Politics
ရဟန်းတော်တွေ သတိထားသွားလာရန်နဲ့ အစစ်ဆေးခံရန် စစ်ကောင်စီပြည်သူစစ် ခြိမ်းခြောက်လာ
လွန်ခဲ့သော ၇ လ က
ဇွန် ၂၆။
စစ်ကောင်စီလက်အောက်ခံပအိုဝ်းပြည်သူ့စစ်တွေကရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် လွယ်မောဒေသက ရဟန်းသံဃာတော်တွေ သတိထားသွားလာဆင်ခြင်ကြရန်နဲ့ စစ်ဆေးတဲ့အချိန်အစစ်ဆေးမခံပါက PNO ရဲဘော်တွေရဲ့အမှား မဟုတ်လို့ဆိုပြီးပြောဆို ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။
ရဟန်းသံဃာတွေရဲ့ သင်္ကန်းကိုရိုသေပေမယ့် လူကိုမရိုသေနိုင်လို့ပြောဆိုနေပြီး လွယ်မောဒေသရှိ ရဟန်းသံဃာတွေကို ပြည်သူ့စစ်က ပြောဆိုခြိမ်းခြောက်သွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က အသိပေးထားပါတယ်။
ဇွန်လ ၁၉ ရက်နေ့က စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်က ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာအုပ်စု လွယ်ကျိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းထိုင်ဆရာတော် ဦးနေမိန္ဒ သက်တော် ၃၉ နှစ် ပျံလွန်တော်မူခဲ့တဲ့ ဖြစ်စဥ်တခုဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်စဥ်ဖြစ်ပွားခဲ့တဲ့အပြီး ဇွန်လ ၂၄ ရက်က သံဃာတော်တွေ အသွားအလာဆင်ခြင်ဖို့ သတိပေးခဲ့တာလို့ မြို့ခံအချို့က ပြောပါတယ်။
"ဆီဆိုင်မြို့မဝင်ခင်ဟိုပုံးမြို့ထွက်ကတည်းက တလမ်းလုံးမှန်ချမောင်းရတယ်၊ နေပူပူ မိုးရွာရွာတံခါးဖွင့်ထားရတယ်၊ ပအိုဝ်းပြည်သူ့စစ်တွေထဲမှာ သေနတ်ကိုင်ထားတဲ့စစ်သားတွေက အရက်မူးနေတာများတယ်၊ သူတို့တားလို့မရပ်ရင်ပစ်ဖို့အဆင်သင့်မောင်းတင်ထားကြတာ၊ ဦးနှောက်မရှိသူတွေလက်ထဲ သေနတ်ရှိနေတော့ ပြည်သူ့အသက်က အလကားတန်ဖိုးမရှိဘူးလို့"ဆီဆိုင်မြို့ခံတဦးကပြောပါတယ်။
ဒီရက်ပိုင်းအတွင်း ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသမှာတိုက်ပွဲများဖြစ်ပွားခြင်းမရှိပေမယ့် စစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေဟာ ဇွန်လ ၂၁ ရက်က ရွာတွေကို အစည်းအဝေးခေါ်ယူပြီး ဒေသခံတွေ ရွာအပြင်ကို ထွက်ခွင့်မပြုဘူးလို့ ခြိမ်းခြောက်ပြောဆိုခဲ့တဲ့အပြင် ပင်အွန်းရွာသူကြီးကို ရိုက်နှက်နှိပ်စက်မှုပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ရွာအပြင်ထွက်ပါက တော်လှန်ရေးတပ်ဖွဲ့တွေလို့ သတ်မှတ်ကာ ပစ်ခတ်မယ်လို့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က အစည်းအဝေးခေါ်ယူ ခြိမ်းခြောက်ပြောဆိုခဲ့တာလို့ ဆိုပါတယ်။
ဆီဆိုင်မြို့နယ် လွယ်ထွဲကျေးရွာမှာ ပုံမှန်စျေးလာရောင်းနေတဲ့ ညောင်ရွှေမြို့နယ် ကျားတွန်ကျေးရွာက လူငယ် နှစ်ဦးကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ဇွန်လ ၂၀ ရက်နေ့မှာ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
Related Articles
- အရေးပေါ်ရိက္ခာ မက်ထရစ်တန် တစ်ထောင်ကျော်သိုလှောင်ထားသည့် ဂိုဒေါင်ဖောက်ထွင်း မီးရှို့ခံရမှု WFP ရှုတ်ချ
- ဆီဆိုင်မြို့မှာ ဒေသခံတွေ ကျပ် ၅ သိန်းကနေ ၈ သိန်းအထိပေးဖို့ စစ်တပ်နဲ့ ပြည်သူ့စစ် ငွေတောင်းကြမ်းနေ
- အိုးဘိုထောင်ဝန်ထမ်းတွေ ဝိုင်းရိုက်လို့ နိုင်ကျဉ်းတစ်ဦးသေဆုံးခဲ့ရ
- ကျောက်မဲတိုက်ပွဲ အရပ်သား နှစ်ဦးသေဆုံး
Top News
လွန်ခဲ့သော ၁၁ နာရီ က
လွန်ခဲ့သော ၅ ရက် က