bap-logo
Politics

အခွင့်အရေးချိုးဖောက်မှု စိုးရိမ်ဖွယ်ရှိသော မြန်မာနိုင်ငံမှ ဇီဝတိုင်းတာမှုအချက် အလက်များ စုဆောင်းကောက်ခံနေမှု

FpXxddPqc76V6sDlx1taT-image

လွန်ခဲ့သော တစ်နှစ် က

ဩဂုတ် ၄။

မြန်မာနိုင်ငံတွင် ဂဏန်း ၁၀ လုံးပါ အမျိုးသားမှတ်ပုံတင်ကဒ်ပြားများ ထုတ်ဝေမည့် အစီအစဉ်အရ ဇီဝ အချက်အလက်များ စုဆောင်းကောက်ယူနေခြင်းသည် အခွင့်အရေးလှုပ်ရှားသူများအကြား စစ်အာဏာရှင် တို့အနေဖြင့် ဖြစ်ပေါ်နေသော စိုးရိမ်ဖွယ်လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုဆိုးရွားစေနိုင်သည်ဟု ဝေဖန်မှုများ ဖြစ်ပေါ်စေခဲ့သည်။



EngageMedia
ဆောင်းပါးအရ စစ်အာဏာရှင်တိုသည် ဇီဝတိုင်းတာမှုအချက်အလက် စုဆောင်းသူများကို လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံတွင်း မြို့တော်နှင့် မြို့နယ်များစွာတွင် နိုင်ငံသားတို့၏ ဇီဝ တိုင်းတာမှုနှင့် ကိုယ်ရေးအချက်အလက်များ စုဆောင်းကောက်ယူခဲ့သည်ဟု သိရသည်။



၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းယူစဉ်ကပင်စ၍ မြန်မာစစ်တပ်အာဏာပိုင်များသည် အင်တာနက်ဖြတ်တောက်မှုနှင့် မိုဘိုင်းကွန်ရက် ကန့်သတ်ခြင်းများပြုလုပ်၍ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်အပါအဝင် အခွင့်အရေးချိုး ဖောက်မှုများ ကျူးလွန်ခဲ့ကြသည်ဟု စွပ်စွဲခံထားရသည်။



လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လက်ဗွေရာ၊ မျက်ဝန်းနှင့် မျက်နှာမှ ဇီဝတိုင်းတာမှုများ စုဆောင်းရယူခဲ့မှုကို ဦးဆောင်ပြုလုပ်ခဲ့ပြီး အခြားသော ကိုယ်ရေးအချက်အလက်များဖြစ်သည့် နာမည်၊ လိပ်စာ၊ သွေးအုပ်စုနှင့် ဖုန်းနံပါတ်တို့ကိုလည်း စုဆောင်းရယူခဲ့သည်။ အချက်အလက်စုဆောင်းရယူမှုကို အသက် ၁၀ နှစ် နှင့် အထက် နိုင်ငံသားများထံမှသာမက နိုင်ငံတွင်း နေထိုင်သော နိုင်ငံခြားသားများထံမှလည်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။



အခွင့်အရေးလှုပ်ရှားသူများက ဒစ်ဂျစ်တယ်ကိုယ်ပိုင်ကဒ်ပြားစီမံချက်အတွက် ကိုယ်ရေးအချက်အလက် ကောက်ယူမှုများသည် စောင့်ကြပ်ကြည့်ရှုရန်နှင့် အစိုးရကို ဝေဖန်မှုအပြင်းအထန်ပြုလုပ်သည့် အမြင်မတူ သူများကို ဖိနှိပ်ရာ၌ အသုံးပြုရန်ဖြစ်သည်ဟု စွပ်စွဲပြောဆိုကြသည်။



သတင်းအချက်အလက်နှင့် နည်းပညာနယ်ပယ်တွင် ဆန့်ကျင်သူတို့ကို ရက်စက်စွာ အင်အားသုံး ထိန်းချုပ် နေသည့် စစ်အာဏာရှင်တို့သည် "ဒစ်ဂျစ်တယ်အာဏာရှင်" စနစ်သို့ သက်ဆင်းနေခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများ၏ စွပ်စွဲပြောဆိုမှုကိုလည်း EngageMedia  က ရည်ညွှန်းဖော်ပြခဲ့သည်။



စစ်အာဏာရှင်တို့၏ မျက်နှာမှတ်သားသိရှိနိုင်သည့် စောင့်ကြည့်ရေး စီမံချက်ကိုလည်း စိုးရိမ်မှုရှိကြောင်း ၂၀၂၁ ခုနှစ်တွင် Human Rights Watch က ထုတ်ပြန်ကြေငြာခဲ့သည်။ နိုင်ငံ၏မြို့တော်တွင် AI တပ်ဆင်ပါဝင်သည့် စောင့်ကြည့်ရေးကင်မရာ အခု ၃၀၀ ကျော် တပ်ဆင်သည့် စီမံချက် ပထမအဆင့်တွင် စိုးရိမ်မှုများ မြင့်တက်လာခြင်းဖြစ်သည်။



မြန်မာနိုင်ငံ၏ အမျိုးသားဇီဝတိုင်းတာမှု အချက်အလက်အစုအဝေးစီမံကိန်းကို ၂၀၁၉ ခုနှစ်တွင် ပထမဆုံး ဖော်ထုတ်ပြသခဲ့သည်။

 

ကိုးကား - biometricupdate.com

 

Burma Associated Press

မြန်မာ
အာဏာသိမ်းမှု

Share With
bap-logo