Article
ဖက်ရှင်လုပ်ငန်းကြီးများမှ အလုပ်သမားများ လူ့အခွင့်အရေးဆုံးရှုံးနေဆဲ
လွန်ခဲ့သော တစ်နှစ် က
ဖက်ရှင်လုပ်ငန်းများ၏ ကုန်ပစ္စည်းပေးသွင်းမှုလုပ်ငန်းစဉ်တလျှောက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြေရှင်းရာ၌ ခက်ခဲနေခြင်းကို ကောင်းမွန်စွာ မှတ်တမ်းတင်ထားချက်များသည် သတင်းခေါင်းစီးများတွင် ဆက်လက် ဖော်ပြနေကြရဆဲ ဖြစ်သည်။
ပါကစ္စတန်မှ အထည်ချုပ်အလုပ်သမားများကို အမြတ်ထုတ်မှုအကြောင်း အလေးပေးဖော်ပြထားသည့် အစီရင်ခံစာတစ်စောင်ကို အမှတ်တံဆိပ်နောက်ကွယ်မှ လုပ်သားများ(Labour Behind the Label)အဖွဲ့က စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။ ၎င်းအစီရင်ခံစာတွင် ကမ္ဘာ့အကြီးဆုံး ဖက်ရှင်အမှတ်တံဆိပ် လုပ်ငန်းကြီးများက အနိမ့်ဆုံးလုပ်ခ လိုအပ်ချက်များကို အမြဲလို ချိုးဖာက်နေပြီး အလုပ်ချိန်အများအပြား အတင်းအကျပ် ခိုင်းစေနေသော ကျန်းမာရေးနှင့် ဘေးကင်းရေးအတွက် မစို့မပို့သာပေးသည့် စက်ရုံများကို အသုံးပြုနေကြောင်း ဖော်ပြထားသည်။
နိုဝင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်သို့ အာရုံစိုက်မှုပြောင်းရွှေ့ကာ စက်ရုံပိုင်ရှင်များနှင့် ရဲတပ်ဖွဲ့တို့သည် ၎င်းနိုင်ငံ၏ အထည်ချုပ်လုပ်သားများ ဆန္ဒဖော်ထုတ်ခြင်းကို ရက်စက်စွာ ဖြိုခွင်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့ ကြသည်။ ၎င်းလုပ်သားများသည် အစိုးရ၏ ကြေညာလိုက်သည့် အနိမ့်ဆုံးလုပ်ခတိုးမြှင့်မှုသည် ၎င်းတို့အဆိုအရ အခြေခံနေထိုင်စားရိတ်ကို လောက်ငကာမိမှုမရှိဘဲ အလွန်အမင်း နည်းပါးနေသည့်အတွက် ဆန္ဒ ဖော်ထုတ်ကြခြင်း ဖြစ်သည်။
နိုဝင်ဘာလနှောင်းပိုင်းတွင် စီးပွားရေးနှင့် လူ့အခွင့်အရေးအရင်းအမြစ်စင်တာ Business and Human Rights Resource Centre (BHRRC) ၏ အချက်အလက်အသစ်များအရ ကုန်အမှတ်တံဆိပ် နှင့် လက်လီဖြန့်ချိရေး ၆၈ ခုတို့က မြန်မာကုန်ပစ္စည်းပေးသွင်းမှုလုပ်ငန်းစဉ်များတွင် အလွဲသုံးစားပြုမှုများအတွက် စွပ်စွဲမှုများနှင့် ဆက်စပ်နေကြောင်း ဖော်ပြထားသည်။ အစီရင်ခံစာတွင် ၂၀၂၃ ခုနှစ် ငါးလတာထက် မကျော်သည့် ကာလအတွင်း အလုပ်သမားနှင့် လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၅ ခုကို မှတ်တမ်းတင်ထားသည်။ ၎င်းချိုးဖောက်မှုများမှာ အလုပ်ပိုလုပ်ရခြင်း၊ လုပ်ခခိုးယူခြင်း၊ အမျိုးသမီးများ အများအပြားလုပ်ကိုင်နေသည့် လုပ်ငန်းခွင်တွင် နှောင့်ယှက်ထိပါးခြင်းတို့ပါဝင်နေသည်။
