bap-logo
Article

အခွင့်အရေးဆုံးရှုံးနေသည့် နယ်စပ်ဖြတ်ကျော် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ

06Nyp1MV2aKrDIo7KQHnX-image

လွန်ခဲ့သော တစ်နှစ် က

ဒီဇင်ဘာ ၁၈ ရက်သည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့ဖြစ်သော်လည်း "စက်ရုံပိုင်ရှင်တွေက နိုင်ငံကူးလက်မှတ်တွေ အသိမ်းခံထားရတဲ့ အလုပ်သမားတွေအတွက် ဘာတွေ ပြောင်းလဲသွားပြီလဲ။ ဒါမှမဟုတ် ရသင့်တဲ့ လုပ်ခအောက် တစ်ဝက်လောက်ပဲ ရတဲ့သူတွေအတွက် ဘာတွေ ပြောင်းလဲသွားပြီလဲ။ဟု မေးမြန်းသူ အများအပြား ရှိနေဆဲဖြစ်သည်။

 

တနင်္လာနေ့တွင် ရွှေ့ပြောင်းနေထိုင်သူအစုအဖွဲ့များ ဆွေးနွေးရန်၊ အောင်ပွဲခံရန်နှင့် စာနာနားလည်မှု ပြသရန် ထိုင်းနိုင်ငံ နေရာအနှံ့အပြားတွင် စုဝေးခဲ့ကြသည်။

 

မြန်မာစစ်တပ်၏ ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖိနှိပ်သည့် စည်းမျဉ်းစည်းကမ်းများ အောက်မှ ထွက်ပြေး၍ ထိုင်းနိုင်ငံသို့ တရားမဝင် ဖြတ်ကျော်လာကြသော နိုင်ငံသားများသည် များပြားလှသော အရေးကိစ္စများနှင့် ခက်ခဲသည့် အခြေအနေများကြောင့် သီးသန့်ခွဲခြားထားမှု မြင့်တက်လာသည်။

 

ဥပမာ ဘန်ကောက်မြို့အနီး Samut Sakhon မြို့တွင် စက်ရုံပိုင်ရှင်မှ လပေါင်းများစွာ သော့ပိတ်ခံထားရပြီး ဝင်းအတွင်းမှ ထွက်ခွင့်မရကြသည့် အထည်ချုပ်စက်ရုံအလုပ်သမား ၁၀ ဦးကို မြန်မာလူသားချင်း စာနာမှုလုပ်ဆောင်ရေးစင်တာ (MHAC) မှ ကယ်တင်ခဲ့ရကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။ Samut Sakhon သည် အစားအသောက်ပြုပြင်ခြင်း၊ အထည်ချုပ်နှင့် အထည်အလိပ်၊ မော်တော်ယာဉ် အစိတ်အပိုင်းများနှင့် ရာဘာထုတ်ကုန်များ အဓိက အခြေစိုက် ထုတ်လုပ်ရာ ဖြစ်သည်။

 

မြို့တော်မှ မိုင် ၆၀ ကျော်ကျော်သာ ဝေးသော Suphan Buri မြို့ရှိ Sala အိတ်ချုပ်စက်ရုံတွင် အလုပ်သမားအဖွဲ့များနှင့် အလုပ်သမားအခွင့်အရေးအဖွဲ့အစည်းများ၏ ဆွေးနွေးမှုများအရ မြန်မာလုပ်သား ၃၀၀ ကျော်မှာ စက်ရုံပိုင်ရှင်ကို စွပ်စွဲထားသော နှောင့်ယှက်ထိပါးမှုများအတွက် စက်တင်ဘာလအတွင်း အကူအညီတောင်းခံနေကြသည်။

 

(၎င်းဖြစ်ရပ်ကို Sourcing Journal မှ သီးခြား အတည်မပြုနိုင်ခဲ့သော်လည်း ဒေသတွင်း ရွှေ့ပြောင်းသူများ လူ့အခွင့်အရေးအထောက်အကူ ကုမ္ပဏီက အခိုင်အမာအတည်ပြုခဲ့သည်။)

