bap-logo
Politics

ရခိုင်ရှိ အင်အားနည်းသည့် ရဲစခန်းများပေါင်းစည်းထားရန် စစ်ကောင်စီ လုပ်ဆောင်နေ

9R3yXoF2p2O2JxszJDJsR-image

လွန်ခဲ့သော တစ်နှစ် က

နိုဝင်ဘာ ၁၅။

 

ရခိုင်ပြည်နယ်အတွင်းရှိ အင်အားနည်းသော ရဲစခန်းများကို ပြန်လည်ပေါင်းစည်းရေး လုပ်ဆောင်နေ ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် ဖော်ပြသည်။

 

" ကျွန်တော်တို့ အနေနဲ့ကတော့ အင်အားနည်း စခန်းလေးတွေကို စစ်ရေးနည်းဗျူဟာအရ ပြန်လည် ပေါင်းစည်းဖို့ လုပ်နေတာရှိတယ်" ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၁၄ တွင် ပြောသည်။

 

ရက္ခိုင့်တပ်တော် (AA) သည် နိုဝင်ဘာ ၁၃ ရက်က ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း အငူမော်- မောင်တော ကားလမ်း ပေါ်ရှိ ဒုံးပိုက် နယ်ခြားစောင့်စခန်းနှင့် ချိန်ခါလီ နယ်ခြားစောင့်စခန်းတို့အား ဝင်ရောက် တိုက်ခိုက်ပြီး ၁၀၂၇ စစ်ဆင်ရေးကို ရခိုင်ပြည်နယ်တွင် စတင်ခဲ့သည်။

 

ချိန်ခါလီ နယ်ခြား စောင့် တပ်စခန်းကို နိုဝင်ဘာ ၁၄ ရက် နံနက်တွင် ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက် ရရှိကြောင်း ညီနောင် ၃ဖွဲ့က သတင်းထုတ်ပြန်သည်။

 

ရက္ခိုင့်တပ်တော်က နှစ်ရက်ကြာတိုက်ခိုက်မှုအပြီးတွင် ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ခဲ့ ခြင်းဖြစ်သည်။

 

နိုဝင်ဘာ (၁၄) ရက်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ရဲစခန်းအချို့ကို သိမ်းပိုက်ရရှိ ထားကြောင်း AA ဘက်မှ သတင်းထုတ်ပြန်မှုများ ရှိနေသည်။

 

ထို့အပြင် ပလက်ဝမြို့နယ်အတွင်းရှိ တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာ တပ်စခန်းနှစ်ခုကို AA က ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ပုံစာ - ရခိုင်ပြည်နယ် မောင်တောမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း)

 

Burma Associated Press

ရခိုင်
ရဲ
စစ်ကောင်စီ
ရက္ခိုင့်တပ်တော်

Share With
bap-logo