"စံနှုန်းနှိုင်းယှဉ်ရေး အကဲဖြတ်စစ်ဆေးမှုက မြေပြင်မှာ ဖြစ်ပျက်သမျှကို စစ်ဆေးရမယ့်အစား စံသတ်မှတ်ချက်တွေအပေါ် ကုမ္ပဏီတွေက သူတို့ကိုယ် သူတို့ အများသိအောင် ပြောသလောက်ပဲ စစ်ဆေးနေကြတယ်။”
သို့သော် ထိခိုက်မှုအများဆုံးဖြစ်ဖွယ်ရှိသည့် အချက်အလက်များမှာ ကမ္ဘာ့စံသတ်မှတ်ချက် နှိုင်းယှဉ်ရေး မဟာမိတ်အဖွဲ့ World Behchmarking Alliance (WBA) ၏ နောက်ဆုံးထုတ်ပြန်သည့် ကော်ပိုရိတ် လူ့အခွင့်အရေး စံသတ်မှတ်ချက် နှိုင်းယှဉ်မှု Corporate Human Rights Benchmark (CHRB) မှ အချက်အလက်များဖြစ်သည်။
၎င်းအစီရင်ခံစာတွင် ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး အဝတ်အထည်ကုမ္ပဏီကြီး ၅၅ ခုကို လေ့လာ အကဲဖြတ် ထားခြင်းဖြစ်သည်။ ရှာဖွေတွေ့ရှိချက်များတွင် ၎င်းအမှတ်တံဆိပ်တို့မှ ၉၅% သည် ၎င်းတို့၏ ကုန်ပစ္စည်း ပေးသွင်းသူတို့ကို လူ့အခွင့်အရေးဆိုင်ရာများ လိုက်နာမည်ဟု မျှော်လင့်ထားခဲ့ကြပြီး ကျားမတန်းတူညီမျှမှုကို ရည်ရွယ်သည့် အထောက်အပံ့များ ပေးအပ်ခြင်း၊ ငွေကြေးစီးဆင်းမှုကို ထိန်းသိမ်းခြင်းဖြင့် ငွေပေးနောက်ကျမှုကို ရှောင်ကြဉ်ခြင်းစသည်တို့အတွက် လုပ်ငန်းကြီးများ၏ သုံးပုံတစ်ပုံအောက်ကသာ လိုအပ်သောပြင်ဆင်မှုများ ကြိုတင်လုပ်ဆောင်ခဲ့သည်။ ၎င်းအစီရင်ခံစာတွင် ကုမ္ပဏီ ၁၂ ခုကသာ ကုန်ပစ္စည်းပေးသွင်းသူတို့၏ နေထိုင်မှုစားရိတ်များကို ကူညီပေးနေသည်ဟု ဖော်ထုတ်ထားသည်။
ဘင်္ဂလားဒေ့ရှ်မှ အခွင့်အရေးချိုးဖောက်မှုများနှင့် ဆက်စပ်နေသည့် စက်ရုံများကို အသုံးပြုသူများတွင် M&S လည်း တစ်ခု အပါအဝင်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်မှ ၎င်းတို့၏ အခြေအနေကို မေးမြန်းရာတွင် ၎င်းတို့သည် “အလုပ်သမားများကို အခွင့်အရေးချိုးဖောက်မှု သို့မဟုတ်ညှဉ်းဆဲခြောက်လှန့်မှုတို့ကို မည်သည့်အခါမျှ သည်းခံမည်မဟုတ်”ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဝယ်ယူရေးအခြေခံမူများတွင် သတ်မှတ်ထားသည့်အတိုင်း အလုပ်သမားများကို အသင်းအဖွဲ့ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ရေးနှင့် ဘေးကင်းသော လုပ်ငန်းခွင် အာမခံချက်ပေးရမည်ဖြစ်သည်ဟု M&S က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောခဲ့သည်။
