bap-logo
Politics

စစ်ကောင်စီက စစ်ကောင်စီကို ထပ်ပြင်ဆင်ဖွဲ့စည်းပြန်

vtjtlIbOsUWJt1S7syiLC-image

လွန်ခဲ့သော တစ်နှစ် က

ဩဂုတ် ၂။

အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုသည့် အဖွဲ့ကို ယနေ့ ထပ်မံပြင်ဆင် ဖွဲ့စည်းခဲ့သည်။

 

အဆိုပါ ပြင်ဆင်မှုအရ ယခင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ အဖွဲ့ဝင် ဦးမောင်ကိုနှင့် ဒေါက်တာ အောင်ကျော်မင်းတို့ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ တာဝန်မှ အနားယူခွင့် ပြုလိုက်ပြီး ၁၈ ဦးဖြင့် ယနေ့ပြင်ဆင်ဖွဲ့စည်းခဲ့ သည်။

 

အဆိုပါ ပြင်ဆင်ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အဖွဲ့ဝင်များ အဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ဒေါက်တာ မှုထန်၊ ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်တို့ ပါဝင်သည်။

 

Burma Associated Press

မင်းအောင်လှိုင်
စစ်ကောင်စီ

Share With
bap-logo