bap-logo
Data

ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်တွင် လေးရက်အတွင်း ပြည်သူ ခြောက်ဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

AH6h4tI4UL_HJlXlt4F1_-image

လွန်ခဲ့သော တစ်နှစ် က

 ဩဂုတ် ၁၇။

 

ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ တပ်မဟာ ၃ တွင် စစ်ကောင်စီ၏

လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် လေးရက်အတွင်း ပြည်သူ ခြောက်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်ယူ ဗဟိုက ထုတ်ပြန်သည်။

 

ဩဂုတ် ၁၃ မှ ၁၆ ရက်အထိ ဆောထိ၊ မူးနှင့် လယ်ဒိုမြို့နယ်တို့တွင် စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကျောင်းသား နှစ်ဦး အပါအဝင် ပြည်သူ ခြောက်ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

 

သေဆုံးခဲ့သည့် ကျောင်းသား နှစ်ဦးမှာ အသက် ၁၃ နှစ်နှင့် အသက် ၁၆ နှစ်သာ ရှိသေးသည်ဟု ကေအဲန်ယူက ဖော်ပြထားသည်။

 

ထိခိုက်ဒဏ်ရာရသူများတွင် ကျောင်းသူ/သား လေးဦးနှင့် ကျောင်းဆရာမ တစ်ဦး ပါဝင်ကြောင်းလည်း သိရသည်။

 

လေးရက်အတွင်း စစ်ကောင်စီက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရုံသာမက လေကြောင်း တိုက်ခိုက်ခဲ့သည့်အပြင် နေအိမ်များကိုလည်း မီးရှို့ခဲ့သည်ဟု ထုတ်ပြန်ချက်ကတဆင့် သိရသည်။

 

Burma Associated Press

အရပ်သား
ကေအဲန်ယူ

Share With
bap-logo