လို့ ရန့်နို က ဆိုခဲ့ပါတယ်။

 

ရန့်နိုနဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်အုပ်စုနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကို ဆက်သွယ်ခဲ့ပေမယ့် ၎င်းတို့ရဲ့တုန့်ပြန်ပြောကြားမှုတွေကိုတော့ မရရှိသေးပါဘူး။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက် အာဆီယံ ဥက္ကဌနဲ့ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်လျက်ရှိကြောင်းကို တော့ NUG ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ ဆိုခဲ့ပါတယ်။

 

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီမှာ စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းပိုက်ခဲ့ပြီးကတည်းက မြန်မာဟာ အဖက်ဖက်က ယိုယွင်းပျက်စီးခဲ့ရပြီး တိုင်းပြည်စီးပွား‌ရေးလည်း ပြိုလဲခဲ့ရပါတယ်။ အတိုက်အခံတွေကို စစ်တပ်က အကြမ်း ဖက်နှိမ်နင်းခဲ့မှုတွေကြောင့်လည်း တချို့က ပြည်ပနိုင်ငံများကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး တချို့ကလည်း NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်ဖြစ်တဲ့ နိုင်ငံအနှံ့က တော်လှန်‌ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ကာ လက်နက်စွဲကိုင်ခဲ့ပါတယ်။

 

မြန်မာ့နိုင်ငံ‌ရေးအင်အားစုတွေအကြား ပေါင်းကူးတံတားတစ်စင်း တည်ဆောက်နိုင်ဖို့ အင်ဒိုနီးရှားက ဆက်လက် ကြိုးပမ်းနေပါတယ်လို့ ရန့်နို က ဆိုခဲ့ပါတယ်။

 

အတိုက်အခံတွေအပေါ် စစ်‌‌ရေးအရ တိုက်ခိုက်နှိမ်နင်းနေပြီး တိုးတက်တဲ့ အခြေအနေတွေကင်းမဲ့နေတဲ့ အာဏာသိမ်းစစ်အုပ်စုအပေါ် စိတ်ရှည် သည်းခံမှုတွေ လျော့နည်းလာနေပြီဖြစ်သော အာဆီယံ ခေါင်းဆောင် တွေနဲ့ အင်ဒိုနီးရှားမှာ ရှေ့အပတ်တွေထဲ တွေ့ဆုံဖို့ရှိကြောင်းကိုပါ ရန့်နို က ဆိုခဲ့ပါတယ်။

 

မြန်မာမှာအခြေအနေတွေ တိုးတက်ကောင်းမွန်လာတဲ့အထိ မြန်မာစစ်ဗိုလ်တွေက အာဆီယံရဲ့ အဆင့်မြင့် အစည်းအဝေးတွေကို တက်‌ရောက်ခြင်းကနေ အာဆီယံက ပိတ်ပိင်ထားပါတယ်။

 

အင်ဒိုနီးရှားရဲ့ တိတ်တဆိတ်လှုပ်ရှားနေတဲ့ သံတမန်‌ရေးနဲ့အတူ အိန္ဒိယနဲ့ တရုတ်တို့အပါအဝင် မြန်မာရဲ့ အိမ်နီးချင်း တချို့ကလည်း မြန်မာ့အရေးကို ဖြေရှင်းနိုင်ရန် ဒုတိယအကြိမ်ကြိုးပမ်းမှုအဖြစ် မြန်မာ ကိုယ်စားလှယ်များနဲ့ နယူးဒေလီမှာ ပြီးခဲ့တဲ့လက တွေ့ဆုံခဲ့ပါသေးတယ်။

 

ပုံစာ - အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရန့်နို မာဆူဒီ

ပုံ - လူမှုကွန်ရက်

 

Burma Associated Press

 

မြန်မာ
အင်ဒိုနီးရှား

Share With
bap-logo