bap-logo
Data

ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း ကျေးရွာ ၄၆ ရွာမှ ဒေသခံများ ရွာလုံးကျွတ် တိမ်းရှောင်နေရ

WI9p9bVXA7FXTyBK1eTav-image

လွန်ခဲ့သော ၂ နှစ် က

ကရင်၊ မတ် ၂၁။

 

ကေအန်ယူထိန်းချုပ်ရာ နယ်မြေများဖြစ်သည့် ခလယ်လွီထူခရိုင် တပ်မဟာ ၃၊ ဆောထိမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် မူးမြို့နယ်တို့တွင် မတ်လ ၁ ရက်မှ ၂၀ ရက်အထိ စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုနှင့် လူ့အခွင့်ရေး ချိုးဖောက်မှုများကြောင့် ကျေးရွာပေါင်း ၄၆ ရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရသည်ဟု KNUက ယနေ့ ထုတ်ပြန်သည်။

 

ဆောထိမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က မတ်လ ၁ ရက်မှ ၁၉ ရက်ထိ လက်နက် ကြီး ၂၆၁ လုံးထက်မနည်း ပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ကျေးရွာပေါင်း ၂၇ ရွာမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KNUက ဆိုသည်။

 

ထိုနည်းတူ မတ်လ ၁ ရက်မှ ၁၉ ရက်ထိ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီး ၁၈၁ လုံးထက်မနည်း ပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး ကျေးရွာပေါင်း ၁၂ ရွာမှ ပြည်သူ ၁၀,၂၂၁ ဦးမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်။

 

ထို့ပြင် မတ်လ ၁ ရက်မှ ၂၀ ရက်ထိ မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးအပြင် လက်နက်ကြီး တပ်ဆင်ထားသော ဒရုန်းများဖြင့် နေ့စဉ်ပစ်ခတ်မှုကြောင့် ကျေးရွာပေါင်း ရွာမှ ပြည်သူပေါင်း ၄,၁၅၂ ဦး ထွက်ပြေးတိမ်းရှောင်နေရသည်ဟုဆိုသည်။

 

စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ () လက်အောက်ရှိ တပ်ရင်း() တပ်ရင်း() ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း() Drone တပ်ဖွဲ့များ၊ ပူးပေါင်းတပ်များအကြား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်ဟု KNU၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

 

ပုံစာ - မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထိမှန်ခဲ့သည့်အဆောက်အဦတစ်ခု

 

Burma Associated Press

 

ကေအဲန်ယူ
အရပ်သား
ဒုက္ခသည်
စစ်ကောင်စီ

Share With
bap-logo