bap-logo
Politics

၂၀၂၆ ခုနှစ်တွင် အာဆီယံကို မြန်မာ ဦးဆောင်ခွင့် မရရှိသည့် စစ်ဗိုလ်ချုပ်များအပေါ် ထိုးနှက်ချက်

eMIoKFuSLrWEW9IVjD9U4-image

လွန်ခဲ့သော တစ်နှစ် က

အရှေ့တောင်အာရှခေါင်းဆောင်များက ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျ ခေါင်းဆောင် အဖြစ် မြန်မာနိုင်ငံအလှည့်ကို မပေးရန် ဆုံးဖြတ်လိုက်ကြသည်ဟု အာရှသံတမန်များနှင့် ခေါင်းဆောင်များက အင်္ဂါနေ့တွင် ပြောကြားသည်။

 

ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းသည် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိလိုသည့် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်း ယူခဲ့သော စစ်ဗိုလ်ချုပ်များအပေါ် ထိုးနှက်ချက်ပင်ဖြစ်သည်။

 

ဖိလစ်ပိုင်နိုင်ငံက အာဆီယံဥက္ကဌနေရာကို ၂၀၂၆ ခုနှစ်တွင် ရယူရန် သဘောတူသည်ဟု အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့တော်တွင် လက်ခံကျင်းပနေသော အာဆီယံထိပ်သီးအစည်းအဝေးတွင် အခြား ခေါင်းဆောင်များ ဖြင့် တံခါးပိတ်အစည်းအဝေးအတွင်း ပြောကြားခဲ့ကြောင်း Ferdinand Marcos Jr. က ထုတ်ပြန်ချက်တစ်ခုဖြင့် ပြောကြားသည်။

 

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ် အာဆီယံပဲ့ကိုင်နှင့် ဥက္ကဌတာဝန်ကို ရယူရန် အဆင်သင့် ဖြစ်နေကြောင်း မိမိအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြေငြာအပ်ပါသည်။

 

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ် အာဆီယံပဲ့ကိုင်နှင့် ဥက္ကဌတာဝန်ကို ရယူရန် အဆင်သင့် ဖြစ်နေကြောင်း မိမိအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြေငြာအပ်ပါသည်။ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

 

Marcos က မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဌတာဝန်နှင့် လွဲချော်ရသည်ကို ရှင်းလင်း ဖော်ပြထားခြင်းမရှိပါ။ သို့သော် မြန်မာနိုင်ငံမှ ပြည်တွင်းပဋိပက္ခများနှင့် မြန်မာနိုင်ငံတွင် စစ်တပ်ဦးဆောင်မှုကို အသိအမှတ်မပြုသည့် အမေရိကန်နိုင်ငံ၊ ဥရောပသမဂ္ဂအပါအဝင် အခြားနိုင်ငံများနှင့် အာဆီယံ၏ ဆက်ဆံရေးထိခိုက်မည် စိုးရိမ်ခြင်းတို့နှင့် ဆက်နွယ်သည်ဟု အာဆီယံသံတမန်နှစ်ဦးက The Associated Press ကို ပြောသည်။

 

၎င်း သံတမန်များက အများသိအောင် ပြောကြားရန် ခွင့်ပြုချက်မရသဖြင့် အမည်လျှို့ဝှက် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

အင်္ဂါနေ့က ကျင်းပခဲ့သော အာဆီယံ အစည်းအဝေးတွင် မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခနှင့် ကာလကြာရှည်ဖြစ်ပွားနေသော တောင်တရုတ်ပင်လယ်မှ နယ်မြေအငြင်းပွားမှုတို့က အဓိက နေရာယူခဲ့သည်။

 

အမေရိကန်-တရုတ် ဒေသတွင်း အားပြိုင်မှုကြောင့် အာဆီယံကို ခွဲခြားစေခြင်းအပါအဝင် ဆူးချွန်နှင့်တူသည့် အရေးကိစ္စများအတွက် အင်ဒိုနီးရှားသမ္မတ Joko Widodo က ညီညွတ်ကြရန် ထပ်လောင်း ပြောကြားသည်။

 

ကျွန်ုပ်တို့အားလုံး ကမ္ဘာကြီး ကြုံတွေ့နေရသော ယနေ့ စိန်ခေါ်မှုများ၏ ပမာဏကို သိရှိကြကြောင်း၊ ၎င်းကို ရင်ဆိုင်ရန် အာဆီယံ၏ စုစည်းမှုနှင့် ဗဟိုချက်ကျမှုမှာ အဓိကဖြစ်ကြောင်း” Widodo က အခြားခေါင်းဆောင်များကို ပြောကြားသည်။

