bap-logo
Politics

မုံရွာက ကျေးရွာနှစ်ခုကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်စီး

1xTHajAYxnzm1cmTIPDXI-image

လွန်ခဲ့သော တစ်နှစ် က

ဒီဇင်ဘာ ၁၁။

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ကျေးရွာနှစ်ခုကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစော ထီးတွေ ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက BAP ကို ပြောပါတယ်။

 

ဒါ့အပြင် ကျေးရွာပြည်သူတွေရဲ့ ဖုန်းနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ဒီနေ့မနက် နာရီက ဝင်ယူသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

"သေနတ်တွေ ရမ်းပစ်ဝင်ပြီး ပြည်သူတွေထွက်ပြေးတဲ့အချိန် ပစ္စည်းတွေ ဝင်ယူတာ၊ ၁၀ နာရီမှာ ပြန်သွားပါတယ်၊ ဖုန်းတွေ၊ ပစ္စည်းတွေ ယူသွားကြ တယ်"လို့ စစ်ရှောင်တွေကို ကူညီပေးသူတစ်ဦးက BAP ကို ပြောပါတယ်။

 

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အခုလို ဝင်ရောက်ခဲ့တာကြောင့် မုံရွေးရွာနဲ့ ကြေးမုံ နှစ်ရွာက ပြည်သူ တစ်သောင်း ကျော် ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

"လူတွေကို ဓားစာခံဖမ်းပြီး ဖုန်းတွေယူသွားပါတယ်၊ လူတွေကိုတော့ တချို့ရိုက်ထားခဲ့တယ်၊ စကစနဲ့ ပျူတွေက ယူသွားကြတယ်၊ တိုက်ပွဲ မဖြစ်ပါဘူး၊ သူတို့ သက်သက် လာယူကြတာပါ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ အခုလ ဒီဇင်ဘာ ရက်က မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာကို မီးရှို့တဲ့အတွက် ပြည်သူတွေရဲ့ နေအိမ် ၁၀၀ ကျော် မီးလောင်ခဲ့ပြီး အမျိုးသား ၁၀ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီပေးသူတွေက အသိပေးထားပါတယ်။

 

Burma Associated Press

မုံရွာ
ပျူစောထီး
စစ်သားများ

Share With
bap-logo