 

အကောင်းဘက်ကမူ ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် မြန်မာထက် နှစ်ဆခန့် လစာပိုများကြောင်း သိရှိကြပြီး လူမှုရေးစနစ်မှ အသိအမှတ်ပြုကာ နိုင်ငံတဝှမ်းမှ ရွှေ့ပြောင်းသူများ အထောက်အကူပြုစင်တာများက ထောက်ပံ့ကူညီကြသည်။

 

မဲဆောက်မြို့၌ ဧပြီလတွင် ဖြစ်ပေါ်ခဲ့သော အမှုအတွက် အောင်မြင်မှုကို ပြီးခဲ့သည့် အပတ်တွင်း ပြောကြားခဲ့သည်မှာ အလုပ်သမား ၅၈ ယောက်အတွက် ဘတ် . သန်း (ဒေါ်လာ ၂၇၀,၀၀၀ ခန့်) ချီးမြှင့်ခံခဲ့ရခြင်းဖြစ်ပြီး အချိန်ပိုကြေးများနှင့် အလုပ်ထုတ်ခဲ့သည့်အတွက် နစ်နာကြေးများအဖြစ် Mai Tai စက်ရုံမှ နောက်ကြောင်းပြန် နစ်နာကြေး ပေးခဲ့ခြင်းဖြစ်သည်။

Mai Tai စက်ရုံက အလုပ်သမားတွေက ဥပဒေက သတ်မှတ်ထား တာထက် နိမ့်ကျတဲ့ အလုပ်ခွင်မှာ လုပ်နေခဲ့ရပါတယ်။ တစ်လမှာ တစ်ရက်ပဲ လစာမဲ့ ခွင့်ရပါတယ်။ အလုပ်ချိန် (မနက် ၇ နာရီ ခွဲမှ ည ၈ နာရီထိ) အရမ်းများပါတယ်။

 

ကျွန်မတို့ ပိုက်ဆံပေးတာကို စောင့်နေတာ။ ကျွန်မတို့ အလုပ်သမားစစ်ဆေးရေးမှူးအမိန့် ရပြီ။ ကျွန်မတို့ ရှေ့နေက အလုပ်သမားတရားရုံးနဲ့ စစ်ကြည့်ပြီးပြီ။ အလုပ်ရှင်က အလုပ်သမားစစ်ဆေးရေးမှူး အမိန့်ကို အယူခံမဝင်တော့ဘူးတဲ့။” ဟု လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (HRDF) ကွင်းဆင်းညှိနှိုင်းရေးမှူး Raweeporn Dokmai က Sourcing Journal ကို ပြောသည်။

 

အမူနှင့်ပတ်သတ်၍ "Mai Tai စက်ရုံက အလုပ်သမားတွေက ဥပဒေက သတ်မှတ်ထားတာထက် နိမ့်ကျတဲ့ အလုပ်ခွင်မှာ လုပ်နေခဲ့ရပါတယ်။ တစ်လမှာ တစ်ရက်ပဲ လစာမဲ့ ခွင့်ရပါတယ်။ အလုပ်ချိန် (မနက် ၇ နာရီ ခွဲမှ ည ၈ နာရီထိ)အရမ်းများပါတယ်။ နိမ့်ကျတဲ့ လစာ၊ တရားမဝင် လုပ်ခဖြတ်တောက်မှုတွေနဲ့ လုပ်ကိုင်ခဲ့ကြရပါတယ်။” ဟု သူမက ပြောသည်။

 

