bap-logo
Politics

အာရှမဟာမိတ်နိုင်ငံများ တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေပြီဟု အမေရိကန်ဗိုလ်ချုပ်ပြော

G_4GnPqlyoQMQziTdXF1A-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ

 

အမေရိကန်နှင့် အာရှရှိ ၎င်းတို့၏ မဟာမိတ်တပ်ဖွဲ့များသည် နှစ်ပေါင်းများစွာ ပူးတွဲစစ်ရေး လေ့ကျင့်ပြီးနောက် တိုက်ပွဲရန်အသင့်အနေအထား ရောက်ရှိနေပြီဖြစ်ပြီး ရန်စကျူးကျော်လိုသည့် တရုတ်နှင့် မြောက်ကိုရီးယားလို နိုင်ငံများအနေဖြင့် ရုရှား၏အထိနာမှုမျိုးကို သတိပြုသင့်ကြောင်း အမေရိကန် စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

 

ဖိလစ်ပိုင်၊ ဂျပန်နှင့် သြစတြေးလျကဲ့သို့ အမေရိကန်နှင့် သဘောတူစာချုပ်ထားသည့် မဟာမိတ်နိုင်ငံများမှာ အရေးကြုံလျှင် အကုန်ပူးပေါင်းကြမည်ဖြစ်သလို ကမ္ဘာ့ဖြစ်စဉ်တစ်ခုလုံးကို ပြောင်းလဲရန် ကြိုးပမ်းနေသည့် နိုင်ငံများ၏ ရန်စမှုကို သည်းခံနေမည်မဟုတ်ကြောင်း ဗိုလ်ချုပ် ဂျိုးဇက်ရိုင်ယန်က ပြောသည်။

 

အာရှသည် နေတိုးအဖွဲ့ကဲ့သို့မဟုတ်သော်လည်း နိုင်ငံပေါင်း ၃၀ ပါဝင်သည့် စစ်မဟာမိတ်အဖွဲ့သည် အဖွဲ့ဝင် နိုင်ငံများ ပြင်ပရန်စွယ်နှင့်ရင်ဆိုင်ရပါက အပြန်အလှန်ကာကွယ်မည်ဟု ကတိပြုထားသလို အမေရိကန်နှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသည့် နိုင်ငံများကလည်း ဒေသတွင်းလုံခြုံရေးကို ပံပိုးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

"ဒီဒေသတွင်းမှာ ဥပမာ တရုတ်နဲ့ မြောက်ကိုရီးယားလို နိုင်ငံတွေရဲ့ ရန်စမှုကို တုန့်ပြန်ပုံကိုကြည့်ပြီး ကျွန်တော့် အနေနဲ့ တော်တော်လေး အားရမိပါတယ်။ ရန်စတာတွေကို ကျွန်တော်တို့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး" ဟု ရိုင်ယန်က ဗုဒ္ဓဟူးနေ့ကပြုလုပ်သည့် အေပီအင်တာဗျူးတွင် ပြောကြားခဲ့သည်။

 

ဟာဝိုင်ယီအခြေစိုက် ခြေလျင်တပ်မ ၂၅ ဌာနချုပ်မှူး ရိုင်ယန်သည် နှစ်နိုင်ငံကြား နှစ်စဉ်အကြီးစား စစ်ရေး လေ့ကျင့်မှု မစတင်မီ မနီလာသို့ ရောက်ရှိနေသည်။ အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမည့် မတ်လနှင့် ဧပြီတွင် ပြုလုပ်မည်ဖြစ်ပြီး ကျည်အစစ်ဖြင့် ပစ်ခတ်လေ့ကျင့်မှု၊ ကြည်း၊ ရေ၊ လေကြောင်း တိုက်ခိုက်ရေး လေ့ကျင့်မှုများကို အမေရိကန်နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ထောင်ချီပါဝင်လေ့ကျင့်ရန် စီစဉ်ထား ကြောင်း သိရသည်။

 

SourceAP/ပုံ - အမေရိကန်ဗိုလ်ချုပ် ဂျိုးဇက်ရိုင်ယန်

 

Burma Associated Press

 

အမေရိကန်
ဖိလစ်ပိုင်
တရုတ်
မြောက်ကိုးရီးယား

Share With
bap-logo