bap-logo
Politics

ယူကရိန်း ပိုင်နက်များ ပေးလျှင် စစ်ပွဲအဆုံး သတ်ပေးမည့် ပူတင်တောင်းဆိုချက်ကို ယူကရိန်း ငြင်းပယ်

Oa8YdLqOWPKJeNTv9L176-image

လွန်ခဲ့သော ၃ လ က

 

ယူကရိန်းက နေတိုး ရည်မှန်းချက် စွန့်လွှတ်ပြီး ရုရှားအရေးဆိုထားသည့် ပြည်နယ် လေးခုလုံးကို လုံးဝလက်လွှတ်လျှင် စစ်ပွဲ အဆုံးသတ်ပေးမည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သောကြာနေ့တွင် ပြောသည်။ ယူကရိန်းက အရှုံးပေးခြင်းနှင့် သဘောညီမျှသည့်အတွက် မြန်ဆန်စွာ ငြင်းပယ်လိုက်သည်။

 

ပူတင်က အစွန်းရောက် တင်းမာသည့် သတ်မှတ်ချက်များကို တောင်းဆိုလိုက်သည့်အချိန်မှာ ဆွစ်ဇာလန်နိုင်ငံတွင် ရုရှားကို ဖိတ်ကြားထားခြင်း မပြုသည့် ညီလာခံတစ်ခု ကျင်းပနေသည့် အချိန်ဖြစ်သည်။ ယင်းကဲ့သို့ တောင်းဆိုခြင်းဖြင့် ရုရှားက စစ်ပွဲတွင် ၎င်း၏ တပ်ဖွဲ့များ အသာစီးရနေသည်ဟု ယုံကြည်မှုများ တိုးပွားလာနေပုံရသည်။

 

၎င်းက ၎င်း၏ တပ်ဖွဲ့များ စေလွှတ်ခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက် ၂၀၂၂ ခုနှစ်ကပင် တောင်းဆိုနေခဲ့သော ယူကရိန်း စစ်တပ်နှင့် လက်နက်ဖျက်သိမ်းရေးကို မပြောင်းလဲဘဲ ဆက်လက်တောင်းဆိုထားပြီး ငြိမ်းချမ်းရေး သဘောတူညီချက်တွင် အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုများကို အဆုံးသတ်ရန်လည်း ပါဝင်သည်။

 

၎င်းက ယူကရိန်းကို "နာဇီလွှမ်းမိုးမှု ဖယ်ရှားရေးကိုလည်း တောင်းဆိုထားသည်။ ယူကရိန်းက ၎င်းတောင်းဆိုမှုသည် ၎င်းတို့၏ ခေါင်းဆောင်ပိုင်းကို ထိပါးစော်ကားခြင်းဟု ဆိုသည်။

 

သူက ယူကရိန်းနယ်မြေတွေ ရုရှားကို တရားဝင် ပေးစေချင်နေတာ။ သူက ယူကရိန်းရဲ့ ပထဝီဝင်နိုင်ငံရေး အချုပ်အခြာအာဏာကို စွန့်လွှတ်စေချင်နေတာ

 

 

ယူကရိန်းက ၎င်းသတ်မှတ်ချက်များသည် "အဓိပ္ပာယ် မရှိဟု ပြောသည်။

 

သူက ယူကရိန်းကို အရှုံးပေးကြောင်း ဝန်ခံစေချင်တာ။ သူက ယူကရိန်းနယ်မြေတွေ ရုရှားကို တရားဝင် ပေးစေချင်နေတာ။ သူက ယူကရိန်းရဲ့ ပထဝီဝင်နိုင်ငံရေး အချုပ်အခြာအာဏာကို စွန့်လွှတ်စေချင်နေတာ။ဟု ယူကရိန်းသမ္မတ အကြံပေး Mykhailo Podolyak က Reuters ကို ပြောသည်။

 

ပူတင်၏ တောင်းဆိုမှုသည် ရာဇသံပေးခြင်းဖြစ်ကြောင်း၊ ဆွစ် ထိပ်သီး ညီလာခံနှင့် အချိန်ကိုက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သမ္မတ ဇလန်စကီးက အီတလီ SkyTG24 သတင်းချန်နယ်ကို ပြောသည်။

 

ငြိမ်းချမ်းရေး ထိပ်သီး အစည်းအဝေးရှိတာ သူသိတယ်။ ကမ္ဘာနိုင်ငံအများစုက ယူကရိန်းဘက်က ရှိတယ်ဆိုတာ သူနားလည်ပါတယ်။ဟု ၎င်းက ပြောသည်။

 

"ပူတင်အနေနဲ့ ယူကရိန်းက ငြိမ်းချမ်းရေးရဖို့ ဘာတွေ လုပ်ဆောင်ရမယ်ဆိုတာ သတ်မှတ်ပြဌာန်းနိုင်တဲ့ အခြေအနေမှာ မရှိပါဘူး။"အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဘရပ်ဆဲရှိ နေတိုးရုံးချုပ်တွင် သတင်းထောက်များကို ပြောသည်။

 

အလွန်ရိုးရှင်းသောသတ်မှတ်ချက်များ'

 

