Local News
ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ်က ရွာအဝင်လမ်းများကို ဘူဒိုဇာနှင့် ဖျက်ဆီးသွား
လွန်ခဲ့သော ၂ နှစ် က
ဧပြီ - ၃
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် လက်ရှိစစ်ကြောင်းထိုးနေသည့် စစ်အုပ်စုက ကျေးရွာတချို့၏ ရွာအဝင်လမ်း များကို ဘူဒိုဇာနှင့် ထိုးကာဖျက်ဆီးသွားကြောင်း ဒေသခံများကပြောသည်။
ယမန်နေ့ ဧပြီလ ၂ ရက်က ဒီပဲယင်းမြို့အနောက်ဖက်ခြမ်းရှိ ကြည်ရွာအဝင် လမ်းပိုင်းများနှင့် မူးမြစ်ဘောင်များကို ဘူဒိုဇာနှင့် ဖျက်ဆီးသွားကြောင်း၊ တစ်ရွာနှင့်တစ်ရွာ သွားလာမှု ခက်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
" တကယ်တမ်းက သူတို့ကြောက်ပြီး ရည်ရွယ်ချက်နဲ့လုပ်သွားတာပါ။ သွားမရအောင် လုပ်သွားတယ်။ နောက်ပြီး ဆိုင်ကယ်တွေကိုလည်း ဘာမှာမဟုတ်ဘဲနဲ့ မြစ်ထဲကန်ချသွားတယ်ဗျ။ စစ်ရှောင်တွေကတော့ အလွယ်တကူ ထွက်မရဘူးပေါ့ဗျ " ဟု ဒေသခံတဦးက ပြောသည်။
မတ်လ ၂၇ ရက်နေ့မှာ စတင်ပြီး ဘုတလင်မြို့က ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည့် စိုင်ပြင် - ဒီပဲယင်း လမ်းတစ်လျှောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း၊ ယင်းကြောင့် ဒေသခံ ထောင်ချီပြီး စစ်ရှောင်နေကြရကြောင်း သိရသည်။
ထို့အပြင် ယင်းစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးအဖွဲ့များ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်နေကြောင်း၊ စစ်အုပ်စုက အဆိုပါတိုက်ပွဲများတွင် လေယာဉ်ဖြင့် ၃ ရက် ဆက်တိုက် ပစ်ခတ်မှုများ လုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
Related Articles
- ကန်ပက်လက်မှ စစ်ဘေးရှောင်ကလေးများနှင့် လူကြီးအချို့ အရေပြားရောဂါနှင့် ဝမ်းပျက် ဝမ်းလျှော ဖြစ်နေ
- PRF ထောက်ပို့အစီအစဉ်မှ ရရှိသည့် ရိက္ခာငွေ၏ ၇၅ ရာခိုင်နှုန်းခန့်ကို မြေပြင်အဖွဲ့များထံ ထောက်ပံ့နိုင်ခဲ့
- ရွှေဘိုတက္ကသိုလ်ရှေ့တိုက်ပွဲတွင် စစ်အုပ်စု ခြောက်ဦးသေ၊ PDF နှစ်ဦးကျဆုံး
- ဒီပဲယင်းမြို့နယ်တွင် စစ်ရှောင်ဘေးရှောင် ထောင်ချီ စားနပ်ရိက္ခာတွေ လိုအပ်နေ