Politics
ပူတာအိုမှာ ဓာတ်ဆီ တစ်ပုလင်းကို တစ်သောင်းကျပ် ဖြစ်နေ
လွန်ခဲ့သော ၁၀ လ က
ဧပြီ ၁၅။
ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ဓာတ်ဆီ တစ်ပုလင်းကို တစ်သောင်းကျပ်ထိ ဈေးမြင့်တက်လာနေတယ် လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဆီက သူဌေးတွေက ကြိုပြီးမှ ကိုယ့်အိမ်နဲ့ကိုယ် စုထားပြီးမှ အဲလိုလုပ်တာလေ၊ ဘာကျင့်ဝတ်မှ မရှိဘူး” လို့ ဒေသခံတစ်ဦးက BAP ကို ပြောပါတယ်။
ပူတာအိုမှာ စက်သုံးဆီဆိုင်အများစုကလည်း ပိတ်ထားတယ်လို့ သိရပါတယ်။
“ဒီဇယ်ဈေးက လွန်ခဲ့တဲ့ နှစ်ရက်က တစ်ပေပါကို သိန်း ၂၀ ကျော် ပေါက်တယ်၊ ဒါတောင်မှ သူစိမ်းတွေဆို မရဘူးပြောတယ်၊ သိတဲ့လူအချင်းချင်းတွေ၊ ကိုယ့်အမျိုးတွေကိုပဲ ရောင်းပေးတာတဲ့၊ ပေပါလိုက်က သိန်း ၂၀ ကျော် ရှိတယ်” ဆိုပြီး ပြောပါတယ်။
မြစ်ကြီးနား–ပူတာအို ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ် နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် မတ်လ ၈ ရက်ကစပြီး ဒီနေ့ ဧပြီ ၁၅ ရက်အထိ အဲဒီလမ်းပိုင်းကို ပိတ်ထားဆဲ ဖြစ်ပါတယ်။
အဲဒီလို လမ်းပိတ်ထားတဲ့အတွက် ကုန်စည်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနေပြီး သွားလာရေး အခက်ခဲတွေ ကြုံတွေ့နေရတယ်လို့ ပူတာအိုဒေသခံတွေက လူမှုကွန်ရက်မှာ မျှဝေထားကြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်၊ ပူတာအိုနဲ့ မချမ်းဘောဒေသမှာ တရားမဝင်သစ်ထုတ်တာ၊ တောရိုင်းတိရစ္ဆာန်ရောင်းဝယ် ဖောက်ကားတာ၊ ရွှေကျင်တာတွေလည်း အများအပြားဖြစ်ပေါ်နေပါတယ်။
ပုံစာ- ပူတာအိုက ပိတ်ထားတဲ့ စက်သုံးဆီဆိုင်တွေ (ဓါတ်ပုံ- လူမှုကွန်ရက်)
Related Articles
- ရန်ကုန်မြို့နယ်အချို့မှာ သင်္ကြန်ကာလ ရေကစားတဲ့ သေနတ်ကိုင်ရင် အရေးယူမယ်လို့ စစ်ကောင်စီ သတိပေး
- မြန်မာဒုက္ခသည်များအတွက် ထိုင်းပြင်ဆင်၊ မြဝတီ နယ်စပ်ကုန်သွယ်ရေးအစား ရနောင်းကို အသုံးပြုဖွယ်ရှိကြောင်းပြော
- သင်္ကြန်အကြိုနေ့မှာ အတွဲလိုက်ဒုံးတွေနဲ့ပစ်လို့ ကော့ကရိတ်တောင်ပိုင်းကျေးရွာမှာ နေအိမ်တွေ မီးလောင်ပျက်စီး
- မြဝတီကို အကြမ်းဖက်တိုက်ခိုက်မှု မပြုရန် မြန်မာစစ်တပ်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
Top News
လွန်ခဲ့သော ၁၂ နာရီ က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၆ ရက် က