bap-logo
International

ငလျင်လှုပ်ခတ်မှုအပြီး တူရကီအဆောက်အဦ စံနှုန်းများ မေးခွန်းထုတ်စရာဖြစ်လာ

ElZIqe1oh2UVBMot45VpY-image

လွန်ခဲ့သော ၂ နှစ် က


အစ္စတန်ဘူလ်- ဖေဖော်ဝါရီ ၁၁။


 
တချိန်က တူရကီပြည်သူများ ကြိုးစားပမ်းစားရှာဖွေစုဆောင်းပြီး ဝယ်ယူနေထိုင်ခဲ့ကြသည့် တိုက်ခန်းများသည် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ယခုအခါ အုတ်ကျိုးပုံပမာ ဖြစ်ခဲ့ရသည်။


 
တိုက်သစ်၊ တိုက်ဟောင်း၊ တချို့မှာ ခြောက်လသာ သက်တမ်းရှိသည့် တိုက်များပင် တစစီပြိုကျခဲ့သည်။


 
တနင်္လာနေ့အစောပိုင်းလှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒဿမ ၈ အဆင့်ရှိ ငလျင်၏ ထိခိုက်မှု အတိုင်းအဆကို ယခုအချိန်အထိ အတိအကျမသိရဘဲ တူရကီနှင့် ဆီးရီးယားနှစ်နိုင်ငံရှိ သေဆုံးသူ အရေအတွက် ၂၃၀၀၀ ကျော်ထိ မြင့်တက်လာခဲ့သည်။


 
ယင်းအနက် တူရကီနိုင်ငံဘက်ခြမ်းက သေဆုံးသူအရေအတွက်မှာ နေ့စဉ်နှင့်အမျှ မြင့်တက်လာနေသလို တိုက်တာအဆောက်ဦများ မည့်သည့်အတွက် စက္ကူနှင့်ဆောက်လုပ်ထာသည့်အတိုင်း ရစရာမရှိအောင် ပျက်စီး ခဲ့ရသည်ဆိုသည့်အချက်မှာ ပြည်သူများအတွက် မေးခွန်းထုတ်စရာဖြစ်လာသည်။


 
တူရကီတွင် အဆိုပါအဖြစ်ဆိုးမျိုးကြုံအောင် ဟန့်တားနိုင်တဲ့ စည်းမျဉ်းဥပဒေရှိကြောင်း ကျွမ်းကျင် သူများက ပြောကြားထားသည်။ သို့သော် အဆိုပါဆောက်လုပ်ရေးစဉ်းမျဉ်းများကို သမ္မတ ရာဂျစ် တာယစ် အာဒိုဝန်နှင့် နီးစပ်သည့် ဆောက်လုပ်ရေးကုမ္ပဏီများက လျော့ရဲရဲသာ အသုံးချကြသည်။


 
ယခုဖြစ်ပွားခဲ့သော်ငလျင်တွင် တူရကီရှိ အဆောက်အဦ ၁၂,၁၄၁ လုံး ပျက်စီး သို့မဟုတ် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။


 
ပထမအကြိမ်ငလျင်လှုပ်ခတ်ကတည်းက အပျက်အစီးရှိမည်ဟု မျှော်လင့်ထားသော်လည်း ယခုမြင်ရသည့် အလွန်တရာကြီးမားသည့် အပျက်အစီးအမျိုးကို မျှော်လင့်မထားခဲ့ကြောင်း အစ္စတန်ဘူလ်အခြေစိုက် ဘိုဂါဇီစီ တက္ကသိုလ်မှ ပါမောက္ခ မူစတာဖာ အားဒစ်က ဆိုသည်။


 
"
အဆောက်အဦတစ်ခု ပြိုလဲသွားရင်တောင် ကယ်ဆယ်ရေးသမားတွေ လာရောက်တဲ့အချိန်ထိ အသက်ရှင် နိုင်ကြပါတယ်။ ဒါပေမဲ့ အခုက တိုက်တွေအကုန် မုန့်ပြားလိုဖြစ်သွားတာပါ" ဟု ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။


 
တူရကီရှိ အဆောက်ဦများ ယခုကဲ့သို့ ပြားပြားဝပ်ပြိုကျပျက်စီးရခြင်း အဓိကတရားခံမှာ ကွန်ကရစ်အရည် သွေးညံ့မှု၊ အထူးသဖြင့် ရေနှင့် ကျောက်စရစ်များများ၊ ဘိလပ်မြေနည်းနည်း အသုံးပြုခြင်းကြောင့်ဖြစ်ကြောင်း အစ္စတန်ဘူလ် နည်းပညာတက္ကသိုလ်မှ အတိုင်ပင်ခံ ဇိနိတေကင်က ပြောကြားခဲ့သည်။
 
 
Source/
ပုံ – CNA/SkyNews

 

Burma Associated Press

 

တူရကီ
ဆီးရီးယား
ငလျင်

Share With
bap-logo