bap-logo
Politics

အကျဉ်းထောင်အတွင်းမှ ခြောက်ခြားဖွယ်တို့ကို ပြန်ပြောခဲ့သည့် စီးပွားရေးပညာရှင် ရှောင်တာနယ်

QZ85gbKr26kVoW53vsejW-image

လွန်ခဲ့သော တစ်နှစ် က

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချပြီး ရက်ပိုင်းတွင် ရဲများက ၎င်း၏ အခန်းကို စောင့်ကြည့်နေကြောင်းနှင့် ထွက်ပြေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်လုပ်ကိုင်ခဲ့သည့် ဩစတြေးလျလူမျိုး စီးပွားရေးပညာရှင်ဆီသို့ အမည်မဖော်ပြထားသည့် အီးမေးလ် တစ်စောင် ရောက်ရှိလာခဲ့သည်။

 

Macquarie တက္ကသိုလ်မှ စီးပွားရေးပါမောက္ခဖြစ်သူ ရှောင်တာနယ်ကို မကြာခင်ပင် ဖမ်းဆီးလိုက်ပြီး စစ်တပ်က ဒီမိုကရေစီအရေး ဆန္ဒပြသူများနှင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရနှင့် အလုပ်လုပ်ကိုင်ခဲ့သူများကို ရက်ရက် စက်စက်နှိမ်နင်းမှုများလည်း စတင်လိုက်သည်။

 

သူလျှိုမှုနှင့် စွပ်စွဲခံရပြီး စစ်အာဏာပိုင်တို့၏ တရားရုံးမှ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရသည့် ရှောင်တာနယ် သည် မြန်မာအကျဉ်းထောင်အတွင်း ရက်ပေါင်း ၆၅၀ ကျခံခဲ့ရကာ မနှစ်က လွတ်ငြိမ်းချမ်းသာခွင့်ပြန် ပြန်လည် လွှတ်ပေးခဲ့သည်။

 

အသက်ရှင်လျက် ပြန်မထွက်လာနိုင်ဟု ခံစားခဲ့ရပုံများ၊ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွဲဘက် ခုခံကာကွယ်ခဲ့ပုံများနှင့် အမှတ်ရဖွယ်အကောင်းဆုံး မွေးနေ့ကိတ်အကြောင်းတို့အပါအဝင် နာကျင်ခြောက်ခြား ဖွယ်ရာ တွေ့ကြုံခဲ့ရပုံတို့ကို ရေးသားထားသည့် စာအုပ်အကြောင်း AFP နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောပြခဲ့သည်။

 

လျှို့ဝှက် မိတ်ဆွေ” ထံမှ ၎င်းရရှိခဲ့သည့် သတိပေးအီးမေးလ်သည် လွန်စွာ နောက်ကျပြီးမှ ရရှိခဲ့ကာ ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ပြီး မကြာခင်မှာပင် ဖမ်းဆီးခံခဲ့ရသည်

 

လျှို့ဝှက် မိတ်ဆွေ” ထံမှ ၎င်းရရှိခဲ့သည့် သတိပေးအီးမေးလ်သည် လွန်စွာ နောက်ကျပြီးမှ ရရှိခဲ့ကာ ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ပြီး မကြာခင်မှာပင် ဖမ်းဆီးခံခဲ့ရသည်။

 

ရန်ကုန်မြို့ရှိ ရဲစခန်းတစ်ခုတွင် ဦးစွာ ထိန်းသိမ်းထားခဲ့ပြီး အာဏာသိမ်းမှုကို ဆန့်ကျင့်ဆန္ဒပြသည့်အနေဖြင့် အစောပိုင်းကာလက အိုးခွက်များကို တီးနှက်နေသည့် အသံများကိုပင် ကြားနေရသည်ဟု "ဖြစ်နိုင်ချေမရှိသော အကျဉ်းသားတစ်ဦးစာအုပ်တွင် ရေးသားခဲ့သည်။

 

၎င်းကို ရဲနှင့် စစ်တပ်မှ ရက်သတ္တပတ်များစွာ စစ်ဆေးမှုကို " အလွန်အကျွံအသုံးပြုထားတဲ့ Kafkaesque (စာရေးဆရာ Franz Kafka ခြောက်ခြားဖွယ် ဖိနှိပ်ခံရမှုကို ပုံဖော်သည့်စကားလုံး) ဆိုတာကိုပဲ အသုံးပြုနိုင်တော့ တယ်။” ဟု ဆစ်ဒနီမြို့တွင် AFP သို့ ပြောကြားသည်။

 

၎င်းကို "လျှို့ဝှက်" ဟု မှတ်သားထားသည့် စာရွက်စာတမ်းတစ်ခုကို ယူလာပြပြီးနောက် ၎င်းမည်သို့ ရရှိထား ကြောင်း မေးမြန်းခဲ့သည်။

 

