Politics
အင်းစိန်ထောင်ဆေးရုံမှာ နိုင်ကျဥ်းတစ်ဦး မုဒိမ်းပြုကျင့်ခံရ
လွန်ခဲ့သော ၅ လ က
စက်တင်ဘာ ၄။
ရန်ကုန်မြို့၊ အင်းစိန်ထောင်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းသား အခန်းလူကြီးက မုဒိမ်းပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
အင်းစိန်ထောင်အတွင်းဆေးရုံက တီဘီရောဂါသမားတွေထားတဲ့ အခန်းမှာ ဩဂုတ်လ ၂၀ ရက် မနက် ၃ နာရီဝန်းကျင်က အလိုမတူဘဲ ခြိမ်းခြောက်ထိုးကြိတ်ကာ မုဒိမ်းပြုကျင့်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
"ဒီကိစ္စဟာ ထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်တဲ့ ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်၊ ဒါကိုအရေးယူဆောင်ရွက်ခြင်းမပြုဘဲထားမယ်ဆိုရင် ထောင်အတွင်းက လူကြီးတွေကိုယ်တိုင် အားပေးအားမြှောက်ခြင်းဖြစ်တယ်၊ မဖြစ်ဖို့အတွက် ထောင်တွင်းတရားရုံး၊ ပြင်ပတရားရုံးကနေ အမြန်ဆုံးလုပ်ဆောင်ပါ "လို့ ပြောပါတယ်။
ကျူးလွန်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသားဟာ ပုဒ်မ(၅၀)ညနဲ့ ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသူ အသက်(၂၅)နှစ်အရွယ်ဖြစ်ပါတယ်။
အဓ္ဓမပြုကျင့်သူက ပုဒ်မ ၃၇၆ မုဒိန်းမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံနေရတဲ့ အကျဉ်းသားအခန်းလူကြီးဖြစ်တယ်လို့ဆိုပါတယ်။
နစ်နာသူအတွက် ကျူးလွန်ခဲ့သူ အခန်းသူကြီးကို ထိရောက်တဲ့ အပြစ်ပေးအရေးယူဆောင်ရွက်မှု မရှိခဲ့တဲ့အပြင် မုဒိမ်းမှုဖြစ်ပွားခဲ့တဲ့ သတင်းကို ဖုံးကွယ်ပေးခဲ့တယ်လို့ဆိုပါတယ်။
ဒီသတင်းကို ထောင်ပြင်ပနဲ့ အကျဉ်းထောင်အတွင်း ပေါက်ကြားပါက ကျူးလွန်ခံရသူနဲ့ ကျူးလွန်သူနှစ်ဦးစလုံးကို တိုက်ပိတ်အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆို နှုတ်ပိတ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ပြောပါတယ်။
"ဒီဖြစ်စဥ်တွေကို ကျွန်တော်တို့ ထုတ်ပြန်ပြီးတော့ ပြည်သူတွေ သိရှိစေဖို့ သတင်းစကားပေးထားခြင်းဖြစ်တယ်၊ တစ်ဖက်ကနေလည်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို ဒေတာအတိအကျနဲ့ ပြုလုပ်ခံရတဲ့ဖြစ်စဥ်အသေးစိတ် ပေးပို့သွားမှာဖြစ်ပါတယ်၊ ကျူးလွန်ခံရတဲ့သူရဲ့ နာမည်ကိုတော့ လူ့ဂုဏ်သိက္ခာအရ ချန်လှပ်ထားခြင်းဖြစ်ပါတယ်" လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးကပြောပါတယ်။
ဒါ့အပြင် အဆောင်မှူးနဲ့ အင်းစိန်ထောင်ပိုင်တို့ဟာအဆောင်အတွင်း ငွေကြေးရယူကာ ရာဇဝတ်အကျဉ်းသားတွေကို အကျဉ်းသားအချင်းချင်း အုပ်ချုပ်ရတဲ့ ရာထူးအာဏာတွေပေးထားတယ်လို့ဆိုပါတယ်။
အဆိုပါရာဇဝတ်အကျဥ်းသားတွေက နိုင်ငံရေးအကျဉ်းသားတွေကို လူမဆန်စွာ ဆက်ဆံတာ၊ ရိုက်နှက်တာ၊ ခြိမ်းခြောက်ငွေညှစ်တာ၊ အလိုမတူဘဲ မုဒိမ်းပြုကျင့်တာ စတဲ့ အမှုတွေကို အာဏာပိုင်တွေက ဖုံးကွယ်ပေးထားတယ်လို့လည်း ဆိုပါတယ်။
Related Articles
- TNLA ထိန်းချုပ်တားတဲ့ မန်တုံကို စစ်ကောင်စီဗုံးကြဲ
- ကော့ကရိတ်မြို့ အထပ်မြင့်များပေါ်တွင်ပါ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထား
- ပြည်သူ့လုံခြုံရေးဖွဲ့ဖို့ စစ်ကောင်စီပြောလာပြီးနောက် ရန်ကုန်မှာ လူဦးရေစာရင်း ထပ်ကောက်
- စစ်ကောင်စီက မီတာခ နှစ်ဆတိုးကောက်၊ ရွှေထည် ရောင်းချ တင်သွင်းတာကနေလည်း ၃ ရာခိုင်နှုန်း အခွန်ကောက်မယ်
Top News
လွန်ခဲ့သော ၃ ရက် က