Politics
ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူကေမှ လူသားချင်းစာနာမှု အထောက်အပံ့များ ထပ်မံပေးအပ်မည်
လွန်ခဲ့သော ၂ နှစ် က
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် လူသားချင်းစာနာမှုအကူအညီများ ပေါင် ၄.၅ မီလီယံ (ဒေါ်လာ ၅.၅ မီလီယံ) ထပ်မံပေးအပ်သွားမည်ဟု ဗြိတိန်က အင်္ဂါနေ့တွင် ကြေငြာသည်။
“ရိုဟင်ဂျာ အကျပ်အတည်းအတွက် ရေရှည်ဖြေရှင်းချက် ရှာဖွေရေး ယူကေက အားထုတ်ကြိုးပမ်းနေပါတယ်။ ဒီဖြေရှင်းချက်မှာ သူတို့အတွက် ဘေးကင်းရေး၊ အဲဒီမှာ အခြေအနေတွေ ခွင့်ပြုရင် ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိစွာ မြန်မာနိုင်ငံကို ပြန်နိုင်ရေးတို့ ပါဝင်ပါတယ်။” ဟု အင်ဒို-ပစိဖိတ်ဆိုင်ရာ ဗြိတိသျှဝန်ကြီး Anne-Marie Trevelyan က ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။
“ရိုဟင်ဂျာတွေ နေရပ်ကို ဘေးကင်းစွာ မပြန်နိုင်မချင်း ကျွန်မတို့ လူသားချင်းစာနာမှု အထောက်အပံ့တွေ ဆက်လက် ပေးအပ်သွားမှာ ဖြစ်ပါတယ်”
(အမေရိကန် ၁ ဒေါ်လာ = ၀.၈၂၂၆ ပေါင်)
ကိုးကား - Reuters
ပုံစာ - ဩဂုတ်လ ၂၅ ရက် ၂၀၂၂ ခုနှစ် မြန်မာစစ်တပ်၏ ၂၀၁၇ ခုနှစ် ဖြိုခွင်းခြင်းခံရ၍ ထွက်ပြေးလာရခြင်း ငါးနှစ်မြောက် နှစ်ပတ်လည်အဖြစ် Kutupalong ဒုက္ခသည်စခန်းတွင် စုဝေးနေကြသည့် ရိုဟင်ဂျာ ဒုက္ခသည်များ။ (Photo: REUTERS/Rafiqur Rahman/File Photo)
Related Articles
Top News
လွန်ခဲ့သော ၇ ရက် က