bap-logo
Data

ကရင်တွင် တစ်ပတ်အတွင်း စစ်တပ်ဘက်က ၂၃ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရ၊ ၁၁ ဦး အရှင်ဖမ်းမိ

ORPNygvyejcUnQKXh7csV-image

လွန်ခဲ့သော တစ်နှစ် က

ဧပြီ ၂။

 

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ ၆ နယ်မြေအတွင်း မတ်လ ၂၅ မှ ၃၁ ရက်ထိ တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၂၃ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရ၊ ၁၁ ဦး အရှင်ဖမ်းမိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ယမန်နေ့က ထုတ်ပြန်သည်။

 

မြဝတီကုန်သွယ်ရေးဇုန်အနီးရှိ စစ်ကောင်စီတပ်ရင်းတို့အား တပ်မဟာ() KNU/KNLA ကော်ဘရာ စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings Golden Eagle ရောင်နီ စသည့် ပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၂၅ ရက်၌ စီးနင်းခဲ့သည့် တိုက်ပွဲတွင် ဗိုလ်ကြီး ဦး အပါအဝင် ၁၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

 

ထို့အပြင် ဒုရဲမှူး ဦး၊ တပ်ကြပ်ကြီး ဦး၊ တပ်ကြပ် ဦး၊ ဒုတပ်ကြပ် ဦး၊ တပ်သား ဦးနှင့် ဒုတပ်ကြပ် ဇနီး ဦးအပါအဝင် ၈ ဦး အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရ မိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

 

အဆိုပါတိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းမှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့သည်။

 

ရွှေမြစန္ဒီမြို့သစ်အား မတ်လ ၂၈ နှင့် ၂၉ ရက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြိမ်ရေ ၆၈ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ရာ နေအိမ် ၁၃ လုံးထိမှန်ပြီး လုံး မီးလောင်ပြာကျခဲ့သည်။

 

ပူးပေါင်းတပ်ဖွဲ့ဘက်မှ ဒရုန်းနှင့် စနိုက်ပါ အသုံးပြုပြီး ပြန်လည်ပစ်ခတ်ခဲ့သည့်အတွက် BGF ဦး၊ ဗိုလ်ကြီး ဦးနှင့် IO ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့သည်။

 

မြဝတီကုန်သွယ်ရေးဇုန်အနီး သင်္ကန်းညီနောင်ရဲစခန်းအား မတ်လ ၃၀ ရက်တွင် Sniper ဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့သည့်အပြင် နယ်ကျွံလာသည့် BGF ဗိုလ်ကြီး ဦးအပါအဝင် ဦး အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

 

မတ်လ ၃၁ ရက်တွင် စစ်ကောင်စီဘက်က လက်နက်ကြီး ၁၃၅ ကြိမ် ပစ်ခတ်ခဲ့ပြီး လူနေအိမ် အများအပြား မီးလောင်ခဲ့သည်။ ပူးပေါင်းတပ်ဖွဲ့ဘက်က ပြန်လည်တိုက်ခိုက်ရာတွင် BGF ဦး သေဆုံးပြီး ဦး ဒဏ်ရာ ရခဲ့သည်ဟု ဆိုထားသည်။

 

Burma Associated Press

ကရင်
KNU/KNLA
ကော်ဘရာ
ပဋိပက္ခ
စစ်သားများ
စစ်တပ်

Share With
bap-logo