Politics
၂၀၂၄ တွင် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်း ပိုမိုဆိုးရွားလာမည်
လွန်ခဲ့သော တစ်နှစ် က
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်၊ ပိုမို ဆိုးရွားလာသော လက်နက်ကိုင်ပဋိပက္ခများ၊ ကြွေးမြီပမာဏ တိုးတက်လာ ခြင်းနှင့် နိုင်ငံတကာအထောက်အပံ့များ ကျဆင်းလာခြင်းတို့သည် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာအနှံ့ လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်း မြင့်တက်လာစေမည်ဟု နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီက (IRC) က ကြာသပတေးနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
နယူးယော့အခြေစိုက် IRC ၏ ၂၀၂၄ အရေးပေါ်စောင့်ကြည့်စာရင်းအစီရင်ခံစာက လာမည့်နှစ် လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေ ပိုမိုဆိုးရွားလာမည့် နိုင်ငံ ၂၀ ကို ထောက်ပြထားပြီး အာဖရိကမှ အများဆုံး ပါဝင်သည်။
လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်နေသူ ယခုနှစ်တွင် သန်း ၃၀၀ အထိ မြင့်တက်လာပြီး အတင်းအကျပ်ဖိအားပေး၍ နေအိမ်စွန့်ခွာထွက်ပြေးရသူများမှာ သန်း ၁၁၀ အထိ မြင့်တက်လာသည်။
“ယခုအချိန်သည် အဆိုးရွားဆုံးအချိန်ဖြစ်သည်။” ဟု IRC အကြီးအကဲ David Miliband က ထုတ်ပြန်ချက် တစ်စောင်တွင် ပြောပြီး ရာသီဥတုနှင့် လိုက်လျောညီထွေ ပြောင်းလဲရေး၊ အမျိုးသမီး လုပ်ပိုင်ခွင့်မြှင့်တင် ပေးရေး၊ 'လူထု-ပထမ’ ဘဏ်လုပ်ငန်းများ၊ ရွှေ့ပြောင်းရသူများအတွက် အထောက်အပံ့နှင့် ပြစ်ဒဏ်မှ လွတ်မြောက်နေမှုများအပေါ် အရေးယူလုပ်ဆောင်ရေးတို့ကို အာရုံစိုက်ကြရန် တောင်းဆိုလိုက်သည်။
IRC ၏ အရေးပေါ်စောင့်ကြည့်စာရင်းတွင် ဆူဒန်သည် ထိပ်ဆုံးတွင် ပါဝင်နေပြီး ၎င်းနောက်တွင် ပါလက်စတိုင်း နယ်မြေများနှင့် တောင်ဆူဒန်တို့ရှိနေသည်။
၎င်းနိုင်ငံများ နောက်တွင် ဆာဟာရတောင်ပိုင်း အာဖရိကနိုင်ငံများ၊ အာရှမှ မြန်မာနှင့် အာဖဂန်နစ္စတန်၊ အရှေ့အလယ်ပိုင်းမှ ဆီးရီးယား၊ လက်ဘနွန်နှင့် ယီမင်၊ ဥရောပမှ ယူကရိန်း၊ တောင်အမေရိကမှ အီကွေဒေါ၊ ကာရစ်ဘီယန်မှ ဟေတီတို့ ပါဝင်ကြသည်။
၎င်း နယ်မြေ ၂၀ ခုသည် ကမ္ဘာ့လူဦးရေ၏ ၁ဝ%၊ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှုလိုအပ်ချက်၏ ၈၆%၊ ရွှေ့ပြောင်းရသူတို့၏ ၇၀% ဖြစ်ကာ အလွန်အမင်းဆင်းရဲခြင်းနှင့် ရာသီဥတုပြောင်းလဲမှု အန္တရာယ်များ နှင့် ပိုမို ရင်ဆိုင်နေရသူများဖြစ်သည်ဟု IRC က ဆိုသည်