"ကျင့်ဝတ်နှင့်ညီသော ကုန်သွယ်မှုစီမံဆောင်ရွက်ချက်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သမဂ္ဂများ၊ အစိုးရ လုပ်ခဘုတ်အဖွဲ့နှင့် လုပ်ငန်းရှင်များအဖွဲ့တို့ သုံးပွင့်ဆိုင်ပါဝင်သည့် အနိမ့်ဆုံးလုပ်ခ ညှိနှိုင်းမှုများကို ထောက်ခံကြောင်း၊ အလုပ်သမားများ နေထိုင်မှုအဆင့်အတန်း သင့်တင့်မျှတမှုရှိစေရေး တိုးမြှင့်ပေးနိုင်မည့် ကဏ္ဍစုံတောင်းဆိုမှုများကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း” ဖော်ပြထားသည်။
BHRCC ၏ အစီရင်ခံစာကို အီးမေးလ်ဖြင့် တုန့်ပြန်ရာတွင် H&M ၏ လူမှုသက်ရောက်မှုအကြီးအကဲ Payal Jain က "အထည်ချုပ်အလုပ်သမားများ၏ အခြေအနေ တိုးတက်ရေး ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်သည် ရေရှည် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ အစီရင်ခံစာတွင် အကျိုးသက်ရောက်မှုရှိသည်ကို ထင်ဟပ်ထားကြောင်း သို့သော် ဆက်လက်လုပ်ဆောင်ရန် များစွာကျန်ရှိနေသေးသည်ကို ကျွန်ုပ်တို့ အသိအမှတ်ပြုကြောင်း” ဖော်ပြထားသည်။
သို့သော် ကုမ္ပဏီတစ်ခုချင်းစီက လုပ်ငန်းစဉ်ပေါ်တွင် ရပ်တည်မှုမှာ များစွာ ရှင်းလင်းခြင်း မရှိပေ။ ဥပမာ Inditex သည် မာလီနိုင်ငံမှ ကုန်ပစ္စည်းပေးသွင်းမှုလုပ်ငန်းစဉ်များတွင် ကလေးလုပ်သားများပပျောက်ရေး လုပ်ဆောင် ခဲ့ခြင်း၊ အမျိုးသမီးများ ဝင်ငွေဖန်တီးမှုအကြံဉာဏ်များ ဖန်တီးနိုင်ရန် ကူညီထောက်ပံ့ခြင်း၊ သက်မွေးဝမ်းကျောင်း မှု အမျိုးအစားများ ကျယ်ပြန့်လာစေရေးကူညီခဲ့ခြင်းတို့အတွက် WBA က ချီးကျူးခဲ့သည်။
သို့သော် ၎င်းကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အဆိုးရွားဆုံး ကျူးလွန်သူများအနက် တစ်ဦး အဖြစ် BHRCC မှ ဖော်ပြထားသည်။ ၎င်းကုမ္ပဏီကို စွပ်စွဲချက် ၁၀ ခု ဖော်ပြထားသည်။ ရေးသားအကြောင်းပြန်ချက်တွင် Inditex က ၎င်းတို့သည် "မြန်မာမှ တာဝန်ယူမှုရှိစွာ ထွက်ခွာရေး ဆောင်ရွက်နေကြောင်း” ဖော်ပြထားသည်။ ပြောခွင့်ရသူတစ်ဦးက ၎င်းကုမ္ပဏီ၏ ကုန်ပစ္စည်းပေးသွင်းမှုလုပ်ငန်းစဉ်တွင် ကမ္ဘာအနှံ့ လူပေါင်း သုံးသန်းကျော် အလုပ်လုပ်နေကြသည်ဟု ဆိုသည်။ "Inditex သည် အလုပ်သမားများ၏ အခွင့်အရေးများကို လေးစားရန်၊ ကာကွယ်ရန်နှင့် မြှင့်တင်ရန်အတွက် အလုပ်သမားများကို ကုန်ပစ္စည်းပေးသွင်းမှုစီမံခန့်ခွဲရေးမဟာဗျူဟာ၏ အလယ်ဗဟိုချက်တွင် ထားရှိသည်။”
