bap-logo
Politics

လက်ခတ်တောင် စခန်းကုန်း ပြန်လည်ရရှိရေး စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်နေ

76dqXhecH-2RBd4Hwe_v_-image

လွန်ခဲ့သော တစ်နှစ် က

ဩဂုတ် ၁၅။

 

လက်ခတ်တောင် စခန်းကုန်းကို ဇူလိုင်လက ကော်ဘရာပူးပေါင်းတပ်ဖွဲ့များက သိမ်းပြီးသည့်နောက် စစ်ကောင်စီဘက်က စခန်းပြန်လည်ရရှိရေး လက်နက်အင်အား အလုံးအရင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။

 

အဆိုပါ စခန်းကုန်းကို ကော်ဘရာစစ်ကြောင်း အပါအဝင် KNLA ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၂၀ နှင့် ၂၁ ရက်ထိ နှစ်ရက်ကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

စစ်ခန်းကုန်းသိမ်းပိုက်ရရှိပြီးနောက် ဩဂုတ် ၁၃ ရက်ထိ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ၁၀ ကြိမ်အထက် ရှိခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ်ကြီး နှစ်ဦး အပါအဝင် ၁၇ ဦး သေဆုံးကာ ၃၄ ဦး ဒဏ်ရာရခဲ့သည်ဟု KNUက ဆိုသည်။

 

တိုက်ပွဲများအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့က တစ်ဦး ကျဆုံးခဲ့ရပြီး ရှစ်ဦး ဒဏ်ရာရကာ ဒရုန်း တစ်စင်း ဆုံးရှုံးခဲ့သည်ဟု သိရသည်။

 

နှစ်ဖက် ထိတွေ့ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရကာ သာသနာပိုင် အဆောက်အဦး ငါးလုံး ပျက်စီးခဲ့သည်။

 

ပြီးခဲ့သည့် ဩဂုတ် ၈ ရက်တွင်လည်း လက်ခတ်တောင်ကုန်းစခန်း ပြန်လည်ရရှိရေး ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်က ဒု-တပ်ကြပ် တစ်ဦးနှင့် တပ်သား တစ်ဦး KNLA ပူးပေါင်းတပ်ဖွဲ့ထံသို့ လက်နက်ခဲယမ်း များနှင့်အတူ လာရောက်ပူးပေါင်းခဲ့သေးသည်။

 

ဓာတ်ပုံ- ကေအဲန်ယူ

 

ပုံစာ စစ်ကောင်စီတပ်ထံမှ KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိသော လက်နက်ခဲယမ်း တစ်ချို့။

 

Burma Associated Press

ကေအဲန်ယူ
ကော်ဘရာ
စစ်တပ်

Share With
bap-logo