bap-logo
Politics

တော်လှန်ရေး ထောက်ပို့လုပ်တယ်ဆိုပြီး ငါန်းဇွန်က ဆန်စက်ပိုင်ရှင်တစ်ဦး အသတ်ခံရ

3VbA-aYBIOsC2ot7D5Qcc-image

လွန်ခဲ့သော တစ်နှစ် က

ဒီဇင်ဘာ ၁၁။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သန့်ဇင်ကုန်းကျေးရွာက ဆန်စက်ပိုင်ရှင် တစ်ဦးကို တော်လှန်ရေး ထောက်ပို့ လုပ်တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။

 

ဒါ့အပြင် နေအိမ်က ပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ယူဆောင် သွားတယ်လို့လည်း ဒေသခံ အချို့က BAP ကို ပြောပါတယ်။

 

"သဂြိုလ်ပြီးသွားပြီလားတော့ မသိရသေးဘူး၊ ထောက်ပို့လုပ်တယ်ဆိုပြီး သတ်တာပါ၊ သတ်ပြီး တခါတည်း ထွက်သွားတာ အသက် ၃၀ ကျော် အရွယ်ပါ၊ အလောင်းကတော့ ပြန်ရပါတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဒီဇင်ဘာ ရက် နေ့လယ်ပိုင်းက သတ်ဖြတ်ခံရတာဖြစ်ပြီး ကား စီးခန့်နဲ့ စစ်သားအများအပြားက လာရောက်ဖမ်းဆီးချိန် ဦးဇော်မင်းက ထွက်ပြေးခဲ့တာ ကြောင့် ပစ်သတ်လိုက်တာလို့ ဖြစ်စဥ်ကိုသိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

 

ဦးဇော်မင်းရဲ့အိမ်နဲ့ တစ်ဆက်တစပ်ထဲရှိတဲ့ ဆန်စက်ဂိုဒေါင်ထဲက ဆန်အိတ် တွေနဲ့ နေအိမ်အတွင်းက ငွေကြေးနဲ့ တန်ဖိုးကြီးပစ္စည်းများကို သိမ်းဆည်းသွား ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (TGYR-ပြောက်ကျားတပ်ဖွဲ့ ပြည်သူ့ ဆက်ဆံရေး) က ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်ထားပါတယ်။

 

Burma Associated Press

မန္တလေး
အရပ်သား
သေဆုံးခဲ့

Share With
bap-logo