Data
အာဏာသိမ်းပြီးနောက် စစ်တပ်က နေအိမ် ပေါင်း ခြောက်သောင်းကျော်ကို မီးရှို့ခဲ့
လွန်ခဲ့သော ၂ နှစ် က
မတ် ၂၀
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်ထိ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက အရပ်သား ပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သုတေသနအဖွဲ့ Data for Myanmar က ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းတွင် နေအိမ် ၄၇,၇၇၈ လုံး အများဆုံးမီးရှို့ခံရခြင်းဖြစ်ကာ မကွေးတိုင်းတွင် ၉,၀၁၉ လုံး၊ ချင်းပြည်နယ်တွင် ၁,၄၈၅ လုံး၊ ကျန်တိုင်းနှင့် ပြည်နယ်များတွင် ၂,၁၇၇ လုံး မီးရှို့ခံခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။
ပုံစာ - စစ်ကောင်စီစစ်ကြောင်း ယခုလ ၁၇ ရက်က မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သမ္မာရိုးရွာ (ဓာတ်ပုံ- ဝက်လက်သပိတ် ကော်မတီ)
မြန်မာ
စစ်ကောင်စီ
အာဏာသိမ်း
စစ်တပ်
မီးရှို့ခံရ
Share With