အလုပ်ရှင်က ဘတ် ၂,၀၀၀ (၅၇.၂၁ ဒေါ်လာ) လစာက ဖြတ်မယ်လို့ ခြိမ်းခြောက်လာပြီး အရည်အသွေးနိမ့်ကျတဲ့ အလုပ်ခွင်နဲ့ အချိန်ပိုဆင်းဖို့ အတိုက်အခံတွေ ရှိလာလို့ ကျွန်မတို့ကို အလုပ်သများအချို့က ဧပြီလအတွင်းက တိုင်ကြားလာပါတယ်။ တချိန်တည်းမှာပဲ မှတ်ပုံတင်ဖို့ နောက်ဆုံးရက်ကပ်လာတဲ့အချိန်အထိ သူတို့ရဲ့ အထောက်အထားတွေကို အလုပ်ရှင်က သိမ်းထားတယ်။” ဟု သူမက ပြောသည်။

 

အလုပ်သမားများနှင့် ဆွေးနွေးသောအခါ HRDF က အထောက်အထားများ သိမ်းဆည်းရန် ရဲကို တိုင်ကြားမည့် အစား အလုပ်သမားဆက်ဆံရေးဥပဒေအောက်မှ ၎င်းတို့ရပိုင်ခွင့် အခွင့်အရေးများကို ထောက်ပြ၍ ၎င်းတို့၏ အလုပ်ရှင်နှင့် မေလအတွင်း ဆွေးနွေးညှိနှိုင်းရန် ကူညီပေးခဲ့သည်။

 

အလုပ်ရှင်က သတ်မှတ်ရက်ကျော်တဲ့အထိ အထောက်အထားတွေကို သိမ်းဆည်းထားပြီး အကောက်ကြံမယ် ဆိုရင် အလုပ်သမားအားလုံး အထောက်အထားမဲ့တွေ ဖြစ်ကုန်မယ်။ အလုပ်သမားကာကွယ်ရေးနှင့် သက်သာ ချောင်ချိရေးဌာန(DLPW)က ကိုယ်စားလှယ်တစ်ယောက် သက်သေအဖြစ်ပါဝင်တဲ့ ဆွေးနွေးပွဲမှာ နောက်ဆုံးတော့ အလုပ်ရှင်က အလုပ်သမားတွေရဲ့ အထောက်အထားတွေ ပြန်ပေးခဲ့ပေမယ့် နောက်တစ်ရက်အကြာမှာ အလုပ်ထုတ်ပစ်ခဲ့တယ်။ဟု Dokmai က ပြောသည်။

 

အလုပ်ရှင်က အဓိကဝင်ပေါက်ကို အပြင်မှ သော့ခတ်ထားကြောင်း၊ မြက်ပင်ရှည်များပေါက်နေသည့် မြေရိုင်းများ ရှိရာသို့ နောက်ဖေးတံခါးမှ ထွက်ခြင်းသည်သာ စက်ရုံ၏ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ကြောင်း၊ အလုပ်သမားများ၏ လိပ်စာကို စက်ရုံလိပ်စာအဖြစ် အတည်မပြုသည့်အတွက် ၎င်းတို့၏ ဗီဇာသက်တမ်းတိုး၍ မဖြစ်နိုင်ရန် လုပ်ထားကြောင်း သူမက ပြောသည်။

 

“HRDF ဝန်ထမ်းက ရွှေ့ပြောင်းအလုပ်သမားကူညီထောက်ပံ့ရေးစင်တာ (MWAC) ရဲ့ သဘောတူညီမှုနဲ့ သူတို့လိပ်စာကို အလုပ်သမား ၅၉ ရောက်အတွက် လိပ်စာအနေနဲ့ အသုံးပြုခဲ့ရတယ်။ ဒါကြောင့်သာ သူတို့ ဗီဇာသက်တမ်းတိုးလို့ ရခဲ့တာ။”

 

၎င်းအချိန်တွင် HRDF ဝန်ထမ်းကို အလုပ်ရှင်က လိုက်လံခြောင်းမြောင်းခြင်း၊ ဖုန်းဆက် ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု သူမက ပြောသည်။

 