သတ်မှတ်ချက်တွေက အလွန်ရိုးရှင်းပါတယ်။ဟု ပူတင်က ပြောသည်။ ယူကရိန်းနိုင်ငံ့ အရှေ့ဘက်ပိုင်းနှင့် တောင်ဘက်ပိုင်းရှိ Donetsk Luhansk Kherson နှင့် Zaporizhzhia ဒေသများ၏ နယ်မြေတစ်ခုလုံးမှ ယူကရိန်းတပ်ဖွဲ့များ ဆုတ်ခွာပေးရေး ထည့်သွင်းထားခြင်းဖြစ်သည်။

 

ရုရှားတပ်ဖွဲ့များက ၎င်းဒေသလေးခုကို တစ်စိတ်တစ်ပိုင်းသာ ထိန်းချုပ်ထားသော်လည်း ၎င်းပိုင်နယ်မြေများအဖြစ် ၂၀၂၂ ခုနှစ်က သတ်မှတ်အရေးဆိုခဲ့သည်။ ကုလသမဂ္ဂရှိ နိုင်ငံအများစုက တရားမဝင်ဟုဆိုကာ ၎င်းအရေးဆိုချက်ကို ငြင်းပယ်ထားသည်။

 

ရုရှားက စစ်ပွဲ သုံးနှစ်ကာလတွင် ယူကရိန်းနယ်မြေ ငါးပုံတစ်ပုံခန့်ကို ထိန်းချုပ်ထားသည်။ ယူကရိန်းက ငြိမ်းချမ်းရေးသည် ရုရှားတပ်ဖွဲ့များ ဆုတ်ခွာမှု၊ ၁၉၉၁ ဆိုဗီယက်အလွန် နယ်ခြားသတ်မှတ်ချက်များ ပြန်လည် ရရှိမှုတို့ပေါ်တွင် အခြေခံရမည်ဟု ဆိုသည်။

 

ပူတင်က "ယူကရိန်း၏ အနာဂတ် ရပ်တည်မှုမှာ ယူကရိန်း တပ်ဖွဲ့များ ဆုတ်ခွာခြင်း၊ ကြားနေဝါဒ ကျင့်သုံးခြင်း၊ ရုရှားနှင့် ပြောဆိုဆွေးနွေးမှု စတင်ခြင်းတို့ပေါ်တွင် မူတည်နေသည်ဟု ဆိုသည်။

 

ပူတင်အနေနဲ့ ယူကရိန်းက ငြိမ်းချမ်းရေးရဖို့ ဘာတွေ လုပ်ဆောင်ရမယ်ဆိုတာ သတ်မှတ်ပြဌာန်းနိုင်တဲ့ အခြေအနေမှာ မရှိပါဘူး

 

 

ဒီနေ့ ကျွန်တော်တို့ နောက်ထပ် စစ်မှန်တဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်တစ်ရပ်ကို ကမ်းလှမ်းခဲ့ပါတယ်။ ယူကရိန်းအစိုးရနဲ့ အနောက်နိုင်ငံတွေက အရင်လို ငြင်းပယ်မယ်ဆိုရင်လည်း ဒါက သူတို့ ကိစ္စသာ ဖြစ်ပါတယ်။ သွေးထွက် သံယိုမှုတွေ ဆက်လက်ဖြစ်ပေါ်စေဖို့ သူတို့ရဲ့ နိုင်ငံရေးနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တာဝန်ခံမှုသာ ဖြစ်ပါတယ်။ဟု ပူတင်က ပြောသည်။

 

ယူကရိန်းနှင့် ၎င်း၏ အနောက်နိုင်ငံ မဟာမိတ်များက ၎င်းပဋိပက္ခ စစ်ပွဲသည် နယ်ချဲ့သည့်ပုံစံ နယ်မြေသိမ်းပိုက်မှုအဖြစ် ဖော်ပြသတ်မှတ်ကြသည်။ ယူကရိန်း စစ်တပ်နှင့် လက်နက်ဖျက်သိမ်းရေး၊ ကြားနေဝါဒကျင့်သုံးရေးတို့က ရုရှား၏ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်စေရန်သာ ဖြစ်သည်ဟု ယူကရိန်းက ဆိုသည်။

 

အမေရိကန်၏ ရုရှားကို ဒဏ်ခတ်အရေးယူမှုများ ပိုမိုပြုလုပ်ခြင်း၊ ယူကရိန်းနှင့်၁၀ နှစ် လုံခြုံရေး သဘောတူညီချက် ကြေငြာခြင်းတို့အပေါ် နေတိုးအဖွဲ့ဝင်ဖြစ်လာစေမည့် ရှေ့ပြေးလုပ်ဆောင်ချက်ဟု ပူတင်က ပြောဆိုထားသည်။

 

ကိုးကား - Reuters

 

ပုံစာ - ဂျွန်လ ၁၄ ရက် ၂၀၂၄ ခုနှစ် မော်စကိုမြို့တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်နေစဉ်။ (REUTERS/Maxim Shemetov)

 

Burma Associated Press

ရုရှ
ဗလာဒီမီယာ ပူတင်
ယူကရိန်း
ဗလာဒီမာ ဇလန်းစကီး

Share With
bap-logo