Politics
ဘဏ်မှာ ငွေထုတ်မရလို့ ရပ်ကွက်ထဲက ငွေကြေးဝန်ဆောင်မှုတွေပါ ရပ်နားလာရ
လွန်ခဲ့သော ၇ လ က
ဇူလိုင် ၁၂။
လတ်တလောဘဏ်တွေမှာ ငွေအလွယ်တကူထုတ်လို့မရတဲ့ အခက်အခဲတွေကြောင့် ရပ်ကွက်အတွင်း ဖွင့်ထားတဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းဆိုင်တွေ ရပ်နားထားတယ်လို့ ရန်ကုန်မြို့နေသူတွေဆီကနေ သိရပါတယ်။
Kpay၊ Wavepay၊ Wave money အပါဝင် အခြားငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ ဇူလိုင်လ ၁၁ ရက်ကစပြီး မထုတ်ပေးတော့ဘူးလို့ သာကေတမြို့နယ် နေသူတွေက ပြောပါတယ်။
"အချို့ဆိုင်တွေက ဆိုင်းဘုတ်တွေဖြုတ်ထားတယ်၊ ငွေလွှဲသီးသန့်ဆိုင်တွေက ပိတ်ထားတယ်၊ နားထားတယ်ပဲ ပြောတယ်၊ ဘယ်နေရာကမှ ထုတ်မရတော့ဘူး" လို့ သာကေတမြို့နယ် နေသူတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့က မြိုနယ်တိုင်းနီးပါးက ဆိုင်တွေမှာ ငွေကြေးထုတ်ပေးတာမျိုး မလုပ်တော့ဘဲ အချို့ဆိုင်တွေက ငွေကျပ် တစ်သိန်းထုတ်ရင် ၅ ထောင်ကျပ်ထိ ပေးနေရတာပါ။
ငွေထုတ်ယူခွင့်ကန့်သတ်မှုတွေနဲ့ ဘဏ်အကောင့်တွေ ငွေထုတ်လို့မရတဲ့ အခြေနေတွေ ပြင်ပ ငွေထုတ်တဲ့ဆိုင်တွေမှာ ထုတ်ယူမှုပိုများလာတာကြောင့် အရင်က ဝန်ဆောင်ခ ၁ ရာခိုင်နှုန်းကနေ အခု ၅ ရာခိုင်နူန်းထိ ပေးလာရတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
"လွန်ခဲ့တဲ့ ၃ နှစ်ကလို ပြန်ဖြစ်မှာစိုးတယ်၊ ငွေရှိသူတွေအတွက် ဘာမှမဟုတ်ပေမယ့် ပုံမှန် လခစားသမားတွေအတွက် ဒီလိုဖြစ်နေရင် ဝန်ဆောင်ခနဲ့ ဘာမှကျန်မှာမဟုတ်တော့ဘူး၊ ဒီနေ့ တစ်သိန်းထုတ်တာ ၅ ထောင် ပေးခဲ့ရတယ်" လို့ ရန်ကုန်မြို့ တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက် နေသူတဦးက ပြောပါတယ်။
အခုနှစ် ဇူလိုင်လဆန်းကစပြီး ငွေထုတ်ယူခွင့်ကို ကန့်သတ်မှုတွေအဖြစ် KBZ ဘဏ်က စပါယ်ရှယ် ဘဏ်အကောင့်ကို တပတ်တကြိမ်ထုတ်ယူမှုကို ရက်ပိုင်းအတွင်းငွေကျပ် သိန်း ၂၀ ကနေ ၅ သိန်း ကျပ်အထိ လျှော့ချထားသလို ရိုးရိုးဘဏ်အကောင့်ကိုလည်း တစ်ပတ်ကို ၅ သိန်းကျပ်အထိ ကန့်သတ်လာတယ်လို့ ရန်ကုန်မြို့က ငွေထုတ်သူအများစုက ပြောပါတယ်။
ဒီနေ့ ဇူလိုင်လ ၁၂ ရက်မှာတော့ ပုဂ္ဂလိကဘဏ်အများစုက ငွေကျပ်နှစ်သိန်းထိသာ ထုတ်ပေးနိုင်တဲ့ အခြေနေ ဖြစ်နေပါတယ်။
ဒါကြောင့် ပြင်ပ ငွေကြေးလဲလှယ်တဲ့ဆိုင်တွေ ငွေထုတ်သူများလာကာ ငွေသွင်းသူမရှိလို့ ဆိုင်တွေအနေနဲ့လည်း ငွေကြေးမလည်ပတ်တော့တာလို့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း လုပ်သူတဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့လကဆို Kpay ငွေလာထည့်သူ နေ့စဥ်များတယ်၊ ဒီလကထုတ်သူပဲများတယ်၊ အဲဒါကြောင့် မထုတ်ပေးနိုင်ဘူး၊ ဘဏ်ကလည်း ပြန်ထုတ်လို့မလွယ်တော့ ခဏရပ်ထားရတယ်" လို့ ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း လုပ်သူတစ်ဦးက ပြောပါတယ်။
Related Articles
- ရုရှားကုမ္ပဏီများ မြန်မာတွင် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ရင်းနှီးမြှုပ်နှံရန် မျက်စိကျနေ
- တရုတ်ပြောသည့်အတွက် တရုတ်နှစ်သစ်ကူးနေ့ကို ရုံးပိတ်ရက်အဖြစ် စစ်ကောင်စီသတ်မှတ်
- နောင်ချို ၆၀၆ ဒုံးတပ်မှအတွဲလိုက်ပစ်ဒုံးလက်နက်များအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ
- မြန်မာသို့ တရုတ်ဆီတင်သင်္ဘော၊ ဗီယက်နမ်ကုမ္ပဏီများမှတဆင့် ဂျက်လေယာဉ်ဆီ ဆက်လက်တင်သွင်းနေဆဲ
Top News
လွန်ခဲ့သော ၄ ရက် က