၎င်းအဆင့်အတွင် အလုပ်သမားများက ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းတိုးထားနိုင်ခဲ့သည်ဟု Dokmai က ပြောသည်။ "MWAC က အလုပ်ခေါ်နေတဲ့ တခြားစက်ရုံမှာ သူတို့နဲ့ ကိုက်ညီတဲ့အလုပ်တွေ ရှာပေးရာမှာလည်း ကူညီပေးခဲ့ပါတယ်။ HRDF က အလုပ်သမားတွေကို လုပ်ခခိုးယူတဲ့ အမှုတွေကို ဆက်လက်ကူညီပြီး အတင်းအကျပ်ခိုင်းစေမှုအဖြစ် ဖော်ထုတ်နေပါတယ်။” ဟု သူမက ရှင်းပြသည်။

 

ရွှေ့ပြောင်းနေထိုင်သူများကို အထောက်အထားမဲ့စေရန် မြန်မာက တွန်းအားပေးနေသည်ဟု အလုပ်သမားများက ပြောသည်။ မကြာသေးခင်က သတ်မှတ်လိုက်သော အခွန်နှင့် ငွေလွှဲပြောင်းမှုစည်းကမ်းနှစ်ခုသည် ရွှေ့ပြောင်း အလုပ်သမားများအတွက် ကြီးမားသော ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ပြောကြသည်။

 

မြန်မာစစ်အာဏာပိုင်တို့၏ စက်တင်ဘာလက စည်းကမ်းသတ်မှတ်ချက်တွင် ရွှေ့ပြောင်းနေထိုင်သူများသည် ၎င်းတို့ဝင်ငွေ၏ ၂၅%ကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးရမည်ဟု ပါရှိသည်။

 

တရားဝင်လမ်းကြောင်းတွေကနေ လွှဲပြောင်းပေးရမှာဖြစ်တယ်။” ဟု အမည်မဖော်လိုသည့် အလုပ်သမား တစ်ဦးက အလေးပေး ပြောဆိုသည်။ "ဆိုလိုတာက ပြင်ပငွေလွှဲလမ်းကြောင်းတွေက လွှဲတာထက်စာရင် သတ်မှတ်ငွေလဲနှုန်းအရ ၂၅% ကနေ ၄၀% လောက် ကျွန်တော်တို့ နစ်နာတာပေါ့။ ကိုယ့် စားဝတ်နေရေးအတွက် သုံးစွဲဖို့ ငွေတွေလည်း လျော့သွားတာပေါ့။”

 

အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်တွင် ခန့်မှန်း ငွေလွှဲပြောင်းမှုမှာ ဒေါ်လာ .၆၇ ဘီလီယံ ရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ၁. ဘီလီယံသို့ လျော့ကျသွားခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

 

မြန်မာစစ်အာဏာရှင်တို့၏ အခြားစည်းမျဉ်းမှာ ရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ခလစာအပေါ် အခွန် ကောက်ခံမှုဖြစ်သည်။ အခွန်မှာ မြင့်မားပြီး အနိမ့်ဆုံးလုပ်ခရရှိသည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ၎င်းတို့ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

 

၎င်းတို့ အခွန်မပေးလျှင် နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးနိုင်မည်မဟုတ်ချေ။

ထိုင်းနိုင်ငံရဲ့ အထည်ချုပ်နဲ့ အထည်အလိပ်ကဏ္ဍက မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေကို အများကြီး မှီခိုနေရတာဖြစ်ပါတယ်။”

 

“’ဒါက ငွေလွှဲပြောင်းမှုစည်းမျဉ်းအရ ၂၅% အခွန်အတွက် ၁၀% လွှဲပေးရမယ်လို့ ဆိုလိုတာပဲ။” ဟု အလုပ်သမားတစ်ဦးက ရှင်းပြသည်။ "ဒါက ကျွန်တော်တို့ကို အထောက်အထားမဲ့အဖြစ် ဆက်နေဖို့ တွန်းအားပေးလိုက်တာပဲ။”

 