၎င်းတို့၏ ကုန်ပစ္စည်းပေးသွင်းမှုလုပ်ငန်းစဉ်မှ ဝန်ထမ်းများအတွက် မလိုအပ်သည့် ကုန်ကျစားရိတ်များဟု ထင်မြင်ရသည့် အလုပ်အကိုင်ခန့်အပ်ရေးဝန်ဆောင်ခများ ဖယ်ရှားလိုက်သည့်အတွက် H&M ကိုလည်း WBA ကပြစ်တင်ရှုတ်ချခဲ့သည်။ မြန်မာနှင့် ဆက်လက် ချိတ်ဆက်နေသည့်အတွက် BHRRC မှလည်း ၎င်းကုမ္ပဏီကို ဝေဖန်ခဲ့သည်။
အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်မှာ နိုဝင်ဘာလတွင် CCLA ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေးက ၎င်းတို့၏ ခေတ်သတ်ကျွန်ပြုခြင်းဆိုင်ရာ စံနှုန်းနှိုင်းယှဉ်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၎င်းနှိုင်းယှဉ်ချက်သည် ဈေးကွက်အရင်းအနှီး အကြီးဆုံး ယူကေကုမ္ပဏီများ၏ လုပ်ငန်းများအတွင်း ခေတ်သစ်ကျွန်ပြုခြင်း ပပျောက်စေရန် ၎င်းတု့ မည်သို့ဆောင်ရွက်သည်ကို အကဲဖြတ်ခြင်းဖြစ်သည်။ အထည်ချုပ်ကုမ္ပဏီများဖြစ်သော M&S နှင့် Next Plc တို့သည် အခြားကုမ္ပဏီလေးခုနှင့်အတူ လူ့အခွင့်အရေး ဆန်းသစ်ပြောင်းလဲမှု ဦးဆောင်သူများအဖြစ် အဆင့် တစ် ရရှိခဲ့သည်။
ရမှတ် မြင့်တဲ့ ကုမ္ပဏီတွေဆိုတာ မူဝါဒတွေ အရေးအသား ကောင်းပြီး ဖြန့်ဝေနိုင်တဲ့ ကုမ္ပဏီတွေပါပဲ။”
ဥပဒေအရ တာဝန်ယူမှုရှိသည့် လူ့အခွင့်အရေးဆိုင်ရာ ရင့်ကျက်စွာ တိုးတက်၊ ချဉ်းကပ်မှု၊ ခေတ်သစ်ကျွန်ပြုမှုကို ရှာဖွေ၊ ပြင်ဆင်နှင့် ကာကွယ်ရေးကို တက်ကြွစွာလုပ်ဆောင်မှုတို့ ပြုလုပ်ခဲ့သည့်အတွက် CCLA က ကုမ္ပဏီခြောက်ခုကို ချီးကျူးခဲ့သည်။ သို့ရာတွင် M&S မှာ ဘင်္ဂလားဒေ့ရှ်မှ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ဆက်စပ်နေသည့် စက်ရုံများကို အသုံးပြုသည့် အမှတ်တံဆိပ်များအနက် တစ်ခုဖြစ်သည်။
Labour Behind the Label ၏ မူဝါဒဦးဆောင်သူ Anne Bryher က "သူတို့က လုပ်ငန်းကြီးတွေ၊ သူတို့မှာ ပိုက်ဆံရှိတယ်။ သူတို့မှာ ချေဖျက်လွှမ်းမိုးနိုင်မှု ရှိတယ်။” ဟု သူမက ပြောသည်။
သူမသည် စံနှုန်းနှိုင်းယှဉ်ရေးအစီအစဉ်များကို အချက်အလက်အားလုံးကို မပြသဟု ဝေဖန်သူ တစ်ဦးလည်းဖြစ်သည်။ "စံနှုန်းနှိုင်းယှဉ်ရေး အကဲဖြတ်စစ်ဆေးမှုက မြေပြင်မှာ ဖြစ်ပျက်သမျှကို စစ်ဆေးရမယ့်အစား စံသတ်မှတ်ချက်တွေအပေါ် ကုမ္ပဏီတွေက သူတို့ကိုယ်သူတို့ အများသိအောင် ပြောသလောက်ပဲ စစ်ဆေးနေကြတယ်။” ဟု သူမက စောဒကတက်သည်။ "ရမှတ် မြင့်တဲ့ ကုမ္ပဏီတွေဆိုတာ မူဝါဒတွေ အရေးအသားကောင်းပြီး ဖြန့်ဝေနိုင်တဲ့ ကုမ္ပဏီတွေပါပဲ။”