၎င်းစာရွက်စာတမ်းမှာ အစိုးရအတွက် အလုပ်လုပ်ပေးရာတွင် ပါဝင်သည့် ၎င်းရေးသားထားသော စာရွက် စာတမ်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

 

ကျွန်တော်က ပြောတယ် 'ကြည့်ပါဗျာ။ ကျွန်တော့်ဆီမှာ ရှိတယ်ဆိုတာ ကျွန်တော့်ပိုင်ဆိုင်မှုဖြစ်လို့ပါ။ သူတို့က ပြောတယ်။ 'ကောင်းပြီလေ။ ဒါက အရေးမကြီးဘူး။ ခင်ဗျားဆီမှာ မရှိသင့်ဘူး။’

 

အဲဒီအချိန်က စပြီးတော့ဗျာ၊ ကမ္ဘာကြီး ကျွမ်းထိုးမှောက်ခုံဖြစ်သွားပြီဆိုတာ ပထမဆုံးအကြိမ်လည်းမဟုတ်၊ နောက်ဆုံးအကြိမ်လည်းမဟုတ် သိလိုက်ရတယ်။"

 

စစ်ဆေးမေးမြန်းမှုများမရှိတော့သည့် ထောင်တွင်းဘဝသည် ခက်ခဲပြီး အထီးကျန်သည်ဟု ရှောင်တာနယ်က AFP ကို ပြောကြားခဲ့ကာ "အနိမ့်ဆုံး” ကျန်းမာရေးစောင့်ရှောက်မှုကိုသာ ရခဲ့သည်ဟုလည်း ဖြည့်စွက်ပြောကြားသည်။

 

ပူလောင်အိုက်စပ်သည့် မုတ်သုန်ရာသီအတွင်း "စိုစွတ်ပြီး ပူတယ်။ တချိန်တည်းမှာပဲ အစားအသောက်တွေက မှိုတွေတက်၊ ပိုးမွှားတွေ၊ ကြွက်တွေနဲ့ တခြား အကောင်တွေ ရောက်လာကြတာပဲ။” ဟု ရှင်းလင်းဖော်ပြခဲ့သည်။

 

ကျန်းမာရေးအရ စိုးရိမ်ရတဲ့ အန္တရာယ်တွေ အမြင့်ဆုံးရောက်လာတယ်။ ဒါကို စိုးရိမ်မိခဲ့တယ်။ ကျွန်တော်တော့ ဒီမှာပဲ သေသွားနိုင်တယ်လို့ တွေးမိတယ်

 

ကျန်းမာရေးအရ စိုးရိမ်ရတဲ့ အန္တရာယ်တွေ အမြင့်ဆုံးရောက်လာတယ်။ ဒါကို စိုးရိမ်မိခဲ့တယ်။ ကျွန်တော်တော့ ဒီမှာပဲ သေသွားနိုင်တယ်လို့ တွေးမိတယ်။”

 

အမှောင်ထဲတွင်ပင် ပိုမိုလင်းလက်သည့် အခိုက်အတန့်များလည်း ရရှိခဲ့ပါသေးသည်။

 

၎င်း၏ ၅၈ နှစ်မြောက် မွေးနေ့တွင် ၎င်း၏ အကျဉ်းဖော်က ဖြစ်နိုင်ချေမရှိသည့် မွေးနေ့ကိတ်ကို လက်ဖြစ်မီးဖို ဖြင့် ပြုလုပ်ပေးခဲ့သည်။

 

သူတို့က "ဂျုံ၊ ရေနဲ့ ဘာမှန်းတောင် သေချာမသိရတဲ့ တခြားပစ္စည်းတွေနဲ့ စပျစ်သီးခြောက်တွေ ရအောင် တနည်းတဖုံကြိုးစားပြီး အဲဒီ ကိတ်မုန့်ကို လုပ်ကြတယ်။” ဟု ၎င်းက ပြောကြားသည်။

 

စိတ်ကူးလို့ရသမျှ အံ့ဩစရာအကောင်းဆုံး ကိတ်မုန့်ပါပဲ။”

 

တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရင်ဆိုင်ရခြင်း

 

နောက်ပိုင်းတွင် ရှောင်တာနယ်ကို စစ်တပ်က တည်ဆောက်ထားသည့် နေပြည်တော်မှ အကျဉ်းထောင်တစ်ခုသို့ ရွှေ့ပြောင်းခဲ့သည်။ နေပြည်တော်တွင် နိုင်ငံ၏ လျှို့ဝှက်အက်ဥပဒေကို ဖောက်ဖျက်မှုဖြင့် စွဲဆိုခံထားရသည့် တွဲဖက်အမှုရင်ဆိုင်သူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထိန်းသိမ်းထားသည်။

 

ယခင် စစ်အာဏာပိုင်တို့ကို ဆန့်ကျင့်ခဲ့သည့်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းသည့် မနက်တွင်ပင် ဖမ်းဆီးခံခဲ့ရပြီး အခြားသော စွဲချက်များစွာဖြင့် စွဲဆိုခံထားရသည်။