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများသည် ရွှေ့ပြောင်းနေထိုင်သူများ၏ ၈၀ ရာခိုင်နှုန်း နီးပါးရှိပြီး ကမ္ဘောဒီးယားနှင့် လာအိုတို့ထက် ပို၍ များပြားသည်။

 

ထိုင်းနိုင်ငံရဲ့ အထည်ချုပ်နဲ့ အထည်အလိပ်ကဏ္ဍက မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေကို အများကြီး မှီခိုနေရတာဖြစ်ပါတယ်။” ဟု ထိုင်နိုင်ငံမှ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့ (IOM) အလုပ်သမား ရွှေ့ပြောင်းမှုနှင့် လူမှုရေးပါဝင်နိုင်မှုအစုအဖွဲ့၊ မိတ်ဖက်များနှင့် အစီအစဉ်ညှိနှိုင်းရေးမှူး Aleksandra Lasota က Sourcing Journal ကို ပြောသည်။

 

ထုတ်လုပ်ရေးကဏ္ဍတွေမှာ သူတို့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေပေမယ့် ဒီကဏ္ဍက ရွှေ့ပြောင်း အလုပ်သမားတွေဟာ သူတို့ရဲ့ ရွှေ့ပြောင်းနေထိုင်ရေး ခရီးတစ်လျှောက်မှာ အထူးသဖြင့် အလုပ်ခန့်အပ်ရေးနဲ့ အလုပ်လုပ်ကိုင်ရာမှာ ဆုံးရှုံးနိုင်မှု အန္တရာယ်တွေ မကြာခဏ ကြုံနေရတယ်ဆိုတာ သုတေသနတွေက ညွှန်ပြနေပါတယ်။ ဥပမာအားဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေဟာ တရားဝင် အနိမ့်ဆုံးလုပ်ခထက် နိမ့်ကျ ငွေကြေး၊ လုပ်ခမရတဲ့ အချိန်ပိုတွေ အပါအဝင် နိမ့်ကျတဲ့ လုပ်ငန်းခွင်အခြေအနေတွေ ကြုံတွေ့နေရတယ်။ လူမှုရေးနဲ့ ဥပဒေအကာအကွယ်တွေ ရယူရာမှာလည်း အကန့်အသတ်တွေ ရှိနေပြီးတော့ ကျားမအခြေပြု ခွဲခြားဆက်ဆံမှုတွေလည်း ရှိနေပါတယ်။” ဟု သူမက ပြောသည်။

 

ထိုင်းနိုင်ငံသည် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ဆောင်ချက် စီမံကိန်းကို အာရှတွင် ပထမဆုံး လက်ခံကျင့်သုံးသော နိုင်ငံဖြစ်၍ ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် ဝန်ထမ်းရှာဖွေခန့်အပ် ပေးသူများကို ဝန်ဆောင်ခပေးရန်မလိုကြောင်း တော်ဝင်အမိန့်အဖြစ် ၂၀၁၇ တွင် ပြဌာန်းခဲ့သော်လည်း ရွှေ့ပြောင်းအလုပ်သမားအများအပြားက ၎င်းအခွင့်အရေးကို မသိရှိကြသေးကြောင်း သူမက ထောက်ပြသည်။

 

ဒီထက်ပိုပြီးတော့ ပြောရရင် ၂၀၂၀ ခုနှစ် နိုင်ငံတကာအလုပ်သမားအဖွဲ့( ILO)ရဲ့ အစီရင်ခံစာမှာ တွေ့ဆုံ မေးမြန်းခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား တစ်ဝက်ကျော်က ထိုင်းနိုင်ငံမှာ တော်ဝင်ဥပဒေနဲ့ တားမြစ်ထားပေမယ့် အလုပ်အကိုင်ရှာဖွေခန့်ထားရေးအေဂျင်စီ ဒါမှမဟုတ် ပွဲစားတွေကို ပိုက်ဆံပေးခဲ့ရတယ်ဆိုတဲ့ စိန်ခေါ်မှုတစ်ခု ဥပဒေစိုးမိုးရေးအတွက် ကျန်နေသေးတယ်။ဟု သူမက ပြောသည်။

