Politics
မုံရွာ ဓားပြမှုကို မှန်ကန်သည့်တရားစီရင်ရေးစနစ်ဖြင့် ဆောင်ရွက်သွားမည်ဟု ပအဖ ဆို
လွန်ခဲ့သော ၃ နှစ် က
ဩဂုတ် ၁၃။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်က ဖြစ်ပွားခဲ့သည့် ဓားပြတိုက်ပြီး မီးဖွားကာနီး ကိုယ်ဝန်ဆောင်ကို သတ်သွားသည့် တရားခံများနှင့်ပတ်သက်ပြီး မှန်ကန်သည့် တရားစီရင်ရေးစနစ်ဖြင့် ဆောင်ရွက်သွားမည်ဟု မုံရွာမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က BAPသို့ ပြောသည်။
အဆိုပါ ဓားပြတိုက်သူ အမျိုးသား ခြောက်ဦးကို GUARDIAN FORCE PDFအဖွဲ့က တစ်ရက်အတွင်း ဖမ်းမိခဲ့ကြောင်း တပ်ဖွဲ့ခေါင်းဆောင်၏ ဖေ့ဘွတ်ခ်မှတဆင့် ပြသခဲ့သေးသည်။
သေဆုံးသွားသည့် အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင် မအေးငြိမ်းသူ၏ နာရေးကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး မုံရွာမြို့ခံ အများအပြားက လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။
ပုံစာ- ကွယ်လွန်သူ မအေးငြိမ်းသူ (ခ)မသဲသဲ၏ နာရေးမြင်ကွင်း
မုံရွာ
ဓားပြတိုက်
ကိုယ်ဝန်ဆောင်
Related Articles
- မြန်မာအတွက် လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ ဂျာမနီ ဆက်လက် ထည့်ဝင်မည်
- ကချင်၊ ရခိုင်နှင့် စစ်ကိုင်းတို့တွင် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက် ဆက်လက် မြင့်တက်နေ
- ကုလ၏ စိုးရိမ်ကြောင်း ပြောဆိုပြီးနောက် တောင်ကိုးရီးယားက မြန်မာသို့ လက်နက်တင်ပို့မှု ပိတ်ပင်ထားဆဲဟုဆို
- ရုရှားကျောထောက်နောက်ခံပြု စစ်အာဏာ ရှင်တို့က အိမ်ပေါင်း ၇၅,၀၀၀ မီးရှို့ခဲ့
Top News
စက်သုံးဆီ ဂယက်နဲ့ ဒုက္ခမြို့တော်ထဲက မွန်းကျပ် YBS
လွန်ခဲ့သော ၁၉ နာရီ က
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် စွမ်းအင်စရိတ်များ မြင့်တက်လာပြီး မတ်လတွင် စားနပ်ရိက္ခာ ဈေးနှုန်းများ အဆမတန် မြင့်တက်ဟု UN ပြော
လွန်ခဲ့သော ၁၉ နာရီ က
Global Aid Retrenchment and Myanmar's Humanitarian Crisis (2020–2026)
လွန်ခဲ့သော ၈ ရက် က
Articles
Share With