bap-logo
Politics

စိန်ခေါ်မှုများကြောင့် မြန်မာအလုပ်သမား ဈေးကွက် မတည်ငြိမ်နိုင်သေးဟု ILO ထုတ်ပြန်

BGMIK7HADxJieympvNzzk-image

လွန်ခဲ့သော တစ်နှစ် က

            အလုပ်အကိုင်ရရှိမှုနှုန်း၊ အလုပ်အကိုင်အရည်အသွေးနှင့် ထုတ်လုပ်နိုင်စွမ်းစသည့် အလုပ်သမား ဈေးကွက်တိုင်းတာမှုများသည်  အမျိုးသမီးအလုပ်သမားများအပေါ် အထူးတလည် ရိုက်ခတ်မှုနှင့်အတူ ဆက်လက်ကျဆင်းနေသည် ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO)က ၂၇ ရက် ဂျူလိုင်လ ၂၀၂၃ တွင် ထုတ်ပြန်သည်။

 

           မြန်မာအလုပ်သမားဈေးကွက်သည် ကိုဗစ်-၁၉ အကျပ်အတည်း ရိုက်ခတ်မှု၊ ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းမှုနှင့် လူမှုစီးပွား မတည်ငြိမ်မှု အကျိုးဆက်များကို ဆက်လက်ခံစားနေရသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ လက်ရှိ အလုပ်သမားဈေးကွက်အရေး ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

 

            ILO က နိုင်ငံတွင်း အလုပ်သမားဈေးကွက်ကို စိန်ခေါ်နေသော တိုင်းတာသည့်အချက်များ အားလုံးကို ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

            အချို့ကဏ္ဍများတွင် လတ်တလော အလုပ်အကိုင် ရရှိမှုနှုန်းများ ပြန်လည် မြင့်တက် လာသော်လည်း လူဦးရေးတိုးတက်လာမှုနှုန်းကို အလျင်မမီအောင် မဖြည့်ဆည်းနိုင်သေးပါ။ ရလဒ်အားဖြင့် အလုပ်အကိုင်ရရှိမှုနှင့် လူဦးရေအချိုးမှာ ၂၀၂၂ ခုနှစ်က ၅၄.၅ % သည် ၂၀၁၇ ခုနှစ် ထက် ၈.၂ % နိမ့်ကျနေသည့်အတွက် သိသာစွာ ကျဆင်းမှုကို တွေ့ရပါသည်။

 

           အလုပ်သမားများကို အခွန်စည်းကျပ်မှုနှင့် အစိုးရ စောင့်ကြပ်မှုမရှိသည့်ကဏ္ဍများသို့ ပိုမိုတွန်းပို့မှုကြောင့် အလုပ်အကိုင် အရည်အသွေးများ ကျဆင်းလာခဲ့သည်။ ထုတ်လုပ်နိုင်စွမ်း မှာလည်း ၂၀၂၁ ခုနှစ်တွင် ၈ %၊ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် နောက်ထပ် ၂ % ကျဆင်းလာသည်ဟု ခန့်မှန်းရသည်။

 

            မြန်မာနိုင်ငံမှ အမျိုးသမီးများအပေါ် အလုပ်အကိုင်ရရှိမှုနှင့် လူဦးရေအချိုးမညီမှု၏ ရိုက်ခတ်မှုကိုလည်း ဖော်ထုတ်ထားပြီး အမျိုးသားများထက် ၂ ဆ ကျဆင်းသွားသည်။

 

            ILO ၏ ဆက်သွယ်ညှိနှိုင်းရေးရုံး အရာရှိ Donglin Li က မြန်မာနိုင်ငံရဲ့ အလုပ်အကိုင် အခြေအနေတွေက တည်ငြိမ်ခိုင်မာမှု မရှိသေးဘဲ အလုပ်သမား အမြောက်အများအတွက် အလွန် မသေချာ မရေရာတဲ့ အနာဂတ်ရဲ့ ရင်ဆိုင် စိန်ခေါ်မှုတွေ ကြုံတွေ့နေရပါတယ်။ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ခြင်းက မြန်မာနိုင်ငံနဲ့ လူထုရဲ့ အနာဂတ်အလားအလာအတွက် အရေးပါတဲ့ နေရာက ရှိနေဆဲဖြစ်ပြီး လူမှုတရားမျှတမှုနဲ့ အလုပ်အကိုင် ကောင်းမွန်မှုအတွက် ကြိုတင်လိုအပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ဟု ပြောကြားသည်။

 

ကိုးကား - ILO

ပုံစာ - ရန်ကုန် သစ်သီးဈေးကွက်တွင် လုပ်ကိုင်သူတစ်ဦး။ © Shutterstock

 

မြန်မာ
အလုပ်သမား
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့

Share With
bap-logo