Politics
စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး မြိတ် PDF ထံ လက်နက်နှင့်ပူးပေါင်း
လွန်ခဲ့သော ၂ နှစ် က
ဇူလိုင် ၂၇။
တနင်္သာရီတိုင်း၊ မြိတ်မြို့တွင်အခြေစိုက်သည့် ကမ်းရိုးတန်းတိုင်းဒေသ စစ်ဌာန ချုပ်(ကရခ) လက်အောက်ခံ ခလရ(၁၀၃) မှ တပ်ကြပ်ကြီးတစ်ဦးသည် ဇူလိုင်လ ၂၆ ရက်တွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင် တပ်ရင်း အမှတ်(၁) သို့ လက်နက်နှင့်တကွ ပြည်သူ့ဘက် ပူးပေါင်းလာသည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါတပ်ကြပ်ကြီးသည် MA(3) (၁) လက်၊ ကျည်ဘောက် (၂) ခု၊ 5.56 ကျည် (၃၁၇) တောင့်ဖြင့် ပူးပေါင်းလာခြင်း ဖြစ်သည်ဟုဆိုသည်။
ထိုသို့ လက်နက်နှင့်တကွ ပြည်သူ့ဘက် ပူးပေါင်းလာသည့် တပ်ကြပ်ကြီးကို ငွေကျပ် (၄၄) သိန်း ဂုဏ်ပြု ချီးမြှင့်ခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ စာရင်းများအရ အာဏာသိမ်းပြီးနောက် ဘက်ပြောင်းလာသည့် စစ်သားနှင့် ရဲ တစ်သောင်းသုံးထောင် (၁,၃၀၀၀) ကျော်ရှိပြီဟု သိရသည်။
ဓာတ်ပုံ -MOD
စစ်ကောင်စီ
စစ်သားများ
အာဏာဖီဆန်ရေးလှုပ်ရှားမှု
Related Articles
Top News
Articles
Share With