bap-logo
Politics

KNU အမည် ဆင်တူယိုးမှားပြုလုပ်ပြီး သတင်းအမှားများ ဖြန့်ခြင်းနှင့် အလှူငွေများ လိမ်လည်ရယူနေသည့် Fackbook Page များရှိနေ

399sQcqvJ2iSkW-Zbuywn-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၂၉။

ကေအဲန်ယူကရင်အမျိုးသားအစည်းရုံးအမည်ကို ဆင်တူယိုးမှားပြုလုပ်ပြီး သတင်းအမှားများ ဖြန့်ဝေခြင်းနှင့် ပြည်လူထုထံမှ အလှူငွေများလိမ်လည် ရယူနေသည့် Fackbook Page များပေါ်ပေါက် လျက်ရှိနေသည်ဟု KNU (ဗဟို) က ယနေ့ သတိပေးလာသည်။

 

ဖော်ပြပါ KNU Brigade 3 - Army 9 -1035 နှင့် KNLA - PDF Kyaukkyi News facebook Page နှစ်ခုသည် ကေအဲန်ယူလယ်ဒိုမြို့နယ်၏ တရားဝင် Facebook Page သဖွယ်ဆင်တူယိုးမှား ပြုလုပ်ကာ သတင်းမှားများ ဖြန့်ဝေလျှက်ရှိသည်ဟု ကေအဲန်ယူကဆိုသည်။

 

ထို Facebook Page များသည် ကေအဲန်ယူလယ်ဒို မြို့နယ်ထံမှ ခွင့်ပြုချက် တစ်စုံတစ်ရာမျှရယူခြင်းမရှိဘဲ ဖွင့်လှစ်ထားသော ကေအဲန်ယူလယ်ဒိုမြို့နယ် နှင့်မသက်ဆိုင်သည့် Facebook Page များသာဖြစ်သည် ဟုလည်း ဖော်ပြထားသည်။

 

ကေအဲန်ယူခလယ်လွီထူခရိုင်သည် တရားဝင် Facebook Page ဖွင့်လှစ် ထားခြင်းမရှိဘဲ ခလယ်လွီထူခရိုင်၏ သတင်းများကို ကေအဲန်ယူကရင် အမျိုးသားအစည်းအရုံး၏ တရားဝင် Facebook Page ဖြစ်သည့် blue mark အမှတ်အသားပါ Karen National Union မှတဆင့် လူထုအားအသိပေး ချပြလျက်ရှိသည်ဟုဆိုသည်။

 

ထို့အပြင် KNU Brigade 3 - Army 9 -1035 နှင့် KNLA - PDF Kyaukkyi News facebook Page များမှ ပြည်သူလူထုများ ထည့်ဝင်သော အလှူငွေများကိုလိမ်လည် လက်ခံလျက်ရှိနေသည်ကိုလည်း စုံစမ်းသိ ရှိရသည်ဟု ကေအဲန်ယူကဆိုသည်။

 

အလားတူပြဿများကို ယခင်ကလည်းစုံစမ်းဖော်ထုတ်ထားပြီးဖြစ်သော်လည်း လိမ်လည်သူများနေဖြင့် နည်းလမ်းတစ်ခုတည်းကိုဘဲ ထပ်ခါထပ်ခါ အသုံးပြုပြီး ထပ်မံကျူးလွန်လျက်ရှိနေသည်ကို တွေ့ရှိရ ပါသည်ဟုဆိုသည်။

 

မိဘပြည်သူများအနေနှင့် ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ် နယ်မြေများအတွင်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများနှင့် အခြားသောအကူအညီများကို ပေးအပ်လိုသည့်အခါ သက်ဆိုင်ရာခရိုင်မြို့နယ်များ၏ တရားဝင်ခွင့်ပြုချက်ရှိမရှိ သေချာစွာ မေးမြန်းမှုများ ပြုလုပ်ပြီးသည့်အခါမှသာ ကူညီထောက်ပံ့မှုများကို ပေးစေလိုသည်ဟု ကေအဲန်ယူက အသိပေးထားသည်။

 

ပုံစာသတင်းအမှားများနှင့် အလှူငွေများလိမ်လည်လက်ခံလျှက်ရှိသည်ဟု KUU ဗဟိုက ကြေညာသည့် KNU Brigade 3 - Army 9 -1035 နှင့် KNLA - PDF Kyaukkyi News facebook Page များ။

( ဓာတ်ပုံ- ကေအဲန်ယူ(ဗဟို)

 

Burma Associated Press

Facebook
ကေအဲန်ယူ

Share With
bap-logo