bap-logo
Politics

ဂျပန်တွင် ၇.၅ မက်ဂနီကျု ငလျင်လှုပ်ခတ်ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်

PyvCRVQPP339EKNKdAtby-image

လွန်ခဲ့သော ၉ လ က

 

ဂျပန်နိုင်ငံအနောက်ပိုင်း၌ တနင်္လာနေ့ နေ့လည်ပိုင်းတွင် . မက်ဂနီကျု ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီ သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးအေဂျင်စီနှင့် ဂျပန် မိုးလေဝသ အေဂျင်စီတို့ထံမှ သိရသည်။

 

ငလျင်သည် ဒေသစံတော်ချိန် ညနေ ၄း၁၀ ဝန်းကျင်တွင် မြေအောက် အနက် ၁၀ ကီလိုမီတာ ( မိုင်) Ishikawa စီရင်စုရှိ Anamizu အရှေ့မြောက်ဘက်တွင် လှုပ်ခတ်ခဲ့ကြောင်း USGS ထံမှ သိရသည်။

 

ဂျပန်မိုးလေဝသအေဂျင်စီက ဂျပန်နိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းဒေသများအတွက် ဆူနာမီသတိပေးချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။

 

အင်အားကောင်းသော ငလျင်၏ နောက်ဆက်တွဲ အင်အားပြင်းသည့် ငလျင်များလည်း ဆက်လက် လှုပ်ခတ်ခဲ့သည်ဟု USGS က ထုတ်ပြန်သည်။

 

Anamizu အနောက်တောင်ဘက် ကီလိုမီတာ (. မိုင်) အကွာ၌ ဒေသစံတော်ချိန် ညနေ ၄း၁၈ အချိန်တွင် မြေအောက်အနက် ၁၀ ကီလိုမီတာ ( မိုင်)အတွင်း . မက်ဂနီကျု နောက်ဆက်တွဲ ငလျင် လှုပ်ခတ်ခဲ့သည်ဟု USGS က ဆိုသည်။

 

Anamizu အရှေ့မြောက်ဘက် ၅၈ ကီလိုမီတာ (၃၆ မိုင်) အကွာတွင်လည်း . မက်ဂနီကျု နောက်ဆက်တွဲ ငလျင်လှုပ်ခတ်ခဲ့သည်ဟု တင်ပြခဲ့သည်။

 

ဂျပန်မှ Kansai Electric က ဒေသတွင်းရှိ နျူကလီးယားစက်ရုံတွင် မူမမှန်မှု မရှိကြောင်း X တွင် ထုတ်ပြန်ခဲ့သည်။

 

ကိုးကား - CNN

ပုံစာ - ဇန်နဝါရီလ ရက် ၂၀၂၄ ခုနှစ် ငလျင်လှုပ်ခတ်ပြီးနောက် Ishikawa စီရင်စု၊ Wajima မြို့မှ လူအများ ဘေးကင်းရာသို့ ထွက်ခွာနေကြစဉ်။ (Photo: Yusuke Fukuhara/The Yomiuri Shimbun)

 

Burma Associated Press

ဂျပန်
ငလျင်
ဆူနာမီ

Share With
bap-logo