bap-logo
​
Politics

နေပြည်​တော်မှ သူခိုး​များကို စစ်တပ်ထဲထည့်လိုက်ပြီး​နောက် ရွာတွင် ပစ္စည်းမ​ပျောက်​တော့

OH2nAUA_9O_iQwUFecHPb-image

လွန်ခဲ့သော ၂ နှစ် က

စက်တင်ဘာ ၁၂။

 

​နေပြည်​တော်၊ ပျဥ်းမနား၊ ​တောင်ညို​ဒေသမှာ​သောင်းကျန်း​နေတဲ့ သူခိုး​တွေကို စစ်မှုထမ်းဥပ​ဒေအရ စစ်တပ်ထဲထည့်လိုက်ပြီး​နောက် ရွာ​တွေမှာ ပစ္စည်းမ​ပျောက်​တော့ဘူးလို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

 

"အုပ်ချုပ်​ရေးမှူးနဲ့ ရပ်မိရပ်ဖ​တွေ တိုင်ပင်ပြီး ​ခြေစလက်စရှိတဲ့လူ​တွေကို ထည့်လိုက်တာ။ ဆင်းရဲလို့ လစာရ​အောင်ထည့်တဲ့ မိဘလည်း နည်းနည်းရှိတယ်၊ အများစုက သူခိုး​တွေပါ" လို့ တောင်ညို​ဒေသခံတစ်ဦးက ​ပြောပါတယ်။

 

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပ​ဒေကို ယခုနှစ်မှာ အသက်သွင်းလိုက်ပြီး​နောက် အမှတ်စဉ်တစ်ခုမှာ လူအယောက် ၅,၀၀၀ ခေါ်ယူမယ်လို့ ကြေညာခဲ့ပါတယ်။

 

ဒါ့အပြင် စစ်သင်တန်း အပတ်စဉ် ၁ ကနေ ၃ အထိ တပ်မတော်မိသားစုဝင်တွေ၊ တပ်မတော် ချစ်မြတ်နိုးသူတွေ၊ မိမိစိတ်ဆန္ဒနဲ့ အရင်ဦးဆုံး တာဝန်ထမ်းလိုသူ၊ မိမိစိတ်ဆန္ဒနဲ့ အမည်စာရင်း အရင်ဆုံးလာပေးသူတွေကိုသာ စိစစ်ရေးအဖွဲ့တွေက ဦးစားပေး လက်ခံသွားမယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

 

ဒါပေမယ့်လည်း မြေပြင်မှာတော့ ပထမအကြိမ် စစ်မှုထမ်းဖို့ ပြည်သူတွေထဲက စတင်ခေါ်ဆောင်ထားတာ ခံနေရပါတယ်။

 

ပြည်သူ့စစ်မှုထမ်းဥပဒေအရ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အကျုံးဝင်နေသူ ၁၄ သန်းဝန်းကျင် (အမျိုးသား ၆ ဒသမ ၃ သန်းနဲ့ အမျိုးသမီး ၇ ဒသမ ၇ သန်း) ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

 

Burma Associated Press

နေပြည်တော်
သူခိုး
စစ်တပ်

Share With
bap-logo