အဓိကအားဖြင့် ကုမ္ပဏီများသည် မြေပြင်တွင် မည်ကဲ့သို့ ဖြစ်ပျက်နေသည်ကို သိရှိနိုင်ခြင်း ရှားပါးသည်ဟု သူမက ပြောသည်။ "ဒီလို စနစ်တကျ ချိုးဖောက်မှုတွေကို အမိဖမ်းဖို့ဆိုတာက သတိရှိရှိ အာရုံစိုက်ထားပြီးတော့ နေ့စဉ် ကုန်ပစ္စည်းပေးသွင်းသူတွေ အလုပ်လုပ်ပုံကို ပါဝင်သိရှိနေမှဖြစ်မယ်။” ဟု သူမက ပြောသည်။ ဥပမာအနေဖြင့် တခါတရံတွင် စက်ရုံတစ်ခု၏ ဝန်ထမ်း ၈၀% မှာအလုပ်သမားအေဂျင်စီအဖွဲ့များထံမှ ဝင်ရောက်လာခြင်းဖြစ်ပြီး စက်ရုံစာရင်းစစ်ပင် စစ်ဆေးနိုင်လေ့ မရှိဟု ပြောသည်။
ဖက်ရှင်လုပ်ငန်းများ၏ ကုန်ပစ္စည်းပေးသွင်းမှုလုပ်ငန်းစဉ်များ ရှုပ်ထွေးမှုအရ ကုမ္ပဏီများအနေဖြင့် ဝယ်ယူတင်သွင်းမှုပုံစံအသစ် စဉ်းစားသင့်သည်ဟု သူမက ဆိုသည်။ ၎င်းပုံစံအသစ်သည် စက်ရုံအမှန်တကယ် ပိုင်ဆိုင်သူများက ပေးသွင်းခြင်း သို့မဟုတ် အခွင့်အရေးများ အမှန်တကယ် လိုက်နာကျင့်သုံးသည့် နိုင်ငံများမှ ဝယ်ယူတင်သွင်းခြင်းဖြစ်သင့်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ အချက်အလက်တွေ၊ ပွင့်လင်းမြင်သာမှုတွေ၊ မတူညီတဲ့ အလွှာတွေက အလုပ်သမားအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပိုမို လိုအပ်ပါတယ်။”
WBA ၏ လူမှုပြောင်းလဲရေးအကြီးအကဲ Namit Agarwal က ၎င်းလုပ်ငန်းအတွက် ပွင့်လင်းမြင်သာမှုမှာ ကြီးမားသည့် အခက်အခဲဖြစ်နေသေးကြောင်း ပြောသည်။ ကုမ္ပဏီ ၄၃% ကသာ ၎င်းတို့ကို တိုက်ရိုက် သို့မဟုတ် တဆင့်ခံ တင်သွင်းသူများ၏ အမည်ကို ဖော်ပြသည်ဟု ဆိုသည်။ "ကုမ္ပဏီတွေက သူတို့ရဲ့ ဖော်ထုတ် ကြေညာချက်တွေမှာ ဘယ်လို အဆင့်တွေ အတိအကျ လုပ်ဆောင်တယ်ဆိုတာကို ပြောဖို့ လိုအပ်ပါတယ်။” ဟု ၎င်းက ပြောသည်။
ကော်ပိုရိတ် လူ့အခွင့်အရေးစံနှုန်းနှိုင်းယှဉ်ရေးအဖွဲ့က ကမ္ဘာ့ ထိပ်တန်း ဖက်ရှင်အမှတ်တံဆိပ်များကို နနှိုင်းယှဉ်လေ့လာခဲ့သည်ဟု ၎င်းက ရှင်းပြသည်။ ၎င်းတို့၏ ကုန်ပစ္စည်းတင်သွင်းမှုလုပ်ငန်းစဉ်များကို ဖော်ထုတ်တင်ပြရန် နောက်ဆုံးပေါ်နည်းပညာအသုံးပြုခွင့်ရှိသည့် လုပ်ငန်းများနှင့် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ "သူတို့ရဲ့ ကုန်တင်သွင်းမှုတွေ ဘယ်က လာတယ်ဆိုတာ မသိစရာ အကြောင်း မရှိပါဘူး။” ဟု ၎င်းက ပြောသည်။ "လုပ်ငန်းကြီးတွေက ကုန်ပစ္စည်းပေးသွင်းသူတွေရဲ့ အမည်ကိုတောင် ဖော်ထုတ်မှု မလုပ်ကြဘူးဆိုတဲ့ အချက်က လစ်ဟာချက် အကြီးကြီး တစ်ခုဖြစ်ပုံရတယ်။”
