Politics
TNLA ထိန်းချုပ်တားတဲ့ မန်တုံကို စစ်ကောင်စီဗုံးကြဲ
လွန်ခဲ့သော ၅ လ က
စက်တင်ဘာ ၄။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်၊ မန်တုံမြို့ကို စစ်ကောင်စီက မနေ့က စက်တင်ဘာ ၃ ရက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသား တဦးဒဏ်ရာရရှိခဲ့ကာ လက်ဖက်စက်ရုံအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။
မနေ့က စက်တင်ဘာ ၃ ရက် ည ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က ဂျက်ဖိုက်တာနဲ့ ဗုံး နှစ်ကြိမ် ကြဲချခဲ့တယ်လို့ တအာဝ်းအမျိုးသမီးအဖွဲ့က ပြောပါတယ်။
ဗုံးကြဲခံခဲ့ရတာကြောင့် မန်တုံမြို့နယ် အောင်ချမ်းသာရပ်ကွက်နဲ့ မြို့မတံတားအနီးက အချိုခြောက် လက်ဖက်စက်ရုံနဲ့ (၁၃၀) တပ်စခန်းကုန်းအတက်အနီးဗုံးကျခဲ့ပြီး စက်ရုံအလုပ်သမားအမျိုးသား တဦး ထိမှန်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ဒုတိယအကြိမ် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ အချိန်ကစပြီး မန်တုံ၊ နမ့်ဆန်၊ မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံမြို့နယ်တွေမှာ လက်ရှိအချိန်ထိ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။
တရုတ်ဘက်ကလည်း ရှမ်းမြောက်မှာ မြို့သိမ်းစစ်ဆင်ရေးတွေဆင်နွဲနေတဲ့ TNLA ကို အပစ်ရပ်ဖို့ ခြိမ်းခြောက် ပြောဆိုထားတာရှိပါတယ်။
ဓာတ်ပုံ- လူမှုကွန်ရက်
Burma Associated Press
Top News
လွန်ခဲ့သော ၄ ရက် က