Politics
အာရှလမ်းမတွင် ပိတ်မိနေသည့် ကုန်တင်ယာဉ်များကို လမ်းဖွင့်ပေး လိုက် သော်လည်း ပစ်ခတ်မှုကြောင့် ရှေ့တွင် ထပ်ပိတ်မိနေ
လွန်ခဲ့သော တစ်နှစ် က
ဇန်နဝါရီ ၅။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး မြန်မာ-ထိုင်း အာရှလမ်းမပေါ်တွင် ပိတ်မိနေသည့် ကုန်တင်ယာဉ်များကို ပူးပေါင်းအဖွဲ့များက ဇန်နဝါရီလ ၃ ရက် ညနေပိုင်းတွင် ထွက်ခွာခွင့်ပြုလိုက်သည်ဟု မြေပြင်သတင်းအရ သိရသည်။
“ဒီဘက်က လွှတ်လိုက်ပြီ ဒါပေမဲ့ တံတားကျိုး ( စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ရှိသည့်နေရာ) နားမှာ အပစ်ခံရပြီး ရပ်ကုန်တယ်” ဟု မြေပြင်သတင်းရင်း မြစ်က ဆိုသည်။
ယခု ထပ်မံပိတ်မိနေသည့် နေရာသည် ပူးပေါင်းအဖွဲ့များ လက်လှမ်းမမီသည့်အတွက် အခြေအနေ အသေးစိတ်ကို မသိရသေးပေ။
“ပြီးခဲ့တဲ့ရက် တစ်စီးပြီးတစ်စီးတော့ လွှတ်ပေးနေတယ်။ အခု ပစ်ခတ်မှု ထပ်ဖြစ်လို့ ရပ်ထားရတယ်” လို့ ယာဉ်တန်းမှာပါတဲ့ ယာဉ်မောင်း တစ်ယောက် က BAP ကို ပြောပါတယ်။
ကုန်တင်ယာဉ် အစီး ၁၀၀ ခန့်ပါသည့် ယာဉ်တန်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၃၁ ရက်ညပိုင်းမှ စတင်ပိတ်မိနေခြင်းဖြစ်သည်။ ထိုသို့ ပိတ်မိနေစဉ်အတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် ယာဉ်နှင့် ယာဉ်မောင်းအချို့ ထိခိုက်မှုများ ရှိခဲ့သည်။
ယခု ကုန်တင်ယာဉ်များထပ်မံပိတ်မိသည့်နေရာသည် ကော့ကရိတ်မြို့နှင့် ၁၀ မိုင်ဝန်းကျင်ခန့် အကွာတွင် ရှိနေသည်။
ဒီဇင်ဘာလဆန်းမှဖြစ်သည့် တိုက်ပွဲများတွင် မြန်မာ-ထိုင်း အာရှလမ်းမပေါ် ကော့ကရိတ်မြို့၊ ကော့နွဲရွာအနီး တံတားတစ်စင်းလည်း ချိုးဖျက်ခြင်းခံထားရသည်။
ပုံစာ - မြန်မာ-ထိုင်း အာရှလမ်းမပေါ် ကော့ရိတ်မြို့အနီးပိတ်မိနေသည့် ကုန်တင်ယာဉ်တန်းကို ဒီဇင်ဘာ ၃၁ ရက်ကတွေ့ရစဉ်။
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၁၀ ရက် က