bap-logo
Politics

စစ်ကောင်စီမီးရှို့ခဲ့တဲ့ ကြာပိုင်ရွာက ပြည်သူတွေ အကူအညီလိုအပ်နေ

dbf_usCq8JYJ2RA1Tckwx-image

လွန်ခဲ့သော တစ်နှစ် က

ဒီဇင်ဘာ ၈။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာကို စစ်ကောင်စီက အခုလ ရက်က မီးရှို့တဲ့အတွက် ပြည်သူတွေရဲ့ နေအိမ် ၁၀၀ ကျော် မီးလောင်ခဲ့ပြီး အချို့တွေ ထွက်ပြေးနေရပါတယ်။

 

"လက်ရှိအချိန်မိုးကာ၊ အိုးခွက်ပန်းကန်၊ ထောက်ပံမှု ငွေကြေး လိုအပ်တယ်လို့ ကြာပိုင်ရွာက ပြည်သူအများစုက ပြောပြလာပါတယ်" လို့ စစ်ရှောင်တွေကို ကူညီပေးသူတစ်ဦးက ပြောပါတယ်။

 

မီးရှို့ခံရတဲ့ ကြာပိုင်ရွာကပြည်သူတွေဟာ အသိမိတ်ဆွေတွေနဲ့ နီးစပ်ရာရွာ စစ်ရှောင်စခန်းမှာ နေနေရတာကြောင့် အခက်ခဲတွေဖြစ်နေရတယ်လို့ ကူညီပေးသူအချို့ဆီက သိရပါတယ်။

 

ဒီဇင်ဘာလ၂ရက် မနက်ပိုင်းက မြေနဲကျေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်း စစ်တပ်နဲ့ တောပုကျေးရွာက ပျူစောထီး ၃၀ ခန့်က၊ ကြာပိုင်ကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူအချို့ကို တိုက်တစ်ခုအတွင်း ပိတ်ကာ မီးရှို့ ခဲ့တာလို့ ဒေသခံတွေက အသိပေးထားပါတယ်။

 

ရွာသား ၁၀ ဦးရဲ့ မီးကျွမ်းနေတဲ့ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီး အများစုကအမျိုးသားတွေလို့ ကူညီပေးသူ အချို့ဆီက သိရပါတယ်။

 

ကြာပိုင်ကျေးရွာဟာ တောပုပျူစောထီးရွာရဲ့ မြောက်ဘက်ကပ်လျက်မှာ ရှိတယ်လို့ သိရပါတယ်။

 

" စကစနဲ့ တောပုပျူတွေပေါင်းလုပ်တာ၊ ရွာသားပိုင်ပစ္စည်းအကုန်ယူတယ်၊ အစုလိုက်လူသတ် မီးရှို့သွားတာ၊ ဘယ်သူက ဘယ်ဟာဆိုတာ ခွဲရခက်သွားတယ်၊ အချို့တွေဆို မီးသွေးတုံး ဖြစ်သွားတယ်"လို့ ဒေသခံ ကူညီပေး သူတဦးက BAP ကို ပြောပါတယ်။

 

လက်ရှိအချိန်မှာ စစ်ရှောင် ,၅၀၀ နီးပါး မိုးညှင်းသံဗုဒ္ဓေ ဘုရားထဲမှာ စစ်ဘေးရှောင်နေကြရပြီး၊ နီးစပ်ရာ အခြားကျေးရွာတွေမှာလဲ စစ်ဘေးရှောင်သူ အများအပြားရှိနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ - ဒေသခံ

 

Burma Associated Press

စစ်ကိုင်း
ကြာပိုင်ရွာ
မီးရှို့ခံရ
စစ်တပ်
အရပ်သား
သေဆုံးခဲ့

Share With
bap-logo