bap-logo
Politics

ကိုဗစ် - ၁၉ ရန်ပုံငွေမှ ချေးငွေ ကျပ် ၁၃ ဘီလီယံကျော် ပြန်ဆပ်ဖို့ ၁ နှစ် သက်တမ်းတိုး

GZNz3jqTzfNEBVIZn0SFG-image

လွန်ခဲ့သော တစ်နှစ် က

ဖေဖေါ်ဝါရီ ၁။

 

ကိုဗစ် - ၁၉ ကြောင့် ထိခိုက်ခဲ့သည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလ ကို သက်တမ်း () နှစ် ထပ်မံ တိုးမြှင့်ပေးလိုက်သည်။

 

ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍမှ ထိခိုက်မှု အများဆုံးဖြစ်သည့် လုပ်ငန်းများအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်မှစတင်၍ ကုမ္ပဏီ နှင့် လုပ်ငန်း စုစုပေါင်း ၈၇၉ ခု အတွက် ချေးငွေ ပမာဏ ကျပ် ၁၃ ဒသမ ၁၃၂၅ ဘီလီယံ ချေးငွေများထုတ်ပေးခဲ့သည်ဟု ကိုဗစ် (၁၉)ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက အသိပေး ထုတ်ပြန်ခြင်းဖြစ်သည်။

 

အဆိုပါချေးငွေများကို လာမည့် မတ်လ ရက်တွင် ပြန်လည်ပေးဆပ်ရမည့် ကာလ‌ရောက်ပြီ ဖြစ်သော်လည်း သက်တမ်း () နှစ် စေ့ရောက်သည့်နေ့မှစ၍ () နှစ် တိုးမြှင့်ပေးလိုက်ခြင်းဟုဆိုသည်။

 

အဆိုပါ ချေးငွေပြန်ဆပ်ရန်ကာလကို ချေးငွေကာလ သက်တမ်း ()နှစ်စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ်နှစ် ထပ်မတိုးမြှင့်ပေးတော့ကြောင်းလည်း အသိပေးထားသည်။

 

ချေးငွေယူထားသည့် ကုမ္ပဏီ၊ လုပ်ငန်း ၈၇၉ ခု အနေဖြင့် ပထမနှစ်အတွက် ပထမအကြိမ် အတိုးများပေးဆပ်ပြီး ဖြစ်ရန် ဒုတိယနှစ်အတွက် ဒုတိယအကြိမ် အတိုးများကို ကာလပြည့်မီက ပေးဆပ်ပြီး ဖြစ်ရန်နှင့်ချေးငွေကို ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ၊လုပ်ငန်း ဖြစ်ရမည်ဖြစ်သည်ဟုလည်းဆိုသည်။

 

လုပ်ငန်းကော်မတီက ခွင့်ပြုခဲ့သည့်ချေးငွေ ထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြား စာတွင်ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်းအသိပေး ဖော်ပြထားသည့်အတွက် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ၊ လုပ်ငန်းများအနေဖြင့် ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက တရားမကြောင်းအရ ချေးငွေသဘောတူစာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့် ကာလအတွင်း အပြီးသတ် အပြေအကျေပေးဆပ်ရန် အသိပေးကြေညာစာတွင် ဖော်ပြထားသည်။

 

Burma Associated Press

ကိုဗစ်- ၁၉
ချေးငွေ

Share With
bap-logo