bap-logo
Politics

၂၀၄၀ ခုနှစ် ဂျပန်တွင် နိုင်ငံခြားအလုပ်သမား တစ်သန်းနီးပါး လိုအပ်ချက် ကြုံရမည်ဟု သုတေသီ အဖွဲ့ပြော

5AtiQIAdIFTs3q0Qt48z9-image

လွန်ခဲ့သော ၂ လ က

 

လူဦးရေလျော့ကျမှုကြောင့် ဂျပန်အစိုးရသည် ၎င်း၏ စီးပွားရေးတိုးတက်မှု ရည်မှန်းချက်များ ပြည့်မီရောက်ရှိရန်အတွက် ၂၀၄၀ ခုနှစ်တွင် နိုင်ငံခြားအလုပ်သမား တစ်သန်းနီးပါး လျော့နည်း ပြတ်လပ်မှုနှင့် ရင်ဆိုင်ရမည်ဟု အစိုးရ ကျောထောက်နောက်ခံ သုတေသီအဖွဲ့တစ်ခုမှ ကြာသပတေးနေ့တွင် ခန့်မှန်းဖော်ပြခဲ့သည်။

 

လက်ရှိ အရှိန်အဟုန်အရ ၂၀၄၀ ခုနှစ် ဂျပန်နိုင်ငံတွင် နိုင်ငံခြားသား .၉၁ သန်း အလုပ်လုပ် ကိုင်နေကြမည်ဖြစ်ပြီး၊ ရည်မှန်းထားသော နှစ်စဉ် ပျမ်းမျှတိုးတက်မှုနှုန်း .၂၄% ကို ထိန်းသိမ်းထားရန် လိုအပ်သည့် နိုင်ငံခြားလုပ်သားအင်အားထက် တစ်သန်းနီးပါး လျော့နည်းနေကြောင်း ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) သုတေသနဌာနက ဟုဆိုသည်။

 

ဗီယက်နမ်၊ မြန်မာနှင့် ကမ္ဘောဒီးယားတို့ကဲ့သို့ ရွှေ့ပြောင်းနေထိုင်သည့် နိုင်ငံများတွင် စီးပွားရေး တိုးတက်မှုနှုန်း မျှော်လင့်သည်ထက် နှေးကွေးသွားသည့် အချက်အလက်ကို သုတေသီများက ထည့်သွင်း တွက်ချက်ပြီးနောက် JICA ယခင် ၂၀၂၂ ခုနှစ် ခန့်မှန်းချက်ထက် နိုင်ငံခြားအလုပ်သမား လိုအပ်ချက်-ဖြည့်သွင်းချက် ကွာဟမှုမှာ နှစ်ဆကျော် ကြီးမားကျယ်ပြန့်လာသည်။

 

အလျင်အမြန် အသက်အရွယ်အိုမင်းခြင်းနှင့် မွေးဖွားနှုန်း ကျဆင်းခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် အလုပ်သမား အကြီးအကျယ် ပြတ်လပ်မှုကို ဖြည့်ဆည်းရာတွင် ကူညီပေးသည့်အတွက် နိုင်ငံခြား အလုပ်သမားများမှာ ဂျပန်နိုင်ငံ၏ စီးပွားရေးအတွက် အလွန်အရေးပါသည်။

 

ဂျပန်နိုင်ငံတွင် နိုင်ငံခြားအလုပ်သမားဦးရေသည် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း .၀၅ သန်း အထိ လေးဆကျော် တိုးလာပြီး ယမန်နှစ် အောက်တိုဘာလအထိ လုပ်သားအင်အားတစ်ခုလုံး၏ % ခန့်ရှိသည်။

 

အစိုးရက ကာယလုပ်သားကဏ္ဍများနှင့် ကျွမ်းကျင်မှုဆိုင်ရာအလုပ်များအတွက် အလုပ်ဗီဇာ ကျယ်ပြန့်စွာ ခွင့်ပြုပေးခြင်းဖြင့် ရွှေ့ပြောင်း လုပ်သားများကို လက်ခံရန် အများပြည်သူအမြင်ကို ပျော့ပြောင်းအောင် လုပ်ဆောင်ခဲ့သည်။

 

သို့ရာတွင် ယန်းငွေကြေး အားနည်းခြင်း၊ သမားရိုးကျ လုပ်ခလစာ နည်းပါးခြင်းနှင့် လူ့အခွင့်အရေး ပြဿနာများ အပါအဝင် အတားအဆီးများ ရှိနေသည့်အတွက် ကမ္ဘာတစ်ဝှမ်း ကျွမ်းကျင်သူများ ရှာဖွေရာတွင် ဆက်လက်ပြိုင်ဆိုင်နိုင်ရန် ဂျပန်နိုင်ငံ၏ အားထုတ်မှုကို မြှင့်တင်ရဦးမည်ဟု ကျွမ်းကျင်သူများက ပြောသည်။

 

ကိုးကား - Reuters

ပုံစာ - စက်တင်ဘာ ၂၉၊ ၂၀၁၇၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့လယ်ရှိ စီးပွားရေးရပ်ကွက်တစ်ခုတွင် လူကူးလမ်းဆုံတွင် လမ်းကူးနေသူများ။ REUTERS/Toru Hanai/File Photo

 

Burma Associated Press

ဂျပန်
အလုပ်သမားများ
ရွေ့ပြောင်းအလုပ်သမား

Share With
bap-logo