bap-logo
Politics

ကေအဲန်ယူ၊ မူတြော်ခရိုင်ထဲက စစ်ကောင်စီရဲ့ ထီးထ/ဖဲထာ(မို့လို့ကျိုး) စခန်း သိမ်းပိုက်ခံရ

KcdwiHTSpDMxApNzPWu98-image

လွန်ခဲ့သော ၂ နှစ် က

ဒီဇင်ဘာ ၁၈။

 

ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူ၊ မူတြော်ခရိုင်ထဲက စစ်ကောင်စီရဲ့ ထီးထ/ဖဲထာ(မို့လို့ကျိုး) စခန်းကို ဒီဇင်ဘာ ၁၇ ရက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ Force for Federal Democracy - FFD က ဒီနေ့ ထုတ်ပြန်ပါတယ်။

 

အခုသိမ်းပိုက်လိုက်တဲ့ စခန်းဟာ နှစ်ပေါင်း ၃၀ ကြာလောက် စစ်ကောင်စီက အခိုင်အမာ တပ်စွဲထားတာ ဖြစ်ပြီး စခန်းမှာ စစ်ကောင်စီအင်အား ၁၂၀ ခန့်ရှိတဲ့ အပြင် ကွန်ကရစ် ကတုန်ကျင်း အကြီး၊ အငယ်တွေနဲ့ ခြေကုပ် ယူထားတာ ဖြစ်လို့ နှစ်ကြိမ်တိုင်တိုင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရတယ်လို့ FFD က ဆိုပါတယ်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေနဲ့ စစ်လက်နက် ပစ္စည်းတွေ လာချတာ၊ တိုက်လေ ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သလို နှစ်ဖက် အထိခိုက် အကျအဆုံး များခဲ့တယ်လို့လည်း ဆိုပါတယ်။

 

အဲဒီစခန်းသိမ်းတိုက်ပွဲကို စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA နဲ့ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတို့က ပူးပေါင်းဖော်ဆောင် ခဲ့တယ်လို့ သိရပါတယ်။

 

ပုံစာ- သိမ်းပိုက်ရရှိခဲ့တဲ့ ထီးထ/ဖဲထာ(မို့လို့ကျိုး) စခန်း။

ဓာတ်ပုံ - Force for Federal Democracy - FFD

 

Burma Associated Press

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
ပြည်သူ့ကာကွယ်ရေးတပ်မတော်
ကေအဲန်ယူ
စစ်တပ်
ကယား(ကရင်နီ)

Share With
bap-logo