 

ILO နှင့် International Organization for Migration and Walk Free အဖွဲ့တို့ ၏ နောက်ဆုံးထုတ်ပြန်ချက်ဖြစ်သည့် ယခင်နှစ်က ကမ္ဘာလုံးဆိုင်ရာ ခေတ်သစ်ကျွန်ပြုမှုဆိုင်ရာခန့်မှန်းချက်တွင် ကမ္ဘာအနှံ့ လူပေါင်း သန်း ၅၀ ခန့်မှာ ခေတ်သစ် ကျွန်ပြုခံရပြီး နေထိုင်နေကြသည်ဟု ဖော်ထုတ်ထားသည်။ အာရှနှင့် ပစိဖိတ်တဝှမ်းတွင် လူပေါင်း ၁၅ သန်းမှာ အတင်းအကျပ် ခိုင်းစေခံရမှု၏ သားကောင်များအဖြစ် တိုင်ကြားခဲ့ကြသည်။ ရွှေ့ပြောင်းအလုပ် သမားများသည် အခြားသူများထက် အတင်းအကျပ်ခိုင်းစေခံရသည့် သားကောင်ဖြစ်ရန် အခွင့်အလမ်း သုံးဆ ပိုမိုများပြားသည်။

 

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေအတွက် တရားဝင်ခန့်မှန်းမှုမှာ . သန်းရှိသော်လည်း စုစုပေါင်းအရေအတွက်မှာ ၎င်းအရေအတွက်ထက် နှစ်ဆခန့် ရှိနိုင်သည်ဟု ခန့်မှန်းကြသည်။

 

ထိုင်းနယ်စပ်တွေကနေ စိမ့်ဝင်နိုင်တဲ့အတွက်၊ အချိန်ကုန်၊ ရှုပ်ထွေးလေ့ရှိပြီး ကုန်ကျစားရိတ်များတဲ့ နားလည်မှု စာချွန်လွှာလုပ်ငန်းစဉ်တွေ၊ နယ်စပ်အလုပ်ခန့်ထားရေးအစီအစဉ်တွေ လုပ်ဆောင်နိုင်မှု အကန့်အသတ်ရှိတာတွေ ကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား ထိုင်းနိုင်ငံကို အစီအစဉ်မကျ ဝင်လာကြပါတယ်။ဟု ပြောသည်။

ရွှေ့ပြောင်းသူတွေရဲ့ ပြဿနာက အတော်များများက ပြန်ပို့ခံရမှာ ကြောက်တဲ့ အတွက် အစိုးရဦးဆောင်တဲ့ စင်တာတွေကို မသွားလိုကြဘူး။

 

မဲဆောက်က အဝတ်အထည်စက်ရုံတွေရဲ့ အချက်အချာတစ်ခု၊ နိုင်ငံတကာကုန်အမှတ်တံဆိပ်တွေနဲ့ လက်လီ ရောင်းချသူတွေအတွက် ပြည်ပတင်ပို့မှု လုပ်ငန်းဇုန် ဖြစ်ပါတယ်။ အလုပ်သမားဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်က စပြီး ရွှေ့ပြောင်းအလုပ်သမား အကဲဖြတ်ရေးစင်တာ ၁၀ခု နိုင်ငံအဝှမ်းမှာ ဖွင့်လှစ်လုပ်ဆောင်နေပါတယ်။ အဲဒီစင်တာတွေက ရွှေ့ပြောင်းလာသူတွေကို အလုပ်လုပ်ခွင့်၊ ဗီဇာ စတာတွေ ကူညီလုပ်ဆောင်ပေးပါတယ်။ အဲဒီစင်တာတစ်ခု မဲဆောက်မှာ ရှိပါတယ်။ နားလည်မှုစာချွန်လွှာနဲ့ ဝင်လာတဲ့ ရွှေ့ပြောင်းသူတွေဟာ အချို့ အခြေအနေတွေမှာ အလုပ်ပြောင်းလို့ ရပါတယ်။ များသောအားဖြင့်တော့ သူတို့ဟာ အလုပ်စာချုပ်အရ ပုံမှန် နှစ်နှစ် ချုပ်ဆိုရပါတယ်။ဟု ILO မျှတသည့် ရွှေ့ပြောင်းမှုမြှင့်တင်ရေး ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုအစီအစဉ်၏ အာဆီယံမှ ပညာရပ်ဆိုင်ရာ အကြံပေးအကြီးအကဲ Anna Engblom က ပြောသည်။