 

သူမကို အာဏာသိမ်းပြီးနောက် မမြင်တွေ့ခဲ့ကြရဘဲ သူမနှင့် ပြောဆိုဆက်ဆံရသည့် လက်တစ်ဆုပ်စာ လူအနည်းအနက် ရှောင်တာနယ်ကို နိုင်ငံပိုင်မီဒီယာများမှ မထင်ရှားသည့် ဓာတ်ပုံများတွင် တွေ့ကြရသည်။

 

၎င်းတို့၏ တရားခွင်တစ်လျှောက် “သူမက မယုံနိုင်လောက်အောင် သန်မာတယ်။” ဟု သူက ပြောသည်။

 

သူက သူ့ရဲ့ အခြေအနေထက် ကျွန်တော့်လို သူနဲ့ အတူ စွပ်စွဲအရေးယူခံရတဲ့သူတွေအတွက် စိတ်ဓာတ်မြင့်တက် နေဖို့ကို ပိုပြီး စိုးရိမ်တယ်လို့ ကျွန်တော် ထင်တယ်

 

သူက သူ့ရဲ့ အခြေအနေထက် ကျွန်တော့်လို သူနဲ့ အတူ စွပ်စွဲအရေးယူခံရတဲ့သူတွေအတွက် စိတ်ဓာတ်မြင့်တက် နေဖို့ကို ပိုပြီး စိုးရိမ်တယ်လို့ ကျွန်တော် ထင်တယ်။”

 

သူမကို ထိန်းသိမ်းထားသည့် အဆောက်အအုံသည် သာမာန်နိုင်ငံရေးအကျဉ်းသားများကို ထိန်းသိမ်းထားသည့် အကျဉ်းခန်းထက် "အနည်းငယ်သာ” ပိုမိုကောင်းမွန်သည်ဟု သူက ပြောသည်။ အသက် ၇၈ နှစ်အရွယ် သူမ၏ ကျန်းမာရေးအတွက် စိုးရိမ်နေဆဲဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

 

၎င်းတို့ အတူရှိစဉ် စာပေအကြောင်း၊ ရုပ်ရှင်အကြောင်းနှင့် ကမ္ဘာ့အရေး သိရသမျှ စကားပြောဖြစ်ခဲ့ကြသည်ဟု ၎င်းက ပြောသည်။

 

၎င်းတို့ကို လျှို့ဝှက်ချက်ဥပဒေ စွပ်စွဲမှုဖြင့် ထောင်တွင်း သုံးနှစ်ချမှတ်ခဲ့ပြီး ရှောင်တာနယ်မှာ မိသားစုနှင့် ဝေးနေရမည့် နောက်ထပ် ခရစ်စမတ်အတွက် ပြင်ဆင်နေခဲ့သည်။

 

ထို့နောက် လွတ်ငြိမ်းချမ်းသာခွင့် "ရုတ်တရက်” ထွက်ပေါ်လာပြီး အခြားသော ထင်ရှားသည့် နိုင်ငံခြား အကျဉ်းသား သုံးဦးဖြစ်သည့် ဗြိတိသျှ သံအမတ်ဟောင်း Vicky Bowman ဂျပန်ဂျာနယ်လစ် Toru Kubota နှင့် မြန်မာ-အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးတို့နှင့်အတူ ၎င်းကို လွှတ်ပေးခဲ့သည်။

 

ဩစတြေးလျသို့ ပြန်ရောက်သောအခါ ၎င်းကို ထိန်းသိမ်းထားခဲ့သည့် အခြေအနေများနှင့် စစ်အာဏာပိုင်တို့၏ ဆက်လက်ပြုလုပ်နေသော ရက်စက်သည့် ဖြိုခွင်းမှုများအကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

 

၎င်းကဲ့သို့ ပြောကြားမှုများအတွက် နောက်ပိုင်းတွင် စစ်အာဏာပိုင်တို့က ၎င်းကို "စိတ်ပျက်” ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပယ်ဖျက်ကာ မြန်မာနိုင်ငံတွင် အလိုရှိသူအဖြစ် ကြေငြာခဲ့ခြင်းသည် "အမှန်တကယ် ထိတ်လန့်ဖွယ်” တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

မြန်မာ့အ‌ရေး ပြောကြားဖို့အတွက် ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုကိုဖြစ်စေ တာဝန်သိစိတ်ကိုဖြစ်စေ ထိခိုက်စေမှာ မဟုတ်ဘူးဆိုတာ ပြောပါရစေ။ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား - AFP

ပုံစာ - ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနယ်။ (Photo: Lewis Isaacs)

 

ဩစတေးလျ
ရှောင်တာနယ်
အောင်ဆန်းစုကြည်
စီးပွားရေးအကြံပေး

Share With
bap-logo