Politics
စစ်တပ်အာဏာသိမ်းပြီးနောက် ‘လူသားချင်းစာနာမှုဆိုင်ရာ ချောက်ကမ်းပါး’ ပေါ် မြန်မာရောက်နေဟု ကုလသတိပေး
လွန်ခဲ့သော တစ်နှစ် က
မြန်မာ့လူဦးရေ၏ သုံးပုံတစ်ပုံ၊ လူဦးရေ ၁၈ သန်းကျော်မှာ လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့များ လိုအပ်နေသည်ဟု ကုလသမဂ္ဂက သတိပေးလိုက်ပြီး ၎င်းလိုအပ်ချက်အတွက် လာမည့်နှစ်တွင် အလှူငွေ ဒေါ်လာ ၁ ဘီလီယံ ရရှိရေး ရှာဖွေနေသည်။
လွန်ခဲ့သော သုံးနှစ်ခန့်က အာဏာသိမ်းခံရပြီးနောက် အရှေ့တောင်အာရှမှ မြန်မာနိုင်ငံတွင် လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာခဲ့သည်ဟု ကုလက ပြောသည်။
“မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ချောက်ကမ်းပါးပေါ်၌ ရပ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်း ပိုမိုနက်ရှိုင်းလာမှုသည် ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ် တွင် စစ်တပ်အာဏာသိမ်းစဉ်ကစ၍ ကျယ်ပြန့်လာကာ အရပ်သားများမှာ ကြောက်ရွံ့စွာ နေထိုင်နေရသည်။” ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)၏ တနင်္လာနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။
လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ လိုအပ်နေသော လူပေါင်း ၁၈.၆ သန်းသည် လွန်ခဲ့သော တစ်နှစ်ကျော်ကထက် တစ်သန်း ပိုမိုလာခဲ့ကာ အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်ထက် ၁၉ ဆ ပိုမိုများပြားလာခဲ့သည်။
“နေရပ်စွန့်ခွာရမှုကြောင့် ကလေးသူငယ် ၆ သန်းမှာ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အစားအစာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အတင်းအကျပ်ခိုင်း တပ်ဖွဲ့ဝင်အဖြစ်စုဆောင်းခံရခြင်းအပါအဝင် ကာကွယ်ရေးအန္တရာယ် များနှင့် စိတ်ပိုင်းဆိုင်ရာ သောကဖိစီးမှုများစသည့် အကျပ်အတည်း၏ အပြင်းဆုံးဒဏ်ကို ကြုံတွေ့ခံစား နေရသည်။” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီ လူသားချင်းစာနာမှု ညှိနှိုင်းရေးမှူး Marcoluigi Corsi က သတိပေးသည်။
အစုအပြုံလိုက် နေရပ်စွန့်ခွာရမှုများကို အထူးသဖြင့် စိုးရိမ်ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၁၁ ရက် ဒီဇင်ဘာအထိ လူပေါင်း ၂.၆ သန်းခန့် ၎င်းတို့နေအိမ်များမှ မောင်းချခံခဲ့ရပြီး ယခင်နှစ် ယခုလို အချိန်ကထက် ၁.၁ သန်း မြင့်တက်လာခြင်းဖြစ်သည်။ ၎င်းတို့တွင် နိုင်ငံမြောက်ပိုင်း စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား ပဋိပက္ခများ မြင့်တက်လာသည့် အောက်တိုဘာလကုန်ပိုင်းမှ စတင်၍ ရွှေ့ပြောင်းရသူ ၆၆၀,၀၀၀ ကျော်လည်း ပါဝင်သည်။
“ပဋိပက္ခနှင့် အကြမ်းဖက်မှုများ ၂၀၂၄ တွင် ပိုမိုဆိုးရွားလာမည်ဟု ခန့်မှန်းရသည်။” ဟု အစီရင်ခံစာတွင် ဖော်ပြထားပြီး "အရပ်သားများအပေါ် စနစ်တကျ စစ်ရေးအကြမ်းဖက်မှု” ကို ပြစ်တင်ရှုတ်ချထားသည်။
“ကျွန်ုပ်တို့ ၂၀၂၃ ခုနှစ်တွင် ကြုံတွေ့ခဲ့ရသော စုစုပေါင်း ထည့်ဝင်ငွေ လျော့ကျသွားခြင်းကို ထပ်မံ အဖြစ်မခံနိုင်တော့ပါ။” ဟု Corsi က ပြောသည်။ ၂၀၂၃ ခုနှစ်အတွက် ဦးစားပေး ထောက်ပံ့ရမည့် ခန့်မှန်းလူဦးရေ ၁.၉ သန်းအတွက် မထောက်ပံ့နိုင်ခဲ့ခြင်းကို ထောက်ပြခဲ့ပြီး လိုအပ်သော ထည့်ဝင်ငွေ၏ ၂၉ ရာခိုင်နှုန်းသာ ရရှိခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂ၏ အဓိက နိုင်ငံတကာအထောက်အပံ့အစီအစဉ်များအတွက် ထည့်ဝင်ငွေများ လုံလောက်မှု မရှိသေးသည့် အခြေအနေတွင် ၎င်းက “သန်းပေါင်းများစွာရဲ့ ဘဝတွေဟာ အန္တရာယ်ကျရောက်နေပြီး မြန်မာနိုင်ငံကို အရေးပေါ်အခြေအနေကနေ မေ့လျော့ခံထားရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်မလာအောင် ကျွန်ုပ်တို့ တတ်စွမ်းသမျှ အားလုံးကို လုပ်ဆောင်ရမည်။” ဟု ပြောသည်။
ကိုးကား - The Guardian
ပုံစာ - မြန်မာစစ်တပ်နှင့် လက်နက်ကိုင်တော်လှန်ပုန်ကန်သူတို့၏ တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ ထိုင်းနိုင်ငံ၊ သောင်ရင်းမြစ်ကမ်းပါးတွင် ယာယီအခြေချနေကြသူများ ထိုင်းနိုင်ငံမှ အထောက်အပံ့များ လက်ခံရရှိခဲ့ကြစဉ်။ (Photo: REUTERS/Athit Perawongmetha/File Photo)
Burma Associated Press
Related Articles
- မြန်မာ့ဒီရေတောအတွင်း 'လူသိနည်းသည့်' မြွေမျိုးစိတ်သစ်တွေ့ရှိ
- ဒေါ်အောင်ဆန်းစုကြည်၏ ရွှေနှင့်ဒေါ်လာအမှု အထူးအယူခံ ပယ်ချခံရ
- မြန်မာလက်နက်ပွဲစားနှင့် ဆက်စပ်သည့် ထိုင်းအထက်လွှတ်တော်အမတ် စွဲချက်တင်ခံရ
- ကေအဲန်ယူ၊ မူတြော်ခရိုင်ထဲက စစ်ကောင်စီရဲ့ ထီးထ/ဖဲထာ(မို့လို့ကျိုး) စခန်း သိမ်းပိုက်ခံရ
- ၂၀၂၄ တွင် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်း ပိုမိုဆိုးရွားလာမည်
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၀ ရက် က