Politics
ကိုးကန့်တိုက်ပွဲတွင် စစ်ကောင်စီ စကခမှူး တစ်ဦး သေဆုံးဟု MNDAA အတည်ပြု
လွန်ခဲ့သော တစ်နှစ် က
ဒီဇင်ဘာ ၇။
ကိုးကန့်ဒေသ ရှောက်ကိုင်အုပ်စုတစ်နေရာတွင် စစ်ကောင်စီအင်အား ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင်း သေဆုံးသူများတွင် စစ်ကောင်စီ စကခ (၁၂)က စစ်ဆင်ရေးအထူးအဖွဲ့မှူး တစ်ဦး ပါဝင်သည်ဟု ကိုးကန့်တပ်-MNDAAက အတည်ပြုသည်။
တိုက်ခိုက်မှုကို MNDAA က ဒီဇင်ဘာ ၆ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ သေဆုံးသွားသည့် စကခမှူးနာမည်မှာ အောင်ဇော်လင်းဖြစ်သည်ဟု MNDAA က အသိပေးထားသည်။
အဆိုပါ တပ်သားများမှာ ကိုးကန့်ဒေသမြောက်ပိုင်း မော်ထိုက်၊ ချုံကန်၊ ကုန်းကြမ်းနေရာရှိ တပ်စခန်းများကို MNDAA က သိမ်းပိုက်ပြီးနောက်ပိုင်း ထွက်ပြေးလွတ်မြောက်နေသူများ ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ်ရက်အတွင်း ရှီရှမ်းဒေသ လောက်ဖောက်လုပ်နေရာတကြောနှင့် ရှင်ဝမ့်ဒေသနှင့် နီးစပ် ကပ်ရပ်ရှိသော မာကြည်ကျိုင့်ရွာတွင် စစ်ကောင်စီ စစ်ပြေး ၃၀ ဦးကျော်ကို ဖမ်းဆီးရရှိခဲ့သေးသည်ဟု သိရသည်။
ဒါ့အအပြင် ဒီဇင်ဘာ ၅ ရက်က ကိုးကန့်တာရင်တောင်ကို သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်သား ၁၁ ဦးထက်မနည်းကို ဖမ်းမိခဲ့ပြီး ၎င်းတို့ထဲတွင် သက်ကြီးရွယ်အိုအရွယ် ဒဏ်ရာရတပ်သားများလည်း ပါဝင်သည်ဟု MNDAA က ဆိုသည်။
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၀ ရက် က