 

အာဆီယံအဖွဲ့ကို အရှေ့တောင်အာရှလူထုကို သယ်ဆောင်ထားသည့် သင်္ဘောကြီးတစ်စီးဖြင့် နှိုင်းယှဉ် ပြောကြားခဲ့သည်။ "အာဆီယံခေါင်းဆောင်တွေဟာ သင်္ဘောကြီး ဆက်လက်ရွေ့လျားနေရန်၊ ရွက်လွှင့်နိုင်ရန် အခိုင်အမာလုပ်ဆောင်ရမည်။” ဟု Widodo က ပြောသည်။ "ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေး သယ်ဆောင်ရန်၊ တည်ငြိမ်မှု သယ်ဆောင်ရန်၊ မျှဝေပိုင်ဆိုင်သည့် ချမ်းသာကြွယ်ဝမှု သယ်ဆောင်ရန် ကျွန်ုပ်တို့ သင်္ဘောများ၏ မာလိန်မှုး ဖြစ်ရမည်။ဟု ဆိုသည်။

 

၂၀၂၁ ခုနှစ်တွင် အာဆီယံခေါင်းဆောင်များ သတ်မှတ်ထားသည့် ဘုံသဘောတူညီချက် ငါးရပ်ကို မလိုက်နာသည့်အတွက် မြန်မာ ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့ခန့်အပ်သည့် အရာရှိများကို ယခုနှစ် ဂျကာတာ ထိပ်သီးအစည်းအဝေးများမှ တားမြစ်ပိတ်ပင်ခဲ့ပြီး အချို့အဖွဲ့ဝင်နိုင်ငံများကမူ ငြင်းပယ်မှုက မြန်မာ့အကျပ်အတည်းကို မဖြေရှင်းနိုင်သည့်အတွက် ပြန်လည် လက်ခံရန် အကြံပြုကြသည်။

 

အကျပ်အတည်း အဆုံးသတ်စေရေး တိုးတက်မှု တစုံတရာ မရှိသော်လည်း အင်ဒိုနီးရှား နိုင်ငံခြား ရေးဝန်ကြီး Retno Marsudi က အာဆီယံခေါင်းဆောင်များသည် ဘုံသဘောတူညီချက်အတိုင်း ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ပြောကြားသည်။ ယခင် ဥက္ကဌ၊ လက်ရှိ ဥက္ကဌနှင့် ဆက်လက်တာဝန်ယူမည့် ဥက္ကဌတို့သည် မြန်မာနိုင်ငံ မတည်ငြိမ်မှုကို တိုက်ရိုက် ဖြေရှင်းရမည်ဟု သတင်းထောက်များကို ပြောကြားသည်။

 

မြန်မာစစ်ဗိုလ်ချုပ်များကို အာဆီယံအဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခြင်းမှ ဆက်လက် တားမြစ်ပိတ်ပင်ထားမည်ဟု Marsudi က ပြောကြားသည်။

 

မြန်မာစစ်ဗိုလ်ချုပ်များကို အာဆီယံအဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခြင်းမှ ဆက်လက် တားမြစ်ပိတ်ပင်ထားမည်ဟု Marsudi က ပြောကြားသည်။

 

အင်္ဂါနေ့ ထိပ်သီးအစည်းအဝေးပြီးဆုံးလျှင် ဒေသတွင်း ခေါင်းဆောင်များသည် အမေရိကန် သမ္မတ Joe Biden ကိုယ်စား တက်ရောက်သည့် ဒုသမ္မတ amala Harris တရုတ်နိုင်ငံခြားရေးအကြီးအကဲ Li Qiang နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov အပါအဝင် အာရှနှင့် အနောက်နိုင်ငံများမှ သက်ဆိုင်ရာ ခေါင်းဆောင်များနှင့် ဗုဒ္ဓဟူးနေ့မှ ကြာသပတေးနေ့အထိ ဆက်လက်တွေ့ဆုံမည် ဖြစ်သည်။

 

