bap-logo
Data

နှစ်ပတ်အတွင်း ပြည်နယ် သုံးခုက လူဦးရေ နှစ်သောင်းနီးပါး အိုးအိမ် စွန့်ခွာထွက်ပြေးနေရ

CpBS_zSouX6zKiabwBasW-image

လွန်ခဲ့သော တစ်နှစ် က

စက်တင်ဘာ ၂၇။

ဆက်လက်ပြင်းထန်လာနေတဲ့ တိုက်ပွဲတွေကြောင့် စက်တင်ဘာ ၁၄ ရက်ကစပြီး ဒီကနေ့အထိ ပြည်နယ် သုံးခုက လူဦးရေ နှစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး- UNOCHA Myanmar ကနေတဆင့် သိရပါတယ်။

 

ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်က လူဦးရေ ၁၇,၇၁၀ ထက်မနည်း စစ်ရှောင်နေရတာဖြစ်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တခြားကယ်ဆယ်ရေး ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

 

မြန်မာမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူပေါင်း . သန်းကျော်ရှိပြီး အဲ့ထဲက လူဦးရေ ဒသမ သန်းနီးပါးကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသူတွေ ဖြစ်တယ်လို့ UNOCHA Myanmar ရဲ့ စက်တင်ဘာလအတွင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ပုံစာ- ကရင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များ

 

Burma Associated Press

ကရင်
ဒုက္ခသည်

Share With
bap-logo