ပူးမားကုမ္ပဏီတစ်ခုသာ CHRB ၏ ရမှတ် ၅၀ အထက် ရရှိခဲ့သည်ဟု ၎င်းက ရှင်းပြသည်။ ၎င်းအချက်က တိုးတက်ပြောင်းလဲရေးကဏ္ဍ ကျယ်ပြန့်ကြီးမားကြောင်း၊ အထူးသဖြင့် အကဲဖြတ်ခဲ့သည့် ကုမ္ပဏီများ၏ ၆၆% မှာ ပြင်းထန်သည့် အတင်းအကျပ်ခိုင်းစေမှု စွပ်စွဲချက်အနည်းဆုံး တစ်ခုရှိနေကြောင်း ပြောသည်။
သို့ရာတွင် WBA ၏ အစီရင်ခံစာက ကုမ္ပဏီများကို ပြောင်းလဲရန် အခွင့်အရေးလည်း ပေးခဲ့သည်။ သုံးသပ်ခံခဲ့ရသည့် ကုမ္ပဏီများကို နှစ်သစ် ဆွေးနွေးပွဲတစ်ခုသို့ ဖိတ်ခေါ်ခဲ့သည်။ ၎င်းဆွေးနွေးပွဲတွင် ၎င်းတို့၏ ကုန်ပစ္စည်းပေးသွင်းမှုလုပ်ငန်းစဉ်များအပေါ် ကြုံတွေ့နေရသည့် ထိန်းသိမ်းကြပ်မတ်ရေး စိန်ခေါ်မှုများ အကြောင်း အကြံဉာဏ်များ မျှဝေနိုင်မည်ဖြစ်သည်။
“အလုပ်ဖြစ်နိုင်မယ်ဆိုတာ သေချာတဲ့ နည်းလမ်းတွေ ရှိတယ်ဆိုရင် တခြားလုပ်ငန်းတွေကလည်း သိသင့်တာပဲ။” Agarwal က ပြောသည်။ "အလုပ်မဖြစ်နိုင်ဘူးဆိုရင်လည်း အခြားလုပ်ငန်းတွေက ဘယ်လိုလုပ်ရမယ်ဆိုတာ တုန့်ပြန်ချက်တွေ ပေးနိုင်တာပေါ့။”
ဒီဇင်ဘာလတွင် Labour Behind the Label က ပါကစ္စတန်မှ အချက်အလက်များနှင့် အခြေအနေများ တိုးတက်စေရေး ဆွေးနွေးရန် ယူကေအမှတ်တံဆိပ် ၆ ခုနှင့် စားပွဲဝိုင်းဆွေးနွေးပွဲတစ်ခု Chatham House တွင် ပြုလုပ်ခဲ့သည်။
“ဒါက ကုန်အမှတ်တံဆိပ်လုပ်ငန်းတွေကို သူ့အတိုင်းပစ်ထားပြီး သူတို့ အများသိအောင် ပြောသမျှကိုသာ စောင့်ကြည့်နေမယ့်အစား ကုန်ပစ္စည်းပေးသွင်းမှုလုပ်ငန်းစဉ်ရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေကို အတူတကွ ဆွေးနွေးပြောဆိုစေဖို့နဲ့ ပြဿနာကို အမှန်တကယ် အထုပ်ဖြေဖို့ ကြိုးစားတာပါ။” ဟု Labour Behind the Label မှ Bryher က ပြောသည်။
“ကျွန်တော်တို့ အချက်အလက်တွေ၊ ပွင့်လင်းမြင်သာမှုတွေ၊ မတူညီတဲ့ အလွှာတွေက အလုပ်သမားအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပိုမို လိုအပ်ပါတယ်။”
ကိုးကား - Reuters
ပုံစာ - နိုဝင်ဘာလ ၁၂ ရက် ၂၀၂၃ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ Mirpur တွင် လုပ်ခတိုးမြှင့်ပေးရေး ဆန္ဒဖော်ထုတ်နေသည့် အထည်ချုပ်လုပ်ငန်းမှ အလုပ်သမားများ။ (Photo: REUTERS/Mohammad Ponir Hossain)
Burma Associated Press
Related Articles
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၁၃ ရက် က
လွန်ခဲ့သော ၁၃ ရက် က