ပျက်စီးနေသော ဖူကူရှီးမာ နျူကလီးယား ဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွ စွန့်ပစ်ရေများကို ပင်လယ်အတွင်း စွန့်ထုတ်မှုသည် ဘေးကင်းသည်မှာ သေချာစေရန် စီမံထားကြောင်း ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ဂျကာတာသို့ မသွားရောက်မီ ပြောကြားသည်။ စွန့်ထုတ်မှုကို ဩဂုတ်လ ၂၄ ရက်နေ့တွင် စတင်ခဲ့ပြီး တရုတ်နိုင်ငံက ဂျပန်ပင်လယ်စာများအားလုံးကို ချက်ချင်း ပိတ်ပင်ခဲ့သည်။

 

ဂျကာတာတွင် တရုတ်နိုင်ငံခြားရေးအကြီးအကဲ Li နှင့် တွေ့ဆုံရန် ဖြစ်နိုင်ချေကို မေးမြန်းရာတွင် ဆုံးဖြတ်ချက် မချရသေးကြောင်း Kishida က ပြောကြားသည်။

 

စွန့်ပစ်ရေများ စတင် စွန့်ထုတ်ပြီးနောက် Kishida နှင့် အခြားသော အစိုးရအဖွဲ့ဝင် ဝန်ကြီးသုံးဦးသည် ဖူကူရှီးမားကမ်းခြေထွက် ငါးခွေးလျှာ၊ ရေဘဝဲနှင့် ပင်လယ်ထွက် ဆာရှိမိတို့ကို စားသုံးကာ ၎င်းအစားအစာများ ဘေးကင်းကြောင်း ပြသအားထုတ်ခဲ့ကြသည်။

 

တောင်တရုတ်ပင်လယ် နယ်မြေအငြင်းပွားမှုအပေါ်တွင် အာဆီယံခေါင်းဆောင်များက "အပြန်အလှန် စိတ်ချရမှုနှင့် ယုံကြည်မှု တိုးမြှင့်ရန်၊ အငြင်းပွားမှု အခြေအနေ ရှုပ်ထွေးစေမည့် သို့မဟုတ် တိုးပွားစေမည့် လုပ်ဆောင်ချက်များကို ကိုယ်တိုင်စောင့်ထိန်းချုပ်ကြရန်၊ အခြေအနေကို ပိုမိုရှုပ်ထွေးစေမည့် လုပ်ရပ်များ ရှောင်ရှားကြရန် ထပ်မံအတည်ပြုခဲ့ကြသည်။” ဟု အခြားခေါင်းဆောင်များကိုယ်စား Widodo က ထိပ်သီးအစည်းအဝေးအပြီး ကြေငြာချက်တွင် ဖော်ပြထားသည်။

 

အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဘရူနိုင်းနိုင်ငံတို့သည် တရုတတ်နိုင်ငံက တစ်ခုလုံးနီးပါး ပိုင်ဆိုင်သည်ဟု တောင်းဆိုထားသော တောင်တရုတ်ပင်လယ်တွင် နယ်မြေအငြင်းပွားမှုအတွင်း ပါဝင်ကြသည်။

 

အချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံများ စိုးရိမ်ကြသည့် နယ်မြေပြန်လည်တောင်းဆိုမှု၊ လှုပ်ရှားမှုများ၊ ဒေသတွင်း အလေးအနက်ထားရမည့် အဖြစ်အပျက်များ၊ စိတ်ချ၊ ယုံကြည်ရမှုကို ပြိုလဲစေပြီး တင်းမာမှုကို တိုးမြင့်စေသည့် အားလုံးအတွက် အန္တရာယ်ကျရောက်စေနိုင်မည့် လုပ်ရပ်များ၊ ရေကြောင်းပတ်ဝန်းကျင် ထိခိုက်မှုအပါအဝင်၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေး ပျက်ပြားစေမည့် တောင်တရုတ်ပင်လယ်အခြေအနေကို ကျွန်ုပ်တို့ ဆွေးနွေးခဲ့ကြသည်။” ဟု ယခင် ကြေငြာချက်များတွင် ဖော်ပြခဲ့သည်တို့နှင့် ဆင်တူရိုးမှားစကားလုံးများ အတိုင်း ခေါင်းဆောင်များက ပြောကြားရန် ပြင်ဆင်ထားခဲ့ကြသည်။

 

ကိုးကား - The Associated Press

ပုံစာ - စက်တင်ဘာလ ၅ ရက် ၂၀၂၃ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးမှ လစ်ဟာနေသော မြန်မာထိုင်ခုံ။ (Photo: Mast Irham/Pool Photo via AP )

 

တောင်တရုတ်ပင်လယ်
ဖူကူရှီးမား
အာဆီယံ
မြန်မာ
အာဆီယံ ဥက္ကဌ

Share With
bap-logo