bap-logo
Politics

ကွမ်းလုံတိုက်ပွဲတွင် KNDF ၏ အမှတ်(၆၀၆)တပ်ရင်းမှ ရဲဘော် သုံးဦး ကျဆုံးခဲ့

iHEuM3PBfKW5fNkbsn1ca-image

လွန်ခဲ့သော တစ်နှစ် က

ကရင်နီ၊ နိုဝင်ဘာ ၁၃။

 

ကွမ်းလုံမြို့သိမ်းတိုက်ပွဲတွင် KNDF ၏ မြောက်ပိုင်းစစ်ဒေသအခြေစိုက် အမှတ်(၆၀၆)တပ်ရင်းမှ ရဲဘော် သုံးဦး ကျဆုံးခဲ့သည်ဟု အဆိုပါအဖွဲ့က အသိပေးထုတ်ပြန်သည်။

 

ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် ကိုးကန့် (MNT JP/ MNDAA) ၊ တအောင်း (PSLF / TNLA) ၊ ရက္ခိုင် (ULA/ AA) တို့မှ ဦးဆောင်၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဆောင်ရွက်နေသော "၁၀၂၇ စစ်ဆင်ရေး"ကြီး၏ အစိတ် အပိုင်းတစ်ခုဖြစ်သည့် ကွမ်းလုံမြို့အား အပြီးသတ် သိမ်းယူခဲ့သော စစ်ဆင်ရေး တွင် KNDF ၏ မြောက်ပိုင်းစစ်ဒေသ အခြေစိုက် အမှတ်(၆၀၆)တပ်ရင်းလည်း ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

 

အထက်ပါ ကွမ်းလုံမြို့သိမ်းတိုက်ပွဲများအတွင်း KNDF ၏ မြောက်ပိုင်း စစ်ဒေသအခြေစိုက် အမှတ် (၆၀၆) တပ်ရင်းမှ မဟာမိတ်တပ်များနှင့်အတူ စစ်ကောင်စီ၏ တပ်စခန်းများအားသိမ်းပိုက် တိုက်ပွဲဝင် ရင်း တပ်စုမှူး မောင်ဗေဒါ ၊ တပ်စိတ်မှူး မောင်မာနွေးလယ် ၊ တပ်ကြပ်ကြီး မောင်စတီဗင်ဒီဇိုင်း တို့ (၃)ဦးမှာ တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြတ်စွာ ကျဆုံးခဲ့သည်ဟုအသိပေးထားသည်။

 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည် ညီနောင် မဟာမိတ် (၃)ဖွဲ့၏ "၁၀၂၇ စစ်ဆင်ရေး " တွင် နေ့စဥ်တိုက်ပွဲများ၌ ပူးပေါင်းပါဝင် တိုက်ခိုက်လျက်ရှိပြီး စစ်ရေးရည်မှန်းချက်များ ပြီးမြောက် အောင်မြင်သည် အထိ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟုလည်းဖော်ပြထားသည်။

 

ပုံစာ- "၁၀၂၇ စစ်ဆင်ရေး" တွင် ပါဝင်တော်လှန်နေသည့် KNDF ၏ မြောက်ပိုင်းစစ်ဒေသအခြေစိုက် အမှတ်(၆၀၆)တပ်ရင်းမှ ရဲဘော်များ (ဓာတ်ပုံ - KNDF )

 

Burma Associated Press

 

ကွမ်းလုံမြို့
ကရင်နီအမျိုးသားကာကွယ်ရေးတပ်
ရှမ်းပြည်နယ်မြောက်ပိုင်း
သေဆုံးခဲ့

Share With
bap-logo