 

ရွှေ့ပြောင်းသူတွေရဲ့ ပြဿနာက အတော်များများက ပြန်ပို့ ခံရမှာ ကြောက်တဲ့အတွက် အစိုးရဦးဆောင်တဲ့ စင်တာတွေကို မသွားလိုကြဘူး။ဟု သူမက ပြောသည်။

 

ILO အမြင်အရ အလုပ်ရှာဖွေပေးမှုဝန်ဆောင်ခ သို့မဟုတ် ဆက်စပ်ကုန်ကျစားရိတ်များကို အလုပ် သမားများက ပေးအပ်ရန် တာဝန်မရှိသင့်ဟု သူမက ပြောသည်။ ၎င်းကုန်ကျစားရိတ်များတွင် သယ်ယူ ပို့ဆောင်ရေး၊ ဆေးစစ်ခြင်း၊ အလုပ်လုပ်ခွင့်နှင့် ဗီဇာကြေးများလည်း ပါဝင်သည်။

 

အပြုသဘော တိုးတက်မှုတစ်ခုကတော့ ထိုင်းအစိုးရက အရင်လကစပြီး ဗီဇာကြေးတွေ ၂,၀၀၀ ဘတ် (၅၇.၂၁ဒေါ်လာ) ကနေ ၅၀၀ ဘတ် (၁၄.၃၀ဒေါ်လာ) အထိ လျော့ချလိုက်တာပါ။” ဟု သူမက ပြောသည်။

 

ထိုင်းအရာရှိတစ်ဦးက ရှင်းလင်းစွာ ပြောသည်။

 

ခင်ဗျား တောင်အာရှကို ကြည့်မယ်ဆိုရင် ထိုင်းနဲ့ မလေးရှားက ပြောင်းရွှေ့သူတွေအတွက် အကြီးဆုံးဒေသ ဖြစ်တယ်။ ဒီနှစ်နိုင်ငံက ပြောင်းရွှေ့နေထိုင်မှု ကမ္ဘာစင်္ကြံရဲ့ ထိပ်ဆုံး ၂၀ မှာ ပါတယ်။ ကျွန်တော်တို့ ဘေးကင်းရေးနဲ့ မျှတတဲ့ အခြေအနေတွေ ဖြစ်အောင် အကောင်းဆုံး လုပ်နေကြပါတယ်။”

 

Inditex Primark Marks & Spencer H&M တို့အပါအဝင် ကမ္ဘာ့လက်လီရောင်းချသူများနှင့် ကုန်အမှတ်တံဆိပ်များ မြန်မာနိုင်ငံတွင်း ထုတ်လုပ်ရေးမှ ထွက်ခွာနေကြစဉ် မဲဆောက်မြို့မှ အမည်မဖော်လိုသည့် ရွှေ့ပြောင်း အလုပ်သမား တစ်ဦးက အဓိက အချက်ကို ပြောသည်။

 

ကျွန်မတို့ အလုပ်တွေရှိဖို့ လိုပါတယ်။” ဟု သူမက ပြောသည်။

 

ကိုးကား - Sourcing Journal

(Photo: Sourcing Journal)

 

 Burma Associated Press

လူ့အခွင့်အရေး
မြန်မာ
ထိုင်းနိုင်ငံ
ရွေ့ပြောင်းအလုပ်သမား

Share With
bap-logo