bap-logo
Data

ပဲခူး၊ ကရင်၊ မွန်နဲ့ တနင်္သာရီမှာ ရေဘေးသင့်သူဦးရေ ငါးသောင်းရှိ

U9d0PJppjk-2RcyiYvzsG-image

လွန်ခဲ့သော တစ်နှစ် က

ဩဂုတ် ၁၆။

 

မုတ်သုံမိုးကြီးပြီး မြစ်ချောင်းတွေရေလျှံတာကြောင့် ပဲခူး၊ ကရင်၊ မွန်နဲ့ တနင်္သာရီအတွင်းက မြို့နယ် ၁၆ ခုမှာ ရေဘေးသင့်သူဦးရေ အနည်းဆုံး ခန့်မှန်းခြေ ငါးသောင်း ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံ- UNOCHA Myanmarက ယနေ့ထုတ်ပြန်ပါတယ်။

 

ဩဂုတ် ၁၀ ရက်အထိ လူဦးရေ သုံးသောင်းကျော်ကို ရေဘေးလွတ်ရာယာယီစခန်းတွေဆီ ပို့ဆောင်ထားရပါတယ်လို့ ဆိုပါတယ်

 

မြန်မာနိုင်ငံရဲ့အရှေ့တောင်ပိုင်းဒေသက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ရေဘေးသင့်လျက်ရှိတယ်လို့ သိရပါတယ်

 

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မိုးကြီးတာကြောင့် ဩဂုတ် ၉ ရက်မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အိမ်ခြေတစ်လုံးပျက်စီးခဲ့ပါတယ်။

 

ကျောက်တော်နဲ့မြောက်ဦးမြို့နယ်က တိုက်ပွဲရှောင်စခန်းတွေမှာ ယာယီအိမ်ခြေ ၄၀၀ လောက် ပျက်စီးခဲ့တဲ့အပြင် ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်က စပါးနဲ့သီးနှံစိုက်ခင်းများစွာ ရေလွှမ်းပြီးပျက်စီးတယ်လို့ UNOCHA Myanmarက ဆိုပါတယ်

 

ဓာတ်ပုံ- လူမှုကွန်ရက်

 

Burma Associated Press

မြန်မာ
ရေကြီး

Share With
bap-logo