bap-logo
Politics

ပဲခူး၊ ထန်းတပင်မြို့နယ်တွင် စစ်တပ်က ၁၀ နှစ်အောက် ကလေး ခုနှစ်ဦးအပါအဝင် ပြည်သူ ၁၇ ဦးကို မီးရှို့သတ်ဖြတ်ခဲ့

I7ekwu_GEJZc28YpnEYyp-image

လွန်ခဲ့သော ၂ နှစ် က

မေ ၁၂။

 

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်(ကရင်ပြည်နယ်၊ လွယ်ကြူးခရိုင်)၊ ညောင်ပင်သာကျေးရွာမှ အသက် ၁၀ နှစ်အောက် ကလေးငယ် ခုနှစ်ဦးအပါအဝင် ပြည်သူ ၁၇ ဦးကို စစ်တပ်က ပြီးခဲ့သည့် မေလ ၁၀ ရက်က မီးရှို့သတ်ဖြတ်ခဲ့သည်ဟု Free Burma Rangers-FBRက ထုတ်ပြန်သည်။

 

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ပဇီကြီးကျေးရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့သည့်အတွက် နှစ်အောက်မှ ၁၄ နှစ်ကြား ကလေးငယ် ၂၅ ဦးနှင့် အသက် ခွဲခြားမရသော ကလေးငယ် ၁၀ ဦး အပါအဝင် ၁၆၈ ဦး သေဆုံးခဲ့ရသည်။

 

ဓာတ်ပုံ- Free Burma Rangers

ပုံစာ- ထန်းတပင်မြို့နယ်မှ မီးရှို့ခံရသည့် ပြည်သူများ

Burma Associated Press

ဘင်္ဂလားဒေ့ရှ်
စစ်တပ်
အသတ်ခံရ
အရပ်သား
ပဲခူး
ကလေးငယ်များ

Share With
bap-logo