bap-logo
International

တောင်ကိုရီးယားက လိင်တူစုံတွဲကို ပထမဆုံးအကြိမ် တရားဝင်အသိအမှတ်ပြု

LEMEAng_WowyOAcMKFoyS-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၂၂

 

တောင်ကိုရီးယားရှိ လိင်တူစုံတွဲများသည် လိင်ကွဲစုံတွဲများကဲ့သို့ အမျိုးသားကျန်းမာရေးဝန်ဆောင်မှု ဇနီးမောင်နှံ အကျိုးခံစားခွင့်ရှိကြောင်း တရားရုံးက ပထမဆုံးအကြိမ် ဆုံးဖြတ်လိုက်သည်။

 

ဆိုးလ်တရားရုံးချုပ်က အင်္ဂါနေ့က ချမှတ်လိုက်သည့် အထင်ကရဆုံးဖြတ်ချက်သည် ကျန်းမာရေး အာမခံ သီးခြားပေးဆောင်ရမည် ဆိုသည့်အပေါ် လိင်တူအမျိုးသားစုံတွဲ၏ အသနားခံမှုအား ပယ်ချခဲ့သည့် အောက် တရားရုံး၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

 

တောင်ကိုရီးယားဥပဒေအရ မှီခိုသူသည် ၎င်း၏ အိမ်ထောင်ဖက်က အလုပ်အကိုင်ဆိုင်ရာ သတ်မှတ်ချက်များ ကိုက်ညီပါက ကျန်းမာရေးအာမခံပေးချေမှုမှ ကင်းလွတ်ခွင့်ရှိသည်။

 

အောက်တရားရုံးကမူ အဆိုပါလိင်တူအမျိုးသားစုံတွဲအား "ဇနီးမောင်နှံ"ဟု အသိအမှတ် မပြုသောကြောင့် အသနားခံစာကို ပယ်ချခဲ့ကြောင်းသိရသည်။

 

ထိုင်ဝမ်အပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၃၀ ကျော်တွင် လိင်တူလက်ထပ်ပေါင်းသင်းခြင်းကို တရားဝင်ခွင့်ပြုထားသော်လည်း ယခုနှစ်မေလတွင် အဆင့်မြင့်စီးပွားရေးခုနစ်နိုင်ငံအုပ်စု G7 ထိပ်သီး အစည်းအဝေး လက်ခံကျင်းပရန်စီထားသည့် ဂျပန်နှင့် တောင်ကိုရီးယားတွင် လက်ရှိအချိန်ထိ လက်ထပ် ပေါင်းသင်းခြင်း တန်းတူညီမျှခွင့်မရှိသေးသည့်အတွက် ဥပဒေပြင်ဆင်ရန် ဖိအားနှင့် ရင်ဆိုင်ရလျှက် ရှိသည်။

 

တရားရုံးချုပ်ဆုံးဖြတ်ချက်ကို တရားဝင်အသနားခံစာတင်သည့် စုံတွဲ So Sung-uk နှင့် Kim Yong-min တို့က ကြိုဆိုခဲ့ကြပြီး လိင်တူချစ်သူ So Sung-uk က "ကျွန်တော် အရမ်းဝမ်းသာပါတယ်။ တရားသူကြီးတွေဟာ ဒီဆုံးဖြတ်ချက်ကတစ်ဆင့် ကျွန်တော့်အမျိုးသားအပေါ်ထားတဲ့ ကျွန်တော့်ရဲ့အချစ်ဟာ လျစ်လျူရှုစရာ၊ စော်ကား စရာ မဟုတ်ဘူးလို့ ပြောလိုက်သလို ခံစားရတယ်" ဟု ပြောကြားခဲ့သည်။

 

ဒါ့အပြင် " ကျွန်မတို့ရဲ့ အိမ်ထောင်ရေးကို တရားဥပဒေဘောင်အတွင်းက အသိအမှတ်ပြုခံရဖို့ အချိန် တော်ကြာ ယူခဲ့ရတယ်" ဟု Kim က ဆိုသည်။

 

So နှင့် Kim တို့သည့် ၂၀၁၉ နှစ်ကတည်းက လက်ထပ်ပွဲ ကျင်းပခဲ့ကြသော်လည်း သူတို့ နှစ်ဦး ပေါင်းသင်းမှုကို တရားဝင်အဖြစ် တောင်ကိုရီးယားအာဏာပိုင်များက အသိအမှတ် မပြုခဲ့သည့်အတွက် မှတ်ပုံမတင်နိုင်ဘဲ ရှိခဲ့သည်။

 

တောင်ကိုရီးယားတရားရုံးချုပ်က နိုင်ငံ့ကျန်းမာရေးအာမခံသည် တရားဝင်သတ်မှတ်ထားသည့် မိသားစု များအတွက်သာမဟုတ်ဘဲ လိင်တူစုံတွဲများကို ယင်းအခွင့်အရေးမှ ငြင်းပယ်ခြင်းမှာ ခွဲခြားဆက်ဆံရာ ကျကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း ယွန်ဟပ်သတင်းတွင် ဖော်ပြသည်။

 

အထင်ကရဆုံးဖြတ်ချက်နှင့်ပတ်သက်၍ "ဒါဟာ တောင်ကိုရီးယားမှာ လက်ထပ်ခွင့်တန်းတူ ညီမျှမှု ရရှိရေး အတွက် အရေးပါတဲ့ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ LGBTQ+ အသိုင်းအဝိုင်းအပေါ် ခွဲခြားဆက်ဆံမှု ချုပ်ငြိမ်းရေးအတွက် အများကြီးလုပ်ဆောင်ရဦးမယ်ဆိုပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ လူသားတွေရဲ့ မျက်စိမှိတ် ဘက်လိုက်တတ်မှုကို ကျော်လွှားနိုင်ပါသေးတယ်ဆိုတဲ့အကြောင်း မျှော်လင့်ချက် ပေးလိုက်သလိုပါပဲ" ဟု နိုင်ငံတကာလွတ် ငြိမ်းချမ်းသာခွင့် (AI) အာရှဆိုင်ရာသုတေသီ Boram Jang က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

 

Source – Reuters/The Guardian

ပုံစာ။ တရားရုံးဆုံးဖြတ်ချက်အပေါ် အောင်ပွဲခံနေသည့် So-Sung-uk နှင့် Kim Yong-min

 

Burma Associated Press

တောင်ကိုးရီးယား
LGBTQ+

Share With
bap-logo