bap-logo
International

ပုံမှန်မဟုတ်သော ရွှေ့ပြောင်းသူများကို စည်းကမ်းတင်းကျပ်ရန် EU သဘောတူ

5V95HIi-tRCz3wAgxTku_-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၁၀

 

ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များသည် ခိုလှုံခွင့်လျှောက်ထားမှု ငြင်းပယ်ခံထားရသူများကို အလွယ်တကူ နှင်ထုတ်ရန် ရည်ရွယ်သည့် တင်းကျပ်သောစည်းမျဉ်းများချမှတ်ရန် သဘောတူခဲ့ကြောင်း ဥရောပကော်မရှင် ဥက္ကဌအကြီးအကဲ အူဇလာဗန်ဒါလေးယင်း (Ursula von der Leyen) က သောကြာနေ့ (ဖေဖော်ဝါရီ ၁၀ ရက်) တွင် ပြောကြားခဲ့သည်။

 

အဆိုပါစီမံချက်အား ပုံမှန်မဟုတ်သော လူဝင်မှုကြောင့် အဖွဲ့ဝင်နိုင်ငံများအတွင်း စိုးရိမ်မှုမြင့်တက်လာခြင်း အတွက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

"ဒီပြဿနာဟာ ဥရောပနိုင်ငံတွေကိုယ်တိုင် တုံ့ပြန်ဆောင်ရွက်ရမယ့် ဥရောပစိန်ခေါ်မှုတစ်ခုပါ" ဟု ရွှေ့ပြောင်း နေထိုင်မှုနှင့် အခြားအကြောင်းအရာများကို ဆွေးနွေးခဲ့သည့် ၁၆ နာရီကြာ ထိပ်သီး အစည်းအဝေး၌ အီးယူ ခေါင်းဆောင်များက ပြောကြားခဲ့သည်။

 

လက်ရှိအချိန်တွင် ခိုလှုံခွင့်‌လျှောက်ထားမှုအတွက် ပယ်ချခံရသူအနည်းစုကိုသာ မိခင်နိုင်ငံဆီ ပြန်လည် ပို့ဆောင်နိုင်ခြင်းမှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွက် အဓိက အာရုံစူးစိုက်မှုတစ်ခု ဖြစ်နေသည်။

 

အီးယူအဖွဲ့ကြီးသည် ယူကရိန်း၊ ဆီးရီးယားနှင့် အာဖဂန်နစ္စတန်မှ ဒုက္ခသည်သန်းချီ လက်ခံထားပြီး ဖြစ်လင့် ကစား ဘင်္ဂလားဒေ့ရှ်၊ တူရကီနှင့် တူနီးရှားကဲ့သို့ ပိုမိုဘေးကင်းသောနိုင်ငံများမှ နိုင်ငံသားများ၏ ခိုလှုံခွင့် တောင်းခံမှုများနှင့်လည်း ရင်ဆိုင်နေရသည်။

 

အဆိုပါနိုင်ငံသားအများစုမှာ စီးပွားရေးအကျပ်အတည်းကြောင့် ရွှေ့ပြောင်းသူများဟုသာ သတ်မှတ်ခံရပြီး ဒုက္ခသည်အဖြစ် ခိုလှုံခွင့်မရချေ။

 

လက်ရှိချမှတ်မည့်အစီအမံများနှင့်ပတ်သက်၍ အီးယူနယ်စပ်စောင့်ကြည့်ရေး၊ ခိုလှုံခွင့်နှင့် ရဲတပ်ဖွဲ့များ ပူးပေါင်း ဆောင်ရွက်ကာ အသေးစားစီမံကိန်းများ အကောင်အထည်ဖော်မည်ဟု ဗန်ဒါလေးယင်းက ဆိုသည်။

 

ထို့ပြင် ဥရောပကော်မရှင်အနေဖြင့် များပြားသော အီးယူရန်ပုံငွေကို အဆောတလျင်အသုံးပြု၍ နယ်စပ် ကာကွယ်ရေး အခြေခံအဆောက်အအုံ၊ မြေပြင် ဝေဟင်စောင့်ကြည့်ရေးနှင့် လိုအပ်သည့် စက်ကိရိယာများ ထောက်ပံ့ပေးရန် အီးယူခေါင်းဆောင်များက တောင်းဆိုခဲ့ကြသည်။

 

Source/ပုံ – Reuters/DW

 

Burma Associated Press

ဒုက္ခသည်
အီးယူ

Share With
bap-logo