bap-logo
Politics

မြန်မာ့ဒီရေတောအတွင်း 'လူသိနည်းသည့်' မြွေမျိုးစိတ်သစ်တွေ့ရှိ

1TelHKQ4-fYkTJXu1sMNL-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာ့ဒီရေတောများမှလူသိနည်းသောသတ္တဝါသည် သစ်ပင် တစ်ပင်မှ တစ်ပင် ရွှေ့ပြောင်းသွားလာနိုင်သည်။ အကြေးခွံပါသည့် ၎င်းသတ္တဝါကို သိပ္ပံပညာရှင်များက စိတ်ဝင်တစား အာရုံစိုက်မှုများ ရလာခဲ့ပြီးနောက် ၎င်းမှာ မျိုးစိတ်သစ်တစ်မျိုး ဖြစ်နေသည်ကို တွေ့ရှိရသည်။

 

၂၀၀၀ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော တောရိုင်းတိရိစ္ဆာန်စစ်တမ်းကောက်ယူမှုများအတွင်း သုတေသိများက အစိမ်းရောင် မြွေများ တွေ့ရှိခဲ့ကြသည်ဟု ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ဝေသော ZooKeys ဂျာနယ်မှ လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားသည်။ ကနဦးတွင် ၎င်းမြွေများကို သိရှိပြီး မျိုးစိတ်ဖြစ်သည့် မြွေစိမ်းမြီးခြောက် (pit viper) ဟု မှားယွင်းအမည်တပ်ခဲ့ကြသည်။

 

လူသိနည်း’ မြွေကို DNA ခွဲခြားလေ့လာမှုတစ်ခု ပြုလုပ်လိုက်သောအခါ 'ကွဲပြားသော မျိုးစိတ်’ တွင် ပါဝင်နေကြောင်း လေ့လာမှုက ဆိုသည်။

 

 မှားယွင်းအမည်တပ်ထားသော ၎င်းအစိမ်းရောင် မြွေ ၁၉ ကောင်ကို စိတ်ဝင်စားသူ သုတေသီများက အနီးကပ် ကြည့်ရှုလေ့လာခဲ့ကြပြီး ၎င်းတို့သည် Trimeresurus ayeyarwadyensis သို့မဟုတ် ဧရာဝတီမြွေစိမ်း မြီးခြောက်ဟူသည့် မျိုးစိတ်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

 

ဧရာဝတီမြွေစိမ်းမြီးခြောက်သည် အရှည် ၃ ပေအထိ ရှည်လျားနိုင်သည်ဟု လေ့လာမှုက ဆိုသည်။ ၎င်းတို့တွင် အများအားဖြင့် အစိမ်းရောင်ရှိသော "ထက်ရှသည့်” အပေါ်ယံအကြေးခွံရှိပြီး အသွေးအရောင်နှင့် ပုံစံကွက်များ အမျိုးစုံရှိနိုင်သည်။

 

ပြသထားသော ဧရာဝတီမြွေစိမ်းမြီးခြောက်ပုံများတွင် တစ်ကောင်မှာ အရောင်ပြေးခန္ဓာကိုယ်ရှိပြီး ရေညှိ စိမ်းရောင်မှ သံပုရာစိမ်းရောင်ဘက်သို့ မှေးမှိန်သွားကာ ခါးတွင် အဝါ-အဖြူနှင့် နီးစပ်သည့် အရောင်ရှိသည်။

 

အခြားသော ဓာတ်ပုံများတွင် ဧရာဝတီမြွေစိမ်းမြီးခြောက်သည် အကွက်ပုံစံရှိပြီး လျှပ်စစ်အစိမ်းရောင် အကြေးခွံ များသည် သစ်တောစိမ်းအကြေးခွံများနှင့် ရောယှက်နေသည်။ ဘေးဘက်တွင် အဖြူစင်းတစ်ခု ရှိပြီး ခါးမှာ အဝါရောင်ရှိသည်။ ၎င်း၏ လျှာနှစ်ခွမှာ နွယ်ချိုပင်အနက်ရောင် ရှိသည်။

 

ဧရာဝတီမြွေစိမ်းမြီးခြောက်သည် ပိုမိုဖျော့တော့သော သံပုရာအစိမ်းရောင် အကြေးခွံများနှင့် အောက်ဘက်တွင် အဝါရောင်လည်း ရှိနိုင်သည်။ သုတေသီများက ၎င်းမြွေ၏ မျက်လုံးအရောင်သည် "နက်ရှိုင်းသည့် အနီရောင်မှ ရွှေရောင်သို့ ကွဲပြားနိုင်ကြောင်း” လေ့လာတွေ့ရှိခဲ့သည်။

 

၎င်းမျိုးစိတ်အသစ်ကို ကပ်လျက်တည်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ဒီရေတော များနှင့် အခြားသော သစ်တောများတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု လေ့လာမှုက ဆိုသည်။

 

မျိုးစိတ်သစ်ကို ဧရာဝတီမြစ်အမည်ပေးခဲ့သည်ဟု သုတေသီများက ပြောသည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးနှင့် အရေးအကြီးဆုံး မြစ်ဖြစ်သည်။ မျိုးစိတ်သစ် ပြန့်နှံ့မှုကို ခွဲခြားသည့် ဘောင်နယ်နိမတ်သတ်မှတ်ရာတွင်လည်း အထောက်အကူပြုသည်။

 

သုတေသီအဖွဲ့တွင် Kin Onn Chan Shahrul Anuar AnAnanthanarayanan Sankar Ingg Thong Law Ing Sind Law Rasu Shivaram Ching Christian Daniel Mulcahy နှင့် Anita Malhotra တို့ပါဝင်သည်။

 

ကိုးကား - Miami Herald

ပုံစာ - Trimeresurus ayeyarwadyensis သို့မဟုတ် ဧရာဝတီ မြွေစိမ်းမြီးခြောက်။ (Photo: Wolfgang Wüster)

 

Burma Associated Press

မြွေစိမ်း
မြန်မာ
ဧရာဝတီမြွေစိမ်းမြီးခြောက်

Share With
bap-logo