bap-logo
International

ဖိနှိပ်အုပ်ချုပ်သည့်နိုင်ငံစောင့်ကြည့်စာရင်းတွင် ကမ္ဘောဒီးယား ထည့်သွင်းခံရ

lI-kTfyfKZt5wBvPiJ7dL-image

လွန်ခဲ့သော ၂ နှစ် က

 ဖေဖော်ဝါရီ ၁၆


 
ကမ္ဘောဒီးယားအာဏာပိုင်များသည် တရားစီရင်ရေးကိုအသုံးချ၍ လူ့အခွင့်အရေးလှုပ်ရှားမှုများ၊ လူငယ် တက်ကြွလှုပ်ရှားမှု၊ အလုပ်သမားသမဂ္ဂများ၊ အမှီအခိုကင်းသောသတင်းဌာနများ၊ အတိုက်အခံနိုင်ငံရေး သမားများနှင့် ဝန်ကြီးချုပ်ဟွန်ဆင်ကို ဝေဖန်ပြောဆိုမှုများကို ရာဇဝတ်မှုသဖွယ် ကိုင်တွယ်နေခြင်းကြောင့် ကမ္ဘောဒီးယား၏ အခြေခံလွတ်လပ်မှု စိုးရိမ်ဖွယ်ကျဆင်းလာနေကြောင်း လူ့အခွင့်အရေးအဖွဲ့ကြီး တစ်ခုက သတိပေးလိုက်သည်။


 
ဟွန်ဆင်သည် နှစ်ပေါင်း ၄၀ နီးပါးဆုပ်ကိုင်ထားသည့်အာဏာကို ပိုမိုခိုင်မာစေရန် ကိုဗစ်ကပ်ရောဂါကို အသုံးချ၍ အရေးပေါ်အခြေအနေကြေညာကာ ကမ္ဘောဒီးယားနိုင်ငံသားများ၏ အခြေခံလွတ်လပ်ခွင့်ကို ထပ်မံကန့်သတ်ခဲ့ သည်ဟု ကမ္ဘာတဝှမ်းအခြေခံလွတ်လပ်မှုများကို စောင့်ကြည့်သည့် ကမ္ဘာလုံးဆိုင်ရာ အရပ်ဘက်လူ့အဖွဲအစည်း မဟာမိတ် CIVICUS က ပြောကြားခဲ့သည်။


 
"
ရာဇဝတ်မှုတရားစီရင်ရေးစနစ်ကို မတရားအသုံးချ၍ လူ့အခွင့်အရေးကာကွယ်သူများ၊ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များနှင့် သတင်းသမားများကို နှောက်ယှက်တရားစွဲဆိုမှု၊ သတင်းဌာန ပိတ်သိမ်းခံရမှုများသည် ကမ္ဘောဒီးယား ဒီမိုကရေစီ ဆုတ်ယုတ်မှုကို မီးမောင်းထိုးပြနေသည်" ဟု ကြာသပတေးနေ့ ထုတ်ပြန်သည့် CIVICUS အစီရင်ခံစာတွင် ဖော်ပြသည်။


 
ဟွန်ဆင်သည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ကမ္ဘောဒီးယားရှိ အခြေခံလွတ်လပ်ခွင့်များကို စနစ်တကျ ဖိနှိပ်ခဲ့ပြီး ယခုအခါ ကမ္ဘောဒီးယားကို အီရန်၊ ဆူဒန်၊ ဇင်ဘာဘွေနှင့် ပီရူးနိုင်ငံများနည်းတူ ဖိနှိပ်အုပ်ချုပ်သည့် နိုင်ငံများ စောင့်ကြည့်ရေးစာရင်းတွင် ထည့်သွင်းလိုက်ပြီဟု အဆိုပါအဖွဲ့အစည်းက ဖော်ပြသည်။


 
"
ကမ္ဘောဒီးယား လူ့အခွင့်အရေးကာကွယ်သူများနှင့် တက်ကြွလှုပ်ရှားသူများသည် ဖိနှိပ်မှုကို ဆက်လက် ရင်ဆိုင် နေရသည်။ ရေဒီယိုလိုင်းများနှင့် သတင်းစာများ နှုတ်ပိတ်ခံနေရသည်၊ သတင်းတိုက်များ ရှင်းလင်းခံနေရသည်၊ သတင်းသမားများ တရားစွဲခံနေရခြင်းကြောင့် နိုင်ငံအတွင်း လွတ်လပ်သော မီဒီယာကဏ္ဍ ပျက်စီးလျှက်ရှိသည်။" ဟု CIVICUS က ဆက်လက် ဖော်ပြထားသည်။


 
ပြီးခဲ့သည့်တနင်္လာနေ့ကလည်း ဟွန်ဆင်သည် သူနှင့် သူ့သားကို ဝေဖန်သည့် သတင်းတစ်ပုဒ် ထုတ်ဝေမှုဖြင့် နိုင်ငံအတွင်း အမှီအခိုကင်းသော နောက်ဆုံးလက်ကျန် သတင်းဌာနတစ်ခုဖြစ်သည့် ဒီမိုကရေစီအသံ (VOD) ကို ပိတ်သိမ်းမိန့်ပေးခဲ့သည်။


 
ဝန်ကြီးချုပ်ဟွန်ဆင်၏ VOD သတင်းဌာနပိတ်သိမ်းမှုနှင့်ပတ်သက်၍ ဩစတေးလျှ၊ ကနေဒါ၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုနည်းတူ ကမ္ဘောဒီးယားရှိ ဥရောပသမ္မဂ သံရုံးများကလည်း စိုးရိမ်ကြောင်း ထုတ်ပြန် ပြောဆိုထားသည်။
 
 Source/
ပုံ – Al Jazeera

Burma Associated Press

ကမ္ဘောဒီးယား
ဟွန်ဆန်
နိုင်ငံရေး

Share With
bap-logo