၎င်း နယ်မြေ ၂၀ ခုသည် ကမ္ဘာ့လူဦးရေ၏ ၁ဝ%၊ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှုလိုအပ်ချက်၏ ၈၆%၊ ရွှေ့ပြောင်းရသူတို့၏ ၇၀% ဖြစ်ကာ အလွန်အမင်းဆင်းရဲခြင်းနှင့် ရာသီဥတုပြောင်းလဲမှုအန္တရာယ်များနှင့် ပိုမို ရင်ဆိုင်နေရသူများဖြစ်သည်ဟု IRC က ဆိုသည်။
ဆူဒန်သည် ယခင်နှစ်က မပါဝင်ခဲ့ဘဲ "နိုင်ငံတကာ အာရုံစိုက်မှု အနည်းငယ်” သာရရှိသည့်အတွက် စာရင်းထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။ ဂါဇာမှ ပါလက်စတိုင်းနယ်မြေများမှာ ၂၀၂၄ ခုနှစ်သို့ ဝင်ရောက်လာချိန်တွင် ကမ္ဘာအနှံ့ အရပ်သား သေဆုံးမှုအများဆုံးနယ်မြေ ဖြစ်လာသည်။
အယ်နီးညိုး ရာသီဥတုဖြစ်စဉ်က ပြင်းထန်သည့် ရာသီဥတုခြိမ်းခြောက်မှုပြုနေသည့် အချိန်တွင် အချို့ အာဖရိကနိုင်ငံများမှာ လူနေမှုအဆင့်အတန်း လျင်မြန်စွာ တိုးတက်လာသော်လည်း ပဋိပက္ခ၊ အာဏာသိမ်းမှုနှင့် ဆင်းရဲမွဲတေမှုတို့က"သတိပေးသည့် နှုန်းထားများ” ဖြင့် မြင့်တက်လာသည်ဟု IRC က ပြောသည်။
ဗင်နီဇွဲလားဒုက္ခသည် အများအပြားအတွက် ခိုလှုံရာ အီကွေဒေါနိုင်ငံသည် မူးယစ်ဆေးဝါးကုန်ကူးခြင်းတွင် ကြီးမားစွာ ပါဝင်နေခြင်းကြောင့် အကြမ်းဖက်ရာဇဝတ်မှုများ မြင့်တက်လာခြင်း၊ ရောဂါကပ်ဆိုးနှင့် ရာသီဥတု အန္တရာယ်များ၏ အကျိုးသက်ရောက်မှုကြောင့် စီးပွားရေး ပိုမိုဆိုးရွားလာခြင်းတို့ကြောင့် စာရင်းထဲတွင် ပထမဆုံးအကြိမ် ပါဝင်လာသည်။
ဟေတီတွင်မှု လူဦးရေတစ်ဝက်ခန့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်နေသည်ဟု IRC က ထောက်ပြထားပြီး ကုလသမဂ္ဂ၏ ရဲတပ်ဖွဲ့ကို အကူအညီပေးဖွယ်ရှိသည့် အင်အားကြီး လက်နက်ကိုင် ဂိုဏ်းများကို တိုက်ခိုက်ဖြိုခွဲရေးသည် လာမည့်နှစ်တွင် သိသာထင်ရှားစွာ တိုးတက်လာဖွယ် မရှိဟု ဆိုသည်။
ကိုးကား - Reuters
ပုံစာ - နိုဝင်ဘာလ ၁၄ ရက် ၂၀၂၃ ခုနှစ် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်စပ်ဖြတ်ကျော်ရာ Torkham တွင် ပါကစ္စတန်မှ ပြန်လာသည့် အာဖဂန်နိုင်ငံသားများ အနားယူနေကြစဉ်။ (Photo: Abdul Khaliq Sediqi/International Rescue Committee (IRC)/ Handout via REUTERS/ FILE PHOTO